Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သုတ္တံကျမ်း။ 5:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ငါ့​သား​၊ ငါ​၏​ဉာဏ်ပညာ​ကို အာရုံစိုက်​နားထောင်​၍ ငါ​၏​ထိုးထွင်းဉာဏ်​ကို​နားစွင့်​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1-2 ငါ့သား၊ သင်သည် သမ္မာသတိရှိ၍၊ သင့်၏နှုတ် ခမ်းသည် သိပ္ပံအတတ်ကို စောင့်မည်အကြောင်း၊ ငါ့ပညာ ကိုမှတ်ကျုံး၍၊ ငါပေးသောဥာဏ်သို့ သင့်နားကို လှည့်လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1-2 ငါ့ သား၊ သင် သည် ကြံ စည် သော ဉာဏ် ကို စောင့် ရှောက်၍၊ နှုတ် ခမ်း လည်း အ သိ ပ ညာ ကို စောင့် ထိန်း စေ ရန်၊ ငါ သွန် သင် သော ဉာဏ် ပ ညာ နှင့် ဉာဏ် ပ ဋိ ဘာန် ကို နာ ခံ နာ ယူ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1-2 ငါ့​သား၊ သင်​သည် သ​မ္မာ​သ​တိ​ရှိ၍၊ သင့်၏​နှုတ်​ခမ်း​သည် သိ​ပ္ပံ​အ​တတ်​ကို စောင့်​မည်​အ​ကြောင်း၊ ငါ့​ပ​ညာ​ကို မှတ်​ကျုံး၍၊ ငါ​ပေး​သော​ဉာဏ်​သို့ သင့်​နား​ကို​လှည့်​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




သုတ္တံကျမ်း။ 5:1
16 ပူးပေါင်းရင်းမြစ်များ  

ငါ့​သား​၊ သင်​သည် ငါ့​စကား​တို့​ကို​ခံယူ​၍ ငါ​၏​ပညတ်ချက်​တို့​ကို သင့်​အထဲ​၌​သိုမှီး​ထား​ကာ


သင့်​နား​ကို​စွင့်​၍ ပညာရှိ​တို့​၏​စကား​များ​ကို နားထောင်​လော့​။ သင့်​စိတ်နှလုံး​၌ ငါ​၏​အသိပညာ​ကို သွင်း​ထား​လော့​။


သားသမီး​တို့​၊ ဖခင်​၏​ဆုံးမပဲ့ပြင်​ခြင်း​ကို​နားထောင်​ကြ​လော့​။ အသိဉာဏ်​ကို​ရရှိ​ရန် အာရုံစိုက်​ကြ​လော့​။


ငါ့​သား​၊ ငါ​ပြောဆို​သော​အရာ​တို့​ကို အာရုံစိုက်​နားထောင်​လော့​။ ငါ့​စကား​တို့​ကို နားစွင့်​လော့​။


ငါ့​သား​၊ သင့်​ဖခင်​၏​ပညတ်ချက်​ကို လိုက်နာကျင့်သုံး​လော့​။ သင့်​မိခင်​၏​သွန်သင်ချက်​ကို မ​ပစ်ပယ်​နှင့်​။


အသိဉာဏ်​နည်းပါး​သော​သူ​များ​ကြား​တွင် အသိစိတ်​မ​ရှိ​သော​လုလင်​တစ်​ဦး​ကို ငါ​မြင်​၍ လူငယ်​များ​အလယ်​တွင် သူ့​ကို​သတိပြု​မိ​၏​။


‘ငါ​တို့​တွင် အဖ​အာဗြဟံ​ရှိ​သည်’​ဟူ၍ သင်​တို့​စိတ်​ထဲ၌​ပြောဆို​ရန်​ပင် မ​စဉ်းစား​ကြ​နှင့်။ သင်​တို့​အား ငါ​ဆို​သည်​ကား ဘုရားသခင်​သည် အာဗြဟံ​အတွက်​သားသမီး​များ​ကို ဤ​ကျောက်ခဲ​တို့​ထဲမှ ပေါ်ထွန်း​စေ​နိုင်​သည်။


ကြား​စရာ​နား​ရှိ​သော​သူ​သည် ကြား​ပါစေ”​ဟု မိန့်​တော်မူ​၏။


ငါ​ချစ်​သော​ညီအစ်ကို​တို့၊ ဤ​အချက်​ကို သိမှတ်​ကြ​လော့။ လူ​တိုင်း​သည် ကြားနာ​ခြင်း​အရာ​၌ လျင်မြန်​၍ စကား​ပြော​ခြင်း​နှင့်​အမျက်ထွက်​ခြင်း​အရာ​တို့​၌ နှေးကွေး​ကြ​စေ။


ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။ အောင်မြင်​သော​သူ​အပေါ် ဒုတိယ​သေ​ခြင်း​နှင့်ဆိုင်သော​ဘေးအန္တရာယ်​သည် မည်သည့်​အခါ​မျှ သင့်ရောက်​လိမ့်မည်​မ​ဟုတ်။


ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။ အောင်မြင်​သော​သူ​အား ဝှက်​ထား​သော​မန္န​ကို ငါ​ပေး​မည်။ ဖြူ​သော​ကျောက်​ကို​လည်း ငါ​ပေး​မည်။ ထို​ကျောက်​ပေါ်၌ ၎င်း​ကို​ခံယူ​ရရှိ​သူ​မှတစ်ပါး မည်သူမျှ​မ​သိ​သော နာမည်​အသစ်​ကို​ရေး​ထား​၏။


ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။


ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။ အောင်မြင်​သော​သူ​အား ဘုရားသခင်​၏​ပရဒိသု​ဘုံ​၌​ရှိ​သော အသက်​ပင်​၏​အသီး​ကို ငါ​စား​ခွင့်​ပေး​မည်။


ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။


ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ”​ဟု မိန့်​တော်မူ​၏​။


ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ