သုတ္တံကျမ်း။ 23:30 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ဖြစ်သူများမှာ စပျစ်ဝိုင်ကိုအချိန်ကြာမြင့်စွာ သောက်တတ်သူများ၊ ရောစပ်ထားသောစပျစ်ဝိုင်ကို သွား၍ရှာတတ်သူများပင်ဖြစ်ကြ၏။ Common Language Bible စပျစ်ရည်ကို ကြာမြင့်စွာ သောက်လျက်နေ သောသူ၊ ဆေးနှင့်ရောသော စပျစ်ရည်ကို ရှာတတ်သော သူတို့သည် ထိုသို့သော လက္ခဏာရှိကြ၏။ Garrad Bible စ ပျစ် ရည် ကို ကြာ မြင့် စွာ သောက် လျက်၊ ရော စပ် သော သေ ရည် ကို မြည်း စမ်း တတ် သူ တို့ ပင် တည်း။ Judson Bible စပျစ်ရည်ကို ကြာမြင့်စွာ သောက်လျက်နေသောသူ၊ ဆေးနှင့်ရောသော စပျစ်ရည်ကို ရှာတတ်သောသူတို့သည် ထိုသို့သော လက္ခဏာရှိကြ၏။ |
အကြောင်းမူကား ထာဝရဘုရား၏လက်တော်၌ခွက်ဖလားရှိ၍ ၎င်းထဲတွင် သမအောင်ရောစပ်ထားသည့် အမြှုပ်ထနေသောစပျစ်ဝိုင်ရှိ၏။ ကိုယ်တော်သည် ထိုစပျစ်ဝိုင်ကိုသွန်ချတော်မူ၍ ကမ္ဘာမြေကြီးပေါ်ရှိဆိုးယုတ်သောသူအပေါင်းတို့သည် ၎င်း၏အနည်ကိုပင် အကုန်အစင် သောက်ကြရလိမ့်မည်။
စပျစ်ဝိုင်သည် ပြက်ရယ်ပြုစေတတ်၏။ သေရည်သေရက်သည်လည်း ဆူပူသောင်းကျန်းစေတတ်၏။ ၎င်းတို့ကြောင့် လမ်းလွဲသောသူရှိသမျှသည် ဉာဏ်ပညာမရှိ။
စပျစ်ဝိုင်သောက်ကြူးသောသူများ၊ အသားစားကြူးသောသူများနှင့် မပေါင်းဖော်နှင့်။
မိမိတိရစ္ဆာန်ကိုသတ်လေပြီ။ စပျစ်ဝိုင်ကိုရောစပ်၍ စားပွဲကိုတည်ခင်းလေပြီ။
ဤသူတို့သည် စပျစ်ဝိုင်ကြောင့် ယိမ်းထိုး၍ သေရည်သေရက်ကြောင့် ဒယီးဒယိုင်ဖြစ်ကြပြီ။ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များသည် သေရည်သေရက်ကြောင့် ယိမ်းထိုး၍ စပျစ်ဝိုင်ကြောင့်အာရုံထွေပြားကြပြီ။ သေရည်သေရက်ကြောင့် လမ်းလွဲ၍ စိတ်အာရုံကို လွဲမှားစွာမြင်ကြပြီ။ ဆုံးဖြတ်ချက်ချရာတွင်လည်း အလွဲလွဲအချော်ချော်ဖြစ်ကြပြီ။
နံနက်စောစောထ၍ သေရည်သေရက်နောက်လိုက်သောသူ၊ ညဥ့်နက်သည်အထိ စပျစ်ဝိုင်နှင့်ယစ်မူးသောသူတို့သည် အမင်္ဂလာရှိကြ၏။
ယောသပ်အမျိုးပျက်စီးသွားသည်ကို ဝမ်းမနည်းဘဲ အကောင်းဆုံးဆီမွှေးကိုလိမ်းကျံပြီး စပျစ်ဝိုင်ကို ဖလားလိုက်သောက်လျက်နေကြ၏။
အပျော်ကြူးခြင်းကိုဖြစ်စေသည့် စပျစ်ဝိုင်ယစ်မူးခြင်းမရှိဘဲ ဝိညာဉ်တော်နှင့်ပြည့်ဝကြလော့။
အဘိဂဲလသည် နာဗလထံပြန်ရောက်သောအခါ နာဗလသည် အိမ်ထဲတွင် ရှင်ဘုရင်စားသောက်ပွဲကဲ့သို့ စားသောက်ပွဲကျင်းပလျက် အလွန်အကြူးမူးယစ်ပျော်ပါးနေသည်ကို တွေ့ရသဖြင့် နံနက်မိုးလင်းသည့်တိုင် မည်သည့်အမှုကြီးငယ်ကိုမျှ သူ့အား မပြောပြပေ။