အိမ်ထောင်ရေးဖောက်ပြန်သောသူသည်လည်း ‘မည်သူမျှ ငါ့ကို မမြင်’ဟု တွေးထင်လျက် မျက်နှာကိုဖုံးကာ မှောင်ရီပျိုးချိန်ကို စောင့်မျှော်နေတတ်၏။
သုတ္တံကျမ်း။ 7:7 - မြန်မာ့စံမီသမ္မာကျမ်း အသိဉာဏ်နည်းပါးသောသူများကြားတွင် အသိစိတ်မရှိသောလုလင်တစ်ဦးကို ငါမြင်၍ လူငယ်များအလယ်တွင် သူ့ကိုသတိပြုမိ၏။ Common Language Bible ဥာဏ်တိမ်သော အမျိုးသားချင်းစုကို ငါကြည့်ရှုစဉ်တွင်၊ ဥာဏ်မရှိသော လူပျိုတယောက်သည်၊ Garrad Bible မ လိ မ္မာ သော သ တို့ သား များ အ နက်၊ ဉာဏ် မဲ့ သော လူ ပျို တစ် ယောက် သည်၊ Judson Bible ဉာဏ်တိမ်သော အမျိုးသားချင်းစုကို ငါကြည့်ရှုစဉ်တွင်၊ ဉာဏ်မရှိသော လူပျိုတစ်ယောက်သည်၊ |
အိမ်ထောင်ရေးဖောက်ပြန်သောသူသည်လည်း ‘မည်သူမျှ ငါ့ကို မမြင်’ဟု တွေးထင်လျက် မျက်နှာကိုဖုံးကာ မှောင်ရီပျိုးချိန်ကို စောင့်မျှော်နေတတ်၏။
ကိုယ်တော်၏နှုတ်ကပတ်တော်တို့ကိုဖွင့်ပြခြင်းသည် အလင်းကိုပေး၍ အသိဉာဏ်နည်းပါးသောသူတို့အား အသိဉာဏ်ကိုပေးပါ၏။
ထာဝရဘုရား၏တရားတော်သည် ပြည့်ဝစုံလင်၍ စိတ်ဝိညာဉ်ကိုလန်းဆန်းစေ၏။ ထာဝရဘုရား၏သက်သေခံချက်သည် ယုံကြည်စိတ်ချရ၍ အသိပညာနည်းပါးသောသူတို့ကို ပညာရှိစေ၏။
“အသိဉာဏ်နည်းပါးသောသူတို့သည် အသိဉာဏ်နည်းပါးခြင်းကိုနှစ်သက်လျက်၊ ပြက်ရယ်ပြုတတ်သောသူတို့သည် မိမိတို့၏ပြက်ရယ်ပြုခြင်း၌မွေ့လျော်လျက်၊ မိုက်မဲသောသူတို့သည် အသိပညာကိုမုန်းတီးလျက် မည်မျှကြာအောင်နေကြဦးမည်နည်း။
အကြောင်းမူကား အသိဉာဏ်နည်းပါးသောသူတို့သည် မိမိ၏လမ်းလွဲဖောက်ပြန်မှုကြောင့် သေကြရ၏။ မိုက်မဲသောသူတို့သည်လည်း မိမိကိုယ်မိမိအားရကျေနပ်မှုကြောင့် ပျက်စီးကြရ၏။
အသိဉာဏ်နည်းပါးသောသူတို့အား ဆင်ခြင်ဉာဏ်ကိုပေး၍ လူငယ်တို့အား အသိပညာနှင့်အလိမ္မာဉာဏ်ကို ပေးရန်အတွက်လည်းကောင်း ဖြစ်ကြ၏။
အသိဉာဏ်ရှိသောသူ၏နှုတ်ခမ်းတွင် ဉာဏ်ပညာကိုတွေ့ရ၏။ အသိစိတ်မရှိသောသူ၏ကျောကုန်းအတွက်မူကား ကြိမ်လုံးရှိ၏။
မိမိမြေကိုထွန်ယက်လုပ်ကိုင်သောသူသည် အစားအစာနှင့်ပြည့်စုံကြွယ်ဝလိမ့်မည်။ အချည်းနှီးသောအရာများနောက်သို့ လိုက်သောသူမူကား အသိစိတ်မရှိ။
အသိဉာဏ်နည်းပါးသောသူသည် အရာအားလုံးကိုယုံတတ်၏။ ဆင်ခြင်ဉာဏ်ရှိသောသူမူကား မိမိ၏ခြေလှမ်းကို ဆင်ခြင်သုံးသပ်တတ်၏။
အသိဉာဏ်နည်းပါးသောသူတို့သည် မိုက်မဲမှုကိုအမွေဆက်ခံရကြ၏။ ဆင်ခြင်ဉာဏ်ရှိသောသူတို့မူကား အသိပညာသရဖူကိုဆောင်းရကြ၏။
အသိပညာကင်းမဲ့သောစိတ်ဆန္ဒသည် မကောင်းပေ။ အလျင်စလိုခြေလှမ်းသောသူသည် လွဲချော်တတ်၏။
ပြက်ရယ်ပြုတတ်သောသူကိုရိုက်လော့။ သို့ပြုလျှင် အသိဉာဏ်နည်းပါးသောသူသည် နှိုင်းချင့်မျှော်ခေါ်တတ်လာလိမ့်မည်။ အသိဉာဏ်ရှိသောသူကိုဆုံးမလော့။ သို့ပြုလျှင် သူသည် အသိပညာကိုရရှိလိမ့်မည်။
ဆင်ခြင်ဉာဏ်ရှိသောသူသည် ဘေးအန္တရာယ်ကိုမြင်၍ ပုန်းရှောင်တတ်၏။ အသိပညာနည်းပါးသောသူမူကား ဆက်သွား၍ အပြစ်ဒဏ်ခံရတတ်၏။
ငါသည် ပျင်းရိသောသူ၏လယ်ယာနား၊ အသိစိတ်မရှိသောသူ၏စပျစ်ခြံနားမှ ဖြတ်သွားရာ
ဆင်ခြင်ဉာဏ်ရှိသောသူသည် ဘေးအန္တရာယ်ကိုမြင်၍ ပုန်းရှောင်တတ်၏။ အသိဉာဏ်နည်းပါးသောသူသည် ဆက်သွား၍ အပြစ်ဒဏ်ခံရတတ်၏။
ငါ့သား၊ ငါ၏ဉာဏ်ပညာကို အာရုံစိုက်နားထောင်၍ ငါ၏ထိုးထွင်းဉာဏ်ကိုနားစွင့်လော့။
ငါ့သား၊ သင့်ဖခင်၏ပညတ်ချက်ကို လိုက်နာကျင့်သုံးလော့။ သင့်မိခင်၏သွန်သင်ချက်ကို မပစ်ပယ်နှင့်။
သူတစ်ပါး၏မယားနှင့် အိမ်ထောင်ရေးဖောက်ပြန်သောသူသည် အသိစိတ်မရှိ။ ထိုအမှုကိုပြုသောသူသည် ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးသောသူဖြစ်၏။
အသိဉာဏ်နည်းပါးသောသူတို့၊ ဆင်ခြင်ဉာဏ်ကို ရယူကြလော့။ မိုက်မဲသောသူတို့၊ အသိဉာဏ်ကို ရယူကြလော့။
“အသိဉာဏ်နည်းပါးသောသူမည်သူမဆို ဤနေရာသို့လှည့်လာပါစေ”ဟု ဟစ်ခေါ်၏။ အသိစိတ်မရှိသောသူအားလည်း
“အသိဉာဏ်နည်းပါးသောသူမည်သူမဆို ဤနေရာသို့လှည့်လာပါစေ”ဟု ဟစ်ခေါ်၏။ အသိစိတ်မရှိသောသူအားလည်း
“ငါ့လူမျိုးတော်တို့သည် ဆိုးမိုက်သောသူများဖြစ်ကြ၏။ ငါ့ကိုမသိကြ။ မိုက်မဲသောသားသမီးများဖြစ်ကြ၏။ အသိဉာဏ်မရှိကြ။ ဆိုးညစ်သောအမှုကိုပြုရာ၌ ကျွမ်းကျင်၍ ကောင်းသောအမှုကိုမပြုကြ။”