စပျစ်ဝိုင်သည် ပြက်ရယ်ပြုစေတတ်၏။ သေရည်သေရက်သည်လည်း ဆူပူသောင်းကျန်းစေတတ်၏။ ၎င်းတို့ကြောင့် လမ်းလွဲသောသူရှိသမျှသည် ဉာဏ်ပညာမရှိ။
သုတ္တံကျမ်း။ 23:20 - မြန်မာ့စံမီသမ္မာကျမ်း စပျစ်ဝိုင်သောက်ကြူးသောသူများ၊ အသားစားကြူးသောသူများနှင့် မပေါင်းဖော်နှင့်။ Common Language Bible စပျစ်ရည်သောက်ကြူးသောသူ၊ အမဲသားစား ကြူးသော သူတို့ကို အပေါင်းအဘော်မလုပ်နှင့်။ Garrad Bible စ ပျစ် ရည် နှင့် အ မဲ သား ကို သောက် စား ကြူး လွန် သူ တို့ အ ပါ အ ဝင် မ ဖြစ် စေ နှင့်။ Judson Bible စပျစ်ရည်သောက်ကြူးသောသူ၊ အမဲသား စားကြူးသောသူတို့ကို အပေါင်းအဖော် မလုပ်နှင့်။ |
စပျစ်ဝိုင်သည် ပြက်ရယ်ပြုစေတတ်၏။ သေရည်သေရက်သည်လည်း ဆူပူသောင်းကျန်းစေတတ်၏။ ၎င်းတို့ကြောင့် လမ်းလွဲသောသူရှိသမျှသည် ဉာဏ်ပညာမရှိ။
အပျော်အပါးကိုနှစ်သက်သောသူသည် ချို့တဲ့နွမ်းပါးသောသူဖြစ်သွားလိမ့်မည်။ စပျစ်ဝိုင်နှင့်ဆီကိုနှစ်သက်သောသူသည်လည်း ချမ်းသာကြွယ်ဝလာလိမ့်မည်မဟုတ်။
ပညတ်တရားကိုလိုက်နာကျင့်သုံးသောသူသည် အသိဉာဏ်ရှိသောသားဖြစ်၏။ အစားကြူးသောသူများနှင့်ပေါင်းဖော်သောသူကား မိမိဖခင်ကိုအရှက်ရစေတတ်၏။
“ငါတို့သည် မနက်ဖြန်သေရမည်ဖြစ်၍ စားကြသောက်ကြကုန်စို့”ဟု ဆိုလျက် သိုးနွားတို့ကိုသတ်၍ အသားစားကြ၏။ စပျစ်ဝိုင်သောက်လျက် ရွှင်မြူးဝမ်းမြောက်ကြ၏။
နံနက်စောစောထ၍ သေရည်သေရက်နောက်လိုက်သောသူ၊ ညဥ့်နက်သည်အထိ စပျစ်ဝိုင်နှင့်ယစ်မူးသောသူတို့သည် အမင်္ဂလာရှိကြ၏။
စပျစ်ဝိုင်အလွန်အကြူးသောက်သူ၊ သေရည်သေရက်ရောစပ်ရာတွင်ကျွမ်းကျင်သူတို့သည် အမင်္ဂလာရှိကြ၏။
အစေအပါးချင်းတို့ကို ရိုက်နှက်ကာ ယစ်မူးသောသူများနှင့်အတူ စားသောက်လျက်နေလျှင်
ထို့နောက် ရက်များမကြာမီ သားငယ်သည် မိမိ၌ရှိသမျှတို့ကိုစုစည်းပြီးလျှင် ဝေးလံသောတိုင်းပြည်သို့ခရီးထွက်၍ ထိုအရပ်၌ အထိန်းအကွပ်မရှိအသက်ရှင်လျက် မိမိ၏အမွေပစ္စည်းများကို ဖြုန်းတီးလေ၏။
တစ်ခါက ခရမ်းရောင်ဝတ်ရုံနှင့် ပိတ်ချောထည်များကိုဝတ်ဆင်ကာ နေ့စဉ် စည်းစိမ်ခံစားလျက် ပျော်မွေ့နေသည့် သူဌေးတစ်ဦးရှိ၏။
သင်တို့သည် ကိုယ့်ကိုယ်ကိုယ်သတိထားကြလော့။ သို့မဟုတ်လျှင် အပျော်ကြူးခြင်း၊ သောက်စားမူးယစ်ခြင်းနှင့် အသက်ရှင်ရေးအတွက် စိုးရိမ်ပူပန်ခြင်းတို့ကြောင့် သင်တို့စိတ်နှလုံးလေးလံထိုင်းမှိုင်းနေကြစဉ် ထိုနေ့ရက်သည် ကျော့ကွင်းကဲ့သို့ သင်တို့အပေါ်သို့ ရုတ်တရက်ကျရောက်လာလိမ့်မည်။
အပျော်ကြူးခြင်းနှင့်သောက်စားမူးယစ်ခြင်းတို့၌လည်းကောင်း၊ ကိလေသာရှုပ်ထွေးခြင်းနှင့်ကာမဂုဏ်လိုက်စားခြင်းတို့၌လည်းကောင်း၊ ပဋိပက္ခဖြစ်ခြင်းနှင့်မနာလိုခြင်းတို့၌လည်းကောင်း မကျင်လည်ကြဘဲ နေ့အချိန်၌လျှောက်လှမ်းသကဲ့သို့ တင့်တယ်လျောက်ပတ်စွာ အသက်ရှင်လျှောက်လှမ်းကြကုန်စို့။
အပျော်ကြူးခြင်းကိုဖြစ်စေသည့် စပျစ်ဝိုင်ယစ်မူးခြင်းမရှိဘဲ ဝိညာဉ်တော်နှင့်ပြည့်ဝကြလော့။
သူတို့သည် မြို့၏သက်ကြီးဝါကြီးတို့အား ‘အကျွန်ုပ်တို့၏သားသည် ခေါင်းမာ၍ဖီဆန်သောသူဖြစ်ပါ၏။ သူသည် အကျွန်ုပ်တို့၏စကားကို နားမထောင်၊ အစားကြူးသောသူ၊ သေသောက်ကြူးသောသူဖြစ်ပါ၏’ဟု ပြောပြရမည်။