ဉာဏ်ပညာကိုချစ်သောသူသည် မိမိ၏ဖခင်ကိုဝမ်းမြောက်စေ၏။ ပြည့်တန်ဆာတို့နှင့်ပေါင်းဖော်သောသူမူကား စည်းစိမ်ဥစ္စာကိုဆုံးရှုံးစေ၏။
သုတ္တံကျမ်း။ 5:10 - မြန်မာ့စံမီသမ္မာကျမ်း သူစိမ်းတို့သည် သင်၏စည်းစိမ်များနှင့် ပြည့်စုံကြွယ်ဝကြ၍ သင်ခက်ခဲပင်ပန်းစွာရှာထားသောအရာတို့သည် တစ်ပါးအမျိုးသား၏အိမ်သို့ ရောက်လိမ့်မည်။ Common Language Bible တပါးအမျိုးသားတို့သည် သင်၏စည်းစိမ်နှင့် ပြည့်ဝကြလိမ့်မည်။ သင်လုပ်၍ ရသောဥစ္စာသည် တပါး အမျိုးသားအိမ်သို့ ရောက်လိမ့်မည်။ Garrad Bible သူ စိမ်း တို့ သည်သင့် စည်း စိမ် နှင့် ပြည့် ဝ၍၊ သူ တစ် ထူး တို့၏ အိမ် သို့ သင့် ချွေး နဲ စာ ရောက် လိမ့် မည်။ Judson Bible တစ်ပါးအမျိုးသားတို့သည် သင်၏စည်းစိမ်နှင့် ပြည့်ဝကြလိမ့်မည်။ သင်လုပ်၍ ရသောဥစ္စာသည် တစ်ပါးအမျိုးသားအိမ်သို့ ရောက်လိမ့်မည်။ |
ဉာဏ်ပညာကိုချစ်သောသူသည် မိမိ၏ဖခင်ကိုဝမ်းမြောက်စေ၏။ ပြည့်တန်ဆာတို့နှင့်ပေါင်းဖော်သောသူမူကား စည်းစိမ်ဥစ္စာကိုဆုံးရှုံးစေ၏။
သင်၏ခွန်အားကို မိန်းမတို့အားလည်းကောင်း၊ သင်၏အားမာန်တို့ကို ရှင်ဘုရင်တို့ကိုဖျက်ဆီးတတ်သောသူတို့အားလည်းကောင်း မပေးနှင့်။
နောက်ဆုံး၌ သင်၏အသွေးအသားနှင့် သင်၏ကိုယ်ခန္ဓာသည် ပျက်စီးသောအခါ သင်သည် ညည်းတွားလျက်
သို့မဟုတ်လျှင် သင်သည် သင်၏ဂုဏ်သိက္ခာကို သူတစ်ပါးတို့အားလည်းကောင်း၊ သင်၏နှစ်ကာလများကို ရက်စက်သောသူအားလည်းကောင်း ပေးအပ်ရလိမ့်မည်။
အကြောင်းမူကား ပြည့်တန်ဆာမတစ်ယောက်ကို မုန့်တစ်လုံးဖြင့်ရနိုင်၏။ လင်ရှိမယားမူကား အဖိုးတန်သောအသက်ကို လိုက်ဖမ်းတတ်၏။
မည်သည့်လျော်ကြေးကိုမျှ လက်ခံလိမ့်မည်မဟုတ်။ များစွာသောတံစိုးလက်ဆောင်ကိုလည်း အလိုရှိလိမ့်မည်မဟုတ်။
တစ်ပါးအမျိုးသားတို့သည် သူ့အင်အားကို ဝါးမျိုနေကြောင်း သူမသိ။ သူ့ခေါင်း၌ ဆံပင်ဖြူများ ပြန့်ကြဲနေကြောင်းကိုလည်း သူမသိ။
သို့ရာတွင် အဖေ၏ဥစ္စာပစ္စည်းများကို ပြည့်တန်ဆာများနှင့်ဖြုန်းတီးခဲ့သည့် အဖေ၏ဤသားပြန်လာသောအခါ၌မူ သူ့အတွက် ဆူဖြိုးသောနွားသငယ်ကို သတ်ပေးသည်တကား’ဟု ဆို၏။