တောလည် 5:27 - မြန်မာ့စံမီသမ္မာကျမ်း
27 ထိုမိန်းမသည် လင်ယောက်ျားအပေါ် ဖောက်ပြန်၍ မိမိကိုယ်မိမိညစ်ညူးစေခဲ့လျှင် သူ့အား ထိုရေကိုတိုက်သောအခါ ကျိန်ဆဲခြင်းကိုဖြစ်စေသောရေသည် သူ့အထဲသို့ဝင်၍ ခါးသီးခြင်းကို ဖြစ်စေသဖြင့် သူ၏ဝမ်းသည် ဖောရောင်လာပြီး ပေါင်သည် ချည့်နဲ့သွားလိမ့်မည်။ ထိုမိန်းမသည် မိမိလူမျိုးအလယ်၌ ကျိန်ခြင်းခံရသောသူဖြစ်လိမ့်မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
27 အမျိုးသမီးသည်အခြားယောကျာ်းနှင့်ဖောက် ပြန်ကူးလွန်ခဲ့လျှင် သူသည်ဝေဒနာပြင်းပြ စွာခံရ၍ သူ၏ဝမ်းဗိုက်သည်ဖောင်းပွလာလျက် သူ၏မိန်းမအင်္ဂါသည်လည်းခြောက်ကပ်လာလိမ့် မည်။ သူသည်မိမိလူမျိုးအတွက်အမင်္ဂလာ ဖြစ်လိမ့်မည်။-
အခန်းကိုကြည့်ပါ။ ကော်ပီ
27 မိန်း မ သည် လင့် ဝတ် ကို ဖောက် ကျော်၍ ရှုတ် ချ ခံ သည် မှန် လျှင် သောက် ပြီး အ မင်္ဂ လာ ဖြစ် စေ သော ထို ရေ ဝင်၍ နစ် နာ စေ သ ဖြင့် ဝမ်း ဖော ခြင်း၊ ပေါင် သိမ် ခြင်း ခံ ရ သည့် အ လျောက် ဆွေ မျိုး သား ချင်း တို့ ဘောင် တွင် ကျိန် ဆဲ ရာ ရောက် လိမ့် မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
27 ထိုမိန်းမသည် လင်ကိုပြစ်မှား၍ ညစ်ညူးခြင်းရှိလျှင် ကျိန်ခြင်းဘေးဖြစ်စေသောရေကို သောက်ပြီးမှ သူ့အထဲ၌ ရေဝင်၍ခါးသဖြင့် ဝမ်းရောင်ခြင်း၊ ပေါင်ပိန်ခြင်းသို့ရောက်၍ ထိုမိန်းမသည် မိမိအမျိုး၌ ကျိန်အပ်သောသူဖြစ်လိမ့်မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ