Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

သုတ္တံကျမ်း။ 5 - Garrad Bible

1-2 ငါ့ သား၊ သင် သည် ကြံ စည် သော ဉာဏ် ကို စောင့် ရှောက်၍၊ နှုတ် ခမ်း လည်း အ သိ ပ ညာ ကို စောင့် ထိန်း စေ ရန်၊ ငါ သွန် သင် သော ဉာဏ် ပ ညာ နှင့် ဉာဏ် ပ ဋိ ဘာန် ကို နာ ခံ နာ ယူ လော့။

3 မိန်း မ ပေါ့၏ နှုတ် ခမ်း မှ ပျား ရည် ယို၍၊ လျှာ သည် ဆီ ထက် ချွဲ သော် လည်း၊

4 အ ဆုံး၌ ကား၊ အ ကျော် ကဲ့ သို့ ခါး၍၊ သန် လျက် နှင့် အ မျှ ထက်၏။

5-6 အ သက် လမ်း သို့ သင် ညီ ညွတ် စွာ မ လိုက် စေ ရန်၊ သူ့ ခြေ များ သည် သေ ခြင်း သို့ ဆင်း သွား လျက်၊ ခြေ လှမ်း များ လည်း မ ရ ဏာ့ နိုင် ငံ တိုင် ဆိုက် ကပ်၍၊ ကိုယ့် အ လေ့ အ လာ များ တိမ်း ယိမ်း ကြောင်း ကို လည်း မ သိ ချေ။

7 သို့ ဖြစ်၍ ငါ့ သား၊ ငါ နှုတ် မြွက် သော စ ကား ကို၊ မ စွန့် မ ပယ် ဘဲ နာ ခံ လျက်၊

8 သင်၏ လမ်း သည် ထို သို့ သော မိန်း မ နှင့် ဝေး ကွာ စေ သ ဖြင့်၊ အိမ် တံ ခါး ဝ သို့ ပင် မ ချဉ်း မ ကပ် နှင့်။

9 သို့ မ ဟုတ် လျှင်၊ သင့် အင် အား ကို သူ တစ် ပါး သို့လည်း‌ ကောင်း၊ သင့် အ သက် ကို ရက် စက် သူ တို့ သို့ လည်း‌ ကောင်း၊ အပ် နှင်း သ ဖြင့်၊

10 သူ စိမ်း တို့ သည်​သင့် စည်း စိမ် နှင့် ပြည့် ဝ၍၊ သူ တစ် ထူး တို့၏ အိမ် သို့ သင့် ချွေး နဲ စာ ရောက် လိမ့် မည်။

11 အ ဆုံး၌ လည်း၊ အ သွေး အ သား ကုန် ခန်း သော အ ခါ၊

12 သင် က၊ ငါ သည် ဆုံး မ ခြင်း ကို မုန်း ထား၍၊ ပဲ့ ပြင် ခြင်း ကို လည်း စိတ်၌ မ ထီ မဲ့ မြင် ပြု ခဲ့ မိ လေ ပြီ။

13 ဆ ရာ တို့ ကို နား မ ထောင်၊ ပဲ့ ပြင် သူ တို့၏ စ ကား ကို လည်း မ နာ မ ယူ ဘဲ နေ ခဲ့ မိ လေ ပြီ။

14 အ သင်း အ ပင်း အ လယ် တွင် ခပ် သိမ်း သော ဒု စ ရိုက် သို့ ငါ မ ပါ မ ဝင် သည် မှာ၊ နည်း လေ စွ တ ကား ဟု မြည် တမ်း လျက် ဝန် ခံ ရ လိမ့် မည်။

15 ကိုယ့် တွင်း မှ ရေ ကိုလည်း‌ ကောင်း၊ ကိုယ့် စမ်း မှ စီး ရာ ရေ ကို လည်း‌ ကောင်း၊ သောက် လော့။

16 သင့် စမ်း ရေ သည် အ ရပ် ရပ် သို့ လည်း‌ ကောင်း၊ မြစ် များ သည် လည်း လမ်း များ သို့ လည်း‌ ကောင်း၊ ပျံ့ နှံ့ စီး သွား အပ် သ လော။

17 သင် မှ တစ် ပါး၊ အ ခြား သူ တို့ အ ဖို့ မ ဟုတ်။ သင့် အ ဖို့ သာ ဖြစ် ပါ လေ စေ။

18 သင့် စမ်း ရေ တွင်း၌ မင်္ဂ လာ ရှိ စေ၍၊ ငယ် ပေါင်း ကြီး ဖော် နှင့် အ တူ ပျော် မွေ့ လော့။

19 စုံ မက် သော သ မင် မ၊ တင့် တယ် သော ဒ ရယ် မ သ ဖွယ်၊ သင့် ခင် ပွန်း၏ သား မြတ် အား ဖြင့် အ ခါ ခပ် သိမ်း အား ရ၍။ သူ့ ကို ချစ် ခင် ပျော် ပိုက် လျက် အ စဉ် နေ လော့။

20 ငါ့ သား၊ မိန်း မ ပေါ့ နှင့် အ ဘယ့် ကြောင့် ပျော် ပိုက် မည် နည်း။ မိန်း မ ရွှင့် ရင် ကို အ ဘယ့် ကြောက် ဖက် ယမ်း မည် နည်း။

21 လူ့ အ လေ့ အ လာ များ ကို ထာ ဝ ရ ဘု ရား သည် မျက် မှောက် ပြု တော် မူ လျက်၊ သွား ရာ လမ်း များ ကို လည်း စူး စမ်း တော် မူ၏။

22 လူ ဆိုး ပြု သော ဒု စ ရိုက် သည်၊ ကိုယ် ကို ဖမ်း မိ၍၊ အ ပြစ် နှောင် ကြိုး များ လည်း ရစ် ပတ် လိမ့် မည်။

23 သူ သည် ကြီး စွာ မိုက် မဲ သော ကြောင့် လွန် ကျူး၍၊ ဆုံး မ ခြင်း နှင့် ကင်း သည့် အ တွက် သေ ဆုံး ရ လိမ့် မည်။

Garrad Holy Bible © Bible Society of Myanmar, 1928.

Bible Society of Myanmar
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ