ငါ၏ဖခင်သည် ငါ့ကိုသွန်သင်လျက် မြွက်ဆိုသည်မှာ “ငါ့စကားတို့ကို သင်၏စိတ်နှလုံးထဲ၌ စွဲမှတ်ထားလော့။ ငါ၏ပညတ်ချက်တို့ကိုစောင့်ထိန်း၍ အသက်ရှင်လော့။
ငါ့အဘသွန်သင်၍မြွက်ဆိုလေသည်ကား၊ ငါ့စကားကို သင်၏နှလုံး၌ သွင်းမိ၍၊ ငါ့ပညတ်တို့ကို ကျင့်စောင့်သဖြင့် အသက်ရှင်လော့။
ငါ့ အား၊ အ ဘ သွန် သင် မြွက် ဆို သည် မှာ၊ ငါ့ စ ကား ကို နှ လုံး ပိုက် ပ ညတ် များ ကို လည်း စောင့် ရှောက် သ ဖြင့်၊ အ သက် ချမ်း သာ ရ လိမ့် မည်။
ငါ့အဘသွန်သင်၍ မြွက်ဆိုလေသည်ကား၊ ငါ့စကားကို သင်၏နှလုံး၌သွင်းမိ၍၊ ငါ့ပညတ်တို့ကို ကျင့်စောင့်သဖြင့် အသက်ရှင်လော့။
အကြောင်းမူကား အာဗြဟံသည် သူ၏သားသမီးတို့နှင့် နောင်လာမည့်သူ၏အမျိုးအနွယ်တို့အား ဖြောင့်မတ်သောအမှု၊ တရားမျှတသောအမှုကိုပြုကျင့်၍ ထာဝရဘုရား၏လမ်းတော်ကိုစောင့်ထိန်းကြစေရန် မှာကြားခြင်းအားဖြင့် သူ့အားထာဝရဘုရားမိန့်တော်မူခဲ့သောအရာကို သူ၌ပြည့်စုံစေမည့်အကြောင်း သူ့ကို ငါရွေးကောက်ထားပြီ”ဟု မိန့်တော်မူ၏။
ငါ့သားရှောလမုန်၊ သင့်ခမည်းတော်ကိုးကွယ်သောဘုရားသခင်နှင့် သိကျွမ်းအောင်ပြုလော့။ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဆန္ဒရှိသမျှနှင့် အစေခံလော့။ ထာဝရဘုရားသည် စိတ်နှလုံးရှိသမျှကို စစ်ဆေး၍ တွေးတောကြံစည်သမျှတို့ကို သိနားလည်တော်မူ၏။ သင်သည် ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပယ်လျှင်မူကား သင်လည်း ထာဝစဉ်အစွန့်ပယ်ခံရမည်။
ကိုယ်တော်ကိုမပြစ်မှားမိစေရန် ကိုယ်တော်၏မိန့်တော်မူချက်ကို အကျွန်ုပ်၏စိတ်နှလုံးထဲ၌ သိုမှီးထားပါပြီ။
ကိုယ်တော်၏သက်သေခံချက်တို့သည် အစဉ်အမြဲဖြောင့်မတ်ကြပါ၏။ အကျွန်ုပ်အသက်ရှင်နိုင်ရန် အကျွန်ုပ်အား အသိဉာဏ်ပေးတော်မူပါ။
အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသတို့နှင့် သက်သေခံချက်တို့ကို စောင့်ထိန်းပါ၏။ အကြောင်းမူကား အကျွန်ုပ်၏လမ်းခရီးရှိသမျှတို့သည် ကိုယ်တော့်ရှေ့၌ရှိကြပါ၏။
ကလေးသူငယ်ကိုသွန်သင်၍ သူသွားရမည့်လမ်းသို့ဦးတည့်ပေးလော့။ သို့ပြုလျှင် သူသည်အသက်ကြီးသောအခါ ထိုလမ်းမှမဖယ်ခွာဘဲနေလိမ့်မည်။
ငါ့သား၊ သင်၏စိတ်နှလုံးကို ငါ့အားပေးလော့။ သင်၏မျက်စိသည်လည်း ငါ၏လမ်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ပါစေ။
ငါ့သား၊ ငါ၏သွန်သင်ချက်ကို မမေ့လျော့နှင့်။ ငါ၏ပညတ်ချက်တို့ကိုလည်း သင်၏စိတ်နှလုံးသည် ထိန်းသိမ်းစောင့်ရှောက်ပါစေ။
အကြောင်းမူကား ၎င်းတို့သည် အသက်ရှည်ခြင်း၊ အသက်တာ၏နှစ်ကာလနှင့် ငြိမ်းချမ်းမှုကို သင်၌ ထပ်ဖြည့်ပေးလိမ့်မည်။
ငါ၏ပညတ်ချက်တို့ကိုစောင့်ထိန်း၍ အသက်ရှင်လော့။ ငါ၏သွန်သင်ချက်ကို သင်၏မျက်စိသူငယ်အိမ်ကဲ့သို့ စောင့်ထိန်းလော့။
ငါ့စကားကို နားထောင်ကြလော့။ ငါ့ထံသို့လာကြလော့။ သင်တို့၏စိတ်ဝိညာဉ် အသက်ရှင်မည့်အကြောင်း နားထောင်ကြလော့။ ဒါဝိဒ်အပေါ်ထားရှိသော မြဲမြံသည့်မေတ္တာကရုဏာနှင့်အညီ ထာဝရပဋိညာဉ်ကို သင်တို့နှင့်ငါပြုမည်။
ယေရမိကလည်း “မင်းကြီးကို သူတို့လက်သို့ အပ်နှံကြမည်မဟုတ်။ အကျွန်ုပ်ဆင့်ဆိုသော ထာဝရဘုရား၏စကားတော်ကို နားထောင်ပါလော့။ သို့ပြုလျှင် မင်းကြီးအသက်ချမ်းသာရာရ၍ ကောင်းစားလိမ့်မည်။
ခမည်းတော်၏အမိန့်တော်သည် ထာဝရအသက်ဖြစ်ကြောင်းကိုငါသိ၏။ ထို့ကြောင့် ငါဟောပြောသောအရာတို့ကို ခမည်းတော်က ငါ့အားမိန့်တော်မူသည့်အတိုင်း ငါဟောပြော၏”ဟု ကြွေးကြော်တော်မူ၏။
ဖခင်တို့၊ သင်တို့၏သားသမီးများကို မခံမရပ်နိုင်ဖြစ်အောင် မပြုကြနှင့်။ သခင်ဘုရား၏ဆုံးမပဲ့ပြင်ခြင်းနှင့်သတိပေးခြင်းတို့အတိုင်း သူတို့ကို ပြုစုပျိုးထောင်ကြလော့။
သင်တို့သတိပြုကြလော့။ သင်တို့မျက်စိဖြင့်တွေ့မြင်ခဲ့ရသောအမှုအရာများကို သင်တို့မမေ့လျော့စေရန်နှင့် သင်တို့အသက်ရှင်သမျှကာလပတ်လုံး သင်တို့စိတ်နှလုံးလမ်းမလွဲစေရန် သင်တို့၏စိတ်ကိုအထူးစောင့်ထိန်းလော့။ သင်တို့၏သားမြေးတို့ကိုလည်း ပြောပြကြလော့။
ယနေ့ သင့်အား ငါမိန့်မှာသော ဤနှုတ်ကပတ်တော်တို့ကို နှလုံးသွင်းရမည်။
သင်၌ရှိသည့် ဟန်ဆောင်မှုကင်းသောယုံကြည်ခြင်းကိုလည်း ငါသတိရ၏။ ထိုယုံကြည်ခြင်းသည် သင်၏အဖွားလောဣနှင့် သင်၏မိခင်ဥနိတ်တို့၌ ဦးစွာတည်ရှိ၍ ယခု သင်၌လည်း တည်ရှိသည်ဟု ငါယုံကြည်စိတ်ချ၏။
ခရစ်တော်ယေရှုကိုယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ရောက်စေသည့်ဉာဏ်ပညာကို သင့်အားပေးနိုင်သောသမ္မာကျမ်းစာနှင့် သင်သည်ငယ်ရွယ်စဉ်ကပင် ရင်းနှီးကျွမ်းဝင်ခဲ့သည်ကိုလည်းကောင်း သင်သိ၏။
စုံလင်ခြင်းသို့ရောက်ပြီးလျှင် မိမိကိုနာခံသောသူအပေါင်းတို့အား ထာဝရကယ်တင်ခြင်းကိုပေးသောအရှင်ဖြစ်လာ၍
မာနော်ကလည်း “သင်ပြောသည့်အတိုင်း ဖြစ်လာသောအခါ သူငယ်သည် မည်သို့ပြုမူနေထိုင်ရမည်နည်း၊ မည်သည့်အလုပ်ကို လုပ်ရမည်နည်း”ဟု မေးလျှောက်၏။