ဒုစရိုက်ပြုသောသူတို့၏အစွယ်ကို ချိုးပြီး သူ့သွားမှ သားကောင်ကို ကယ်နုတ်ပေးခဲ့၏။
သုတ္တံကျမ်း။ 30:14 - မြန်မာ့စံမီသမ္မာကျမ်း အဖိနှိပ်ခံရသောသူတို့ကို မြေကြီးပေါ်မှလည်းကောင်း၊ နွမ်းပါးသောသူတို့ကို လူထုထဲမှလည်းကောင်း ဝါးမျိုပစ်ရန် သန်လျက်ကဲ့သို့သောသွားနှင့် ဓားကဲ့သို့သောအစွယ်ရှိသောသူများရှိ၏။ Common Language Bible ဆင်းရဲသောသူတို့ကို မြေကြီးပေါ်က၎င်း၊ ငတ်မွတ်သောသူတို့ကို လူစုထဲက၎င်း၊ ကိုက်စားပယ်ရှင်း စရာဘို့ သန်လျက်နှင့်တူသောသွား၊ ထားနှင့်တူသော အံနှင့် ပြည့်စုံသော လူတမျိုးရှိ၏။ Garrad Bible ဆင်း ရဲ သူ တို့ ကို မြေ ကြီး ပေါ် မှာလည်း ကောင်း၊ နွမ်း ပါး သူ တို့ ကို လူ့ ဘောင် မှလည်း ကောင်း၊ မျို စား ပယ် ရှား စေ ရန်၊ သွား အ စား သန် လျက်၊ အံ အ စား ထား ပါ သော လူ မျိုး တစ် ဆက်၊ ဤ လေး မျိုး ရှိ ကြ၏။ Judson Bible ဆင်းရဲသောသူတို့ကို မြေကြီးပေါ်ကလည်းကောင်း၊ ငတ်မွတ်သောသူတို့ကို လူစုထဲကလည်းကောင်း၊ ကိုက်စားပယ်ရှင်းစရာဖို့ သန်လျက်နှင့်တူသော သွား၊ ဓားနှင့်တူသော အံနှင့် ပြည့်စုံသော လူတစ်မျိုးရှိ၏။ |
ဒုစရိုက်ပြုသောသူတို့၏အစွယ်ကို ချိုးပြီး သူ့သွားမှ သားကောင်ကို ကယ်နုတ်ပေးခဲ့၏။
သူ့ခံတွင်းတံခါးကို မည်သူဖွင့်ဝံ့သနည်း။ ခံတွင်းထဲရှိသွားတန်းသည်လည်း ကြောက်မက်ဖွယ်ကောင်းလှ၏။
ထာဝရဘုရားက “အဖိနှိပ်ခံရသောသူတို့ကြုံရသည့်ညှဉ်းဆဲခြင်းနှင့် နွမ်းပါးသောသူတို့၏ညည်းတွားခြင်းကြောင့် ယခုပင် ငါထမည်။ သူတို့တမ်းတသောလုံခြုံရာအရပ်၌ သူတို့ကိုငါထားမည်”ဟု မိန့်တော်မူ၏။
သူတို့၏သွားအတွက် သားကောင်အဖြစ် ငါတို့ကိုအပ်တော်မမူသော ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။
အပြစ်ဒုစရိုက်ပြုသောသူအပေါင်းတို့သည် ဘာမျှမသိကြသလော။ သူတို့သည် မုန့်စားသကဲ့သို့ ငါ၏လူမျိုးကိုဝါးမျိုကြ၏။ ထာဝရဘုရားကိုလည်း ခေါ်ဆိုပတ္ထနာပြုခြင်းမရှိ။
အို ထာဝရဘုရား၊ ထတော်မူပါ။ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကိုကယ်တင်တော်မူပါ။ အကယ်စင်စစ် ကိုယ်တော်သည် အကျွန်ုပ်ရန်သူရှိသမျှတို့၏ပါးကိုရိုက်၍ ဆိုးယုတ်သောသူတို့၏သွားကို ချိုးတော်မူ၏။
အို လိမ်လည်ကောက်ကျစ်မှုကိုပြုသောသူ၊ သင်၏လျှာသည် ထက်သောသင်တုန်းဓားကဲ့သို့ ပျက်စီးခြင်းဘေးများကို ကြံစည်တတ်၏။
ငါ၏စိတ်ဝိညာဉ်သည် ခြင်္သေ့တို့အလယ်၌ရှိ၏။ အငမ်းမရဝါးမျိုတတ်သည့် လူသားတို့အလယ်၌ ငါလဲလျောင်းနေ၏။ သူတို့၏သွားသည် လှံနှင့်မြားကဲ့သို့ဖြစ်၏။ သူတို့၏လျှာသည်လည်း ထက်သောဓားကဲ့သို့ဖြစ်၏။
အို ဘုရားသခင်၊ ကိုယ်တော်သည် ကောင်းကင်အထက်၌ချီးမြှောက်ခြင်းရှိပါစေသော။ ကိုယ်တော်၏ဘုန်းအသရေတော်သည် ကမ္ဘာမြေတစ်ခွင်လုံးကို လွှမ်းမိုးပါစေသော။
အို ဘုရားသခင်၊ သူတို့ပါးစပ်ထဲမှ သူတို့၏သွားကို ချိုးပစ်တော်မူပါ။ အို ထာဝရဘုရား၊ ခြင်္သေ့ပျိုတို့၏အစွယ်များကို ချိုးတော်မူပါ။
ဓားနှင့်ထိုးသကဲ့သို့ မဆင်မခြင်ပြောဆိုတတ်သောသူရှိ၏။ ပညာရှိသောသူတို့၏စကားမူကား ဒဏ်ရာဒဏ်ချက်ကို ပျောက်ကင်းစေတတ်၏။
မိမိဥစ္စာတိုးပွားစေရန် ဆင်းရဲသောသူကိုနှိပ်စက်သောသူ၊ သို့မဟုတ် ချမ်းသာသောသူကို ပေးကမ်းသောသူသည် အမှန်ပင် ချို့တဲ့နွမ်းပါးခြင်းသို့ရောက်လိမ့်မည်။
ဆင်းရဲသောသူတို့ကိုနှိပ်စက်သော ဆင်းရဲသားသည် မည်သည့်အစားအစာမျှမကျန်အောင် တိုက်ချသွားသောမိုးရေနှင့်တူ၏။
မျှော့၌ “ပေးပါ၊ ပေးပါ”ဟု ဆိုသောသမီးနှစ်ယောက်ရှိ၏။ အလိုမပြည့်စုံနိုင်သောအရာသုံးပါးမက “တော်ပါပြီ”ဟု မဆိုတတ်သောအရာလေးပါးမှာ
တစ်ဖန် နေအောက်တွင်ပြုသောနှိပ်စက်မှုရှိသမျှတို့ကို ငါပြန်၍တွေ့မြင်၏။ ကြည့်ရှုလော့။ နှိပ်စက်ခံရသောသူတို့သည် မျက်ရည်ကျသော်လည်း သူတို့ကိုနှစ်သိမ့်ပေးမည့်သူမရှိ။ သူတို့ကိုနှိပ်စက်သောသူတို့၏လက်တွင် တန်ခိုးအာဏာရှိသဖြင့် သူတို့ကို နှစ်သိမ့်ပေးမည့်သူမရှိ။
ထာဝရဘုရားသည် မိမိလူမျိုးတော်၏သက်ကြီးဝါကြီးများ၊ အကြီးအကဲများကို တရားစီရင်ရန် ကြွလာတော်မူမည်။ “သင်တို့သည် စပျစ်ခြံကို ဝါးမျိုဖျက်ဆီးကြပြီ။ ဆင်းရဲသားတို့၏ပစ္စည်းကို လုယူ၍ သင်တို့အိမ်၌ သိမ်းထားကြပြီ။
သင်တို့သည် မည်သည့်အကြောင်းကြောင့် ငါ၏လူမျိုးတော်ကို ချိုးဖဲ့ခြေမွှ၍ ဆင်းရဲသားတို့၏မျက်နှာကို ကြိတ်ကြရသနည်း”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
လူလိမ်လူကောက်၏လက်နက်ကား မကောင်းမှုဖြစ်၏။ ဆင်းရဲသားပြောသောစကား မှန်ကန်ခဲ့လျှင်ပင် ဆင်းရဲသားတို့ကို မုသားစကားဖြင့် ဖျက်ဆီးရန် ဆိုးညစ်သောအမှုကို ကြံစည်တတ်၏။
ကြည့်ရှုလော့။ အာဏာသုံးပြီး လူသတ်သော အစ္စရေးခေါင်းဆောင်များ သင့်တွင်ရှိ၏။
သင်တို့သည် သိုးဆီကိုစားပြီး သိုးမွေးကိုဝတ်ကြ၏။ ဆူဖြိုးသောအကောင်ကိုလည်း သတ်စားကြ၏။ သို့သော် သိုးတို့ကိုမူ မကျွေးမွေးကြ။
ဆင်းရဲသားတို့၏ခေါင်းကို မြေမှုန့်၌နင်းချေပြီး စိတ်နှိမ့်ချသောသူတို့ လျှောက်သောလမ်းကို ကာဆီးကြပြီ။ သားအဖနှစ်ယောက်က မိန်းမတစ်ယောက်တည်းနှင့်ပေါင်းဖော်ပြီး သန့်ရှင်းသောငါ့နာမကို ညစ်ညူးစေလေပြီ။
ဆင်းရဲသားတို့ကိုနှိပ်စက်ပြီး နွမ်းပါးသူတို့ကိုညှဉ်းဆဲကာ မိမိသခင်တို့ကိုပင် “ငါတို့အတွက် သောက်စရာယူခဲ့ပါ”ဟု ဆိုတတ်သော ရှမာရိတောင်ပေါ်မှ ဗာရှန်နွားမတို့၊ ဤစကားကို နားထောင်ကြလော့။
နွမ်းပါးသူတို့ကို နိုင်ထက်စီးနင်းပြုပြီး တိုင်းပြည်ရှိဆင်းရဲသားတို့ကို ဖယ်ရှားပစ်သောသူတို့၊ နားထောင်ကြလော့။
အဖိနှိပ်ခံရသောသူတို့ကို ကွယ်ရာ၌ ဝါးမျိုရသည်ကို အားရနှစ်သက်၍ အကျွန်ုပ်တို့ကိုကွဲလွင့်သွားအောင် လေပွေသဖွယ်တိုက်ခိုက်လာသောသူ၏စစ်သည်တို့ဦးခေါင်းကို သူ၏လှံဖြင့်ပင် ထိုးဖောက်တော်မူ၏။
ထိုမြို့၏အကြီးအကဲတို့သည် ဟိန်းဟောက်သောခြင်္သေ့များနှင့် တူ၏။ တရားသူကြီးတို့သည် နေဝင်ချိန်ရောက်မှ အစာရှာ၍ နံနက်တိုင်အောင် ဘာမျှမချန်ဘဲ စားတတ်သောဝံပုလွေများနှင့်တူ၏။
သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ကောင်းကင်နိုင်ငံတော်ကို လူတို့ရှေ့၌ပိတ်ထား၍ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်လိုသောသူများကိုလည်း ဝင်ခွင့်မပေးကြ။
သူတို့၌ မိန်းမဆံပင်နှင့်တူသောဆံပင်ရှိ၍ သူတို့၏သွားသည် ခြင်္သေ့သွားကဲ့သို့ဖြစ်၏။