Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သုတ္တံကျမ်း။ 23:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 စပျစ်ဝိုင်​သောက်ကြူး​သော​သူ​များ​၊ အသား​စားကြူး​သော​သူ​များ​နှင့် မ​ပေါင်းဖော်​နှင့်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 စပျစ်ရည်သောက်ကြူးသောသူ၊ အမဲသားစား ကြူးသော သူတို့ကို အပေါင်းအဘော်မလုပ်နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 စ ပျစ် ရည် နှင့် အ မဲ သား ကို သောက် စား ကြူး လွန် သူ တို့ အ ပါ အ ဝင် မ ဖြစ် စေ နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 စ​ပျစ်​ရည်​သောက်​ကြူး​သော​သူ၊ အ​မဲ​သား စား​ကြူး​သော​သူ​တို့​ကို အ​ပေါင်း​အ​ဖော် မ​လုပ်​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ




သုတ္တံကျမ်း။ 23:20
17 ပူးပေါင်းရင်းမြစ်များ  

စပျစ်ဝိုင်​သည် ပြက်ရယ်​ပြု​စေ​တတ်​၏​။ သေရည်သေရက်​သည်​လည်း ဆူပူသောင်းကျန်း​စေ​တတ်​၏​။ ၎င်း​တို့​ကြောင့် လမ်းလွဲ​သော​သူ​ရှိသမျှ​သည် ဉာဏ်ပညာ​မ​ရှိ​။


အပျော်အပါး​ကို​နှစ်သက်​သော​သူ​သည် ချို့တဲ့​နွမ်းပါး​သော​သူ​ဖြစ်​သွား​လိမ့်မည်​။ စပျစ်ဝိုင်​နှင့်​ဆီ​ကို​နှစ်သက်​သော​သူ​သည်​လည်း ချမ်းသာကြွယ်ဝ​လာ​လိမ့်မည်​မ​ဟုတ်​။


သင်​သည် အစားကြီး​သော​သူ​ဖြစ်​ပါက သင်​၏​လည်ပင်း​ကို ဓား​နှင့်​ရွယ်​ထား​လော့​။


ပညတ်တရား​ကို​လိုက်နာကျင့်သုံး​သော​သူ​သည် အသိဉာဏ်​ရှိ​သော​သား​ဖြစ်​၏​။ အစားကြူး​သော​သူ​များ​နှင့်​ပေါင်းဖော်​သော​သူ​ကား မိမိ​ဖခင်​ကို​အရှက်ရ​စေ​တတ်​၏​။


“​ငါ​တို့​သည် မနက်ဖြန်​သေ​ရ​မည်​ဖြစ်၍ စား​ကြ​သောက်​ကြ​ကုန်စို့​”​ဟု ဆို​လျက် သိုး​နွား​တို့​ကို​သတ်​၍ အသား​စား​ကြ​၏​။ စပျစ်ဝိုင်​သောက်​လျက် ရွှင်မြူး​ဝမ်းမြောက်​ကြ​၏​။


နံနက်​စောစောထ​၍ သေရည်သေရက်​နောက်လိုက်​သော​သူ​၊ ညဥ့်နက်​သည်​အထိ စပျစ်ဝိုင်​နှင့်​ယစ်မူး​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။


စပျစ်ဝိုင်​အလွန်အကြူး​သောက်​သူ​၊ သေရည်သေရက်​ရောစပ်​ရာ​တွင်​ကျွမ်းကျင်သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။


အစေအပါး​ချင်း​တို့​ကို ရိုက်နှက်​ကာ ယစ်မူး​သော​သူ​များ​နှင့်အတူ စား​သောက်​လျက်​နေ​လျှင်


ထို့နောက် ရက်​များ​မကြာမီ သားငယ်​သည် မိမိ​၌​ရှိသမျှ​တို့​ကို​စုစည်း​ပြီးလျှင် ဝေးလံ​သော​တိုင်းပြည်​သို့​ခရီးထွက်​၍ ထို​အရပ်​၌ အထိန်း​အကွပ်​မ​ရှိ​အသက်ရှင်​လျက် မိမိ​၏​အမွေ​ပစ္စည်း​များ​ကို ဖြုန်းတီး​လေ​၏။


တစ်ခါက ခရမ်းရောင်​ဝတ်ရုံ​နှင့် ပိတ်ချော​ထည်​များ​ကို​ဝတ်ဆင်​ကာ နေ့စဉ် စည်းစိမ်​ခံစား​လျက် ပျော်မွေ့​နေ​သည့် သူဌေး​တစ်​ဦး​ရှိ​၏။


သင်​တို့​သည် ကိုယ့်ကိုယ်ကိုယ်​သတိထား​ကြ​လော့။ သို့မဟုတ်လျှင် အပျော်ကြူး​ခြင်း၊ သောက်စား​မူးယစ်​ခြင်း​နှင့် အသက်ရှင်​ရေး​အတွက် စိုးရိမ်​ပူပန်​ခြင်း​တို့​ကြောင့် သင်​တို့​စိတ်နှလုံး​လေးလံ​ထိုင်းမှိုင်း​နေ​ကြ​စဉ် ထို​နေ့ရက်​သည် ကျော့ကွင်း​ကဲ့သို့ သင်​တို့​အပေါ်သို့ ရုတ်တရက်​ကျရောက်​လာ​လိမ့်မည်။


အပျော်ကြူး​ခြင်း​နှင့်​သောက်စား​မူးယစ်​ခြင်း​တို့​၌​လည်းကောင်း၊ ကိလေသာ​ရှုပ်ထွေး​ခြင်း​နှင့်​ကာမဂုဏ်​လိုက်စား​ခြင်း​တို့​၌​လည်းကောင်း၊ ပဋိပက္ခ​ဖြစ်​ခြင်း​နှင့်​မနာလို​ခြင်း​တို့​၌​လည်းကောင်း မ​ကျင်လည်​ကြ​ဘဲ နေ့​အချိန်​၌​လျှောက်လှမ်း​သကဲ့သို့ တင့်တယ်​လျောက်ပတ်​စွာ အသက်ရှင်​လျှောက်လှမ်း​ကြ​ကုန်စို့။


အပျော်ကြူး​ခြင်း​ကို​ဖြစ်​စေ​သည့် စပျစ်​ဝိုင်​ယစ်မူး​ခြင်း​မ​ရှိ​ဘဲ ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​ကြ​လော့။


သူ​တို့​သည် မြို့​၏​သက်ကြီးဝါကြီး​တို့​အား ‘​အကျွန်ုပ်​တို့​၏​သား​သည် ခေါင်းမာ​၍​ဖီဆန်​သော​သူ​ဖြစ်​ပါ​၏​။ သူ​သည် အကျွန်ုပ်​တို့​၏​စကား​ကို နား​မ​ထောင်​၊ အစားကြူး​သော​သူ​၊ သေသောက်ကြူး​သော​သူ​ဖြစ်​ပါ​၏​’​ဟု ပြောပြ​ရ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ