ရှင်ဘုရင်၏ရှေ့မှောက်မှ ဆိုးယုတ်သောသူကိုဖယ်ထုတ်လျှင် သူ၏ရာဇပလ္လင်သည် ဖြောင့်မတ်ခြင်း၌ တည်မြဲလိမ့်မည်။
ဘု ရင် မင်း မျက် မှောက် တော် မှ လူ ဆိုး ကို နှင် ထုတ် လျှင် လည်း၊ ဖြောင့် မတ် ခြင်း အား ဖြင့် ရာ ဇ ပ လ္လင် တည်၏။
မတရားသော သူတို့ကို ရှင်ဘုရင်ထံတော်မှ ပယ်ရှားလျှင်၊ အာဏာတော်သည် တရားအားဖြင့် တည်လိမ့်မည်။
လူသတ်ခဲ့သောအပြစ်သည် ယွာဘ၏ခေါင်းပေါ်၊ သူ့သားစဉ်မြေးဆက်တို့၏ခေါင်းပေါ်သို့ အစဉ်အမြဲကျရောက်ပါစေ။ ဒါဝိဒ်မင်းကြီးနှင့် သူ၏သားစဉ်မြေးဆက်များ၊ သူ၏ထီးနန်းနှင့်ရာဇပလ္လင်တို့မူကား ထာဝရဘုရားထံတော်မှငြိမ်သက်ခြင်းကို အစဉ်အမြဲခံစားရပါစေ”ဟု မိန့်ဆို၏။
သို့သော် ငါရှောလမုန်မင်းကြီးသည် ကောင်းချီးခံစားရလိမ့်မည်။ ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်သည်လည်း ထာဝရဘုရားရှေ့တော်၌ အစဉ်အမြဲတည်လိမ့်မည်”ဟု မိန့်ဆို၏။
ထို့နောက် ရှင်ဘုရင်သည် ယောယဒ၏သားဗေနာယကို အမိန့်ပေးသဖြင့် ဗေနာယသည် သွား၍ ရှိမိအားကွပ်မျက်သဖြင့် သူသေလေ၏။ ဤသို့ဖြင့် ရှောလမုန်မင်းကြီးလက်ထက်တွင် နိုင်ငံတော်တည်မြဲလေ၏။
ထို့ကြောင့် မော်ဒကဲအတွက် စိုက်ထူထားသောသစ်တိုင်ပေါ်တွင် ဟာမန်ကို ချိတ်ဆွဲကြ၏။ ရှင်ဘုရင်သည်လည်း အမျက်ပြေလေ၏။
ရာဇပလ္လင်သည် ဖြောင့်မတ်ခြင်းအားဖြင့် တည်မြဲသည်ဖြစ်၍ ရှင်ဘုရင်တို့သည် ဆိုးယုတ်သောအမှုပြုရမည်ကို စက်ဆုပ်ရွံရှာကြ၏။
မေတ္တာကရုဏာနှင့်သမ္မာတရားသည် ရှင်ဘုရင်ကိုကာကွယ်စောင့်ရှောက်တတ်၏။ ရာဇပလ္လင်သည်လည်း မေတ္တာကရုဏာအားဖြင့် မြဲမြံတတ်၏။
တရားစီရင်ရာပလ္လင်ပေါ်တွင်ထိုင်သော ရှင်ဘုရင်သည် မကောင်းမှုရှိသမျှကို မိမိ၏မျက်စိဖြင့် လွင့်သွားစေတတ်၏။
ရှင်ဘုရင်၏ရှေ့မှောက်၌ သင့်ကိုယ်သင် အမွှမ်းမတင်နှင့်။ ကြီးမြတ်သောသူတို့၏နေရာ၌လည်း မရပ်နှင့်။
ဆင်းရဲသောသူတို့ကို မှန်ကန်စွာတရားစီရင်သောရှင်ဘုရင်၏ ရာဇပလ္လင်သည် ထာဝစဉ်တည်မြဲလိမ့်မည်။
ရာဇပလ္လင်သည် မေတ္တာကရုဏာတော်အားဖြင့် တည်လိမ့်မည်။ ဒါဝိဒ်မင်းကြီး၏တဲတော်ရှိ ထိုပလ္လင်ပေါ်၌ သစ္စာရှိသောသူသည် ထိုင်တော်မူလျက် တရားစီရင်မည်။ တရားမျှတခြင်းကိုရှာဖွေမည်။ ဖြောင့်မတ်ခြင်း၌ စိတ်အားထက်သန်မည်။
သူ၏အာဏာစက်သည် အစဉ်တိုးပွား၍ ငြိမ်သက်ခြင်းသည် အဆုံးမရှိ။ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင်ထိုင်၍ နိုင်ငံတော်ကို ယခုမှစ၍ နောင်ကာလအစဉ် တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် တည်တံ့ခိုင်မြဲစေမည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကို ပြုတော်မူလိမ့်မည်။