သုတ္တံကျမ်း။ 19:25 - မြန်မာ့စံမီသမ္မာကျမ်း25 ပြက်ရယ်ပြုတတ်သောသူကိုရိုက်လော့။ သို့ပြုလျှင် အသိဉာဏ်နည်းပါးသောသူသည် နှိုင်းချင့်မျှော်ခေါ်တတ်လာလိမ့်မည်။ အသိဉာဏ်ရှိသောသူကိုဆုံးမလော့။ သို့ပြုလျှင် သူသည် အသိပညာကိုရရှိလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible25 မထီမဲ့မြင်ပြုသောသူကို ရိုက်လျှင် ဥာဏ်တိမ် သောသူသည် သတိရလိမ့်မည်။ ဥာဏ်ကောင်းသော သူကိုဆုံးမလျှင်၊ သူသည် ပညာတရားကို နားလည် လိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible25 မ ထီ လေး စား ပြု သူ့ ကို ရိုက် နှက် မှ သာ လျှင်၊ မ လိ မ္မာ သော သူ သည်၊ လိ မ္မာ လိမ့် မည်။ ဉာဏ် ကောင်း သော သူ့ ကို ဆုံး မ ပဲ့ ပြင် ကာ မျှ နှင့်၊ အ သိ ပ ညာ ကို နား လည် လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible25 မထီမဲ့မြင်ပြုသောသူကိုရိုက်လျှင် ဉာဏ်တိမ်သောသူသည် သတိရလိမ့်မည်။ ဉာဏ်ကောင်းသောသူကို ဆုံးမလျှင်၊ သူသည် ပညာတရားကို နားလည်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ဖြောင့်မတ်သောသူသည် အကျွန်ုပ်ကိုရိုက်ပါစေသော။ ဤသည်ကား မေတ္တာကရုဏာထားရှိခြင်းဖြစ်ပါ၏။ အကျွန်ုပ်ကိုဆုံးမပါစေသော။ ဤသည်ကား ဦးခေါင်းကိုလိမ်းသောဆီဖြစ်ပါ၏။ ထို့အတွက် အကျွန်ုပ်၏ဦးခေါင်းသည် မငြင်းပါ။ အကြောင်းမူကား အကျွန်ုပ်သည် မကောင်းမှုပြုသောသူတို့ကို ဆက်၍ဆန့်ကျင်ဆုတောင်းနေပါမည်။