သူ့ထံသို့သွားသောသူတစ်စုံတစ်ဦးမျှ ပြန်မလာတော့ပေ။ အသက်ရှင်ခြင်းလမ်းသို့လည်း မရောက်နိုင်တော့ပေ။
သုတ္တံကျမ်း။ 5:11 - မြန်မာ့စံမီသမ္မာကျမ်း နောက်ဆုံး၌ သင်၏အသွေးအသားနှင့် သင်၏ကိုယ်ခန္ဓာသည် ပျက်စီးသောအခါ သင်သည် ညည်းတွားလျက် Common Language Bible နောက်ဆုံး၌ သင့်အသား၊ သင့်ကိုယ်ကာယ ဆွေးမြေ့သောအခါ၊ Garrad Bible အ ဆုံး၌ လည်း၊ အ သွေး အ သား ကုန် ခန်း သော အ ခါ၊ Judson Bible နောက်ဆုံး၌ သင့်အသား၊ သင့်ကိုယ်ကာယဆွေးမြေ့သောအခါ၊ |
သူ့ထံသို့သွားသောသူတစ်စုံတစ်ဦးမျှ ပြန်မလာတော့ပေ။ အသက်ရှင်ခြင်းလမ်းသို့လည်း မရောက်နိုင်တော့ပေ။
သူစိမ်းတို့သည် သင်၏စည်းစိမ်များနှင့် ပြည့်စုံကြွယ်ဝကြ၍ သင်ခက်ခဲပင်ပန်းစွာရှာထားသောအရာတို့သည် တစ်ပါးအမျိုးသား၏အိမ်သို့ ရောက်လိမ့်မည်။
“ငါသည် ဆုံးမပဲ့ပြင်ခြင်းကိုမုန်း၍ ငါ၏စိတ်နှလုံးသည် ဆိုဆုံးမစကားကို မထီလေးစားပြုခဲ့၏။
ငှက်သည် ကျော့ကွင်းထဲသို့ အလျင်အမြန်ဝင်သွားသကဲ့သို့လည်းကောင်း သူသည် ထိုမိန်းမနောက်သို့ ချက်ချင်းလိုက်သွားလေ၏။ ထိုအမှုသည် သူ့အသက်ကိုဆုံးရှုံးစေနိုင်ကြောင်းကို သူမသိပေ။
ပရောဖက်တို့သည် မဟုတ်မမှန်ပရောဖက်ပြုကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း မိမိတို့သဘောအတိုင်း အုပ်ချုပ်ကြ၏။ ထိုသို့သောအမှုအရာတို့ကို ငါ့လူမျိုးတော်သည် နှစ်သက်ကြ၏။ အဆုံး၌ သင်တို့ မည်သို့ပြုကြမည်နည်း။
ထိုမိန်းမသည် လင်ယောက်ျားအပေါ် ဖောက်ပြန်၍ မိမိကိုယ်မိမိညစ်ညူးစေခဲ့လျှင် သူ့အား ထိုရေကိုတိုက်သောအခါ ကျိန်ဆဲခြင်းကိုဖြစ်စေသောရေသည် သူ့အထဲသို့ဝင်၍ ခါးသီးခြင်းကို ဖြစ်စေသဖြင့် သူ၏ဝမ်းသည် ဖောရောင်လာပြီး ပေါင်သည် ချည့်နဲ့သွားလိမ့်မည်။ ထိုမိန်းမသည် မိမိလူမျိုးအလယ်၌ ကျိန်ခြင်းခံရသောသူဖြစ်လိမ့်မည်။
ထိုစဉ်က ယခု သင်တို့ရှက်ကြောက်လျက်ရှိသောအရာတို့မှ မည်သည့်အကျိုးကျေးဇူးကို ရရှိခဲ့ကြသနည်း။ ထိုအရာတို့၏ရလဒ်သည် သေခြင်းဖြစ်၏။
သူတို့သည် ဉာဏ်ပညာရှိလျှင် ဤအမှုကိုနားလည်ကြလိမ့်မည်။ သူတို့၏နိဂုံးကိုဆင်ခြင်မိကြလိမ့်မည်။
မင်္ဂလာဆောင်ခြင်းအမှုကို လူတိုင်းလေးစားမြတ်နိုးရမည်။ ထိမ်းမြားခြင်းအိပ်ရာကိုလည်း ညစ်ညူးခြင်းမရှိစေရ။ အကြောင်းမူကား တရားနှင့်မညီမေထုန်ပြုသူနှင့် အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူတို့ကို ဘုရားသခင်စီရင်တော်မူလိမ့်မည်။
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။
အပြင်၌ကား ခွေးများ၊ ပြုစားသောသူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ လူသတ်သူများ၊ ရုပ်တုကိုးကွယ်သူများနှင့် မုသားကိုနှစ်သက်၍ ကျင့်သုံးသောသူအပေါင်းတို့ရှိကြ၏။