အစ္စရေးလူမျိုးတို့ကို အုပ်စိုးရန်မိန့်တော်မူသောအခါ သင်၏ဘုရားသခင်ထာဝရဘုရား၏ပညတ်တရားတော်များကို လိုက်နာစောင့်ထိန်းမည့်အကြောင်း ထာဝရဘုရားသည် သင့်အား သိမြင်နားလည်နိုင်သောဉာဏ်ပညာကို ပေးတော်မူပါစေသော။
သုတ္တံကျမ်း။ 2:3 - မြန်မာ့စံမီသမ္မာကျမ်း အသိဉာဏ်ကိုခေါ်၍ ထိုးထွင်းဉာဏ်ဘက်သို့ သင်၏အသံကိုလွှင့်လျှင်လည်းကောင်း၊ Common Language Bible သိပ္ပံအတတ်ကိုခေါ်၍၊ ဥာဏ်နောက်သို့ အသံ ကိုလွှင့်လျှင်၎င်း၊ Garrad Bible ဉာဏ် ပ ဋိ ဘာန် နှင့် အ သိ ဉာဏ် ကို တ သ ဟစ် ခေါ် လျှင် လည်း ကောင်း၊ Judson Bible သိပ္ပံအတတ်ကိုခေါ်၍၊ ဉာဏ်နောက်သို့ အသံကိုလွှင့်လျှင်လည်းကောင်း၊ |
အစ္စရေးလူမျိုးတို့ကို အုပ်စိုးရန်မိန့်တော်မူသောအခါ သင်၏ဘုရားသခင်ထာဝရဘုရား၏ပညတ်တရားတော်များကို လိုက်နာစောင့်ထိန်းမည့်အကြောင်း ထာဝရဘုရားသည် သင့်အား သိမြင်နားလည်နိုင်သောဉာဏ်ပညာကို ပေးတော်မူပါစေသော။
အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါးဖြစ်ပါ၏။ ကိုယ်တော်၏သက်သေခံချက်တို့ကို နားလည်နိုင်ရန် အကျွန်ုပ်အား အသိဉာဏ်ပေးတော်မူပါ။
အို ထာဝရဘုရား၊ အကျွန်ုပ်၏ဟစ်ကြော်သံသည် ရှေ့တော်သို့ရောက်ပါစေသော။ ကိုယ်တော်၏နှုတ်ကပတ်တော်နှင့်အညီ အကျွန်ုပ်အား အသိဉာဏ်ပေးတော်မူပါ။
အကျွန်ုပ်အား အသိဉာဏ်ပေးတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏တရားတော်ကို လိုက်နာကျင့်သုံးပါမည်။ ထိုအရာကို စိတ်နှလုံးအကြွင်းမဲ့ စောင့်ထိန်းပါမည်။
ကိုယ်တော်၏လက်တော်သည် အကျွန်ုပ်ကိုဖန်ဆင်း၍ ပုံဖော်ဖြစ်တည်စေပါ၏။ ကိုယ်တော်၏ပညတ်တော်တို့ကိုသင်ယူနိုင်ရန် အကျွန်ုပ်အား အသိဉာဏ်ပေးတော်မူပါ။
ဉာဏ်ပညာကို အာရုံစိုက်နားထောင်လျက် ထိုးထွင်းဉာဏ်ဘက်သို့ သင်၏စိတ်နှလုံးကို တိမ်းညွတ်စေလျှင်လည်းကောင်း၊
ငွေကိုရှာသကဲ့သို့ ဉာဏ်ပညာကိုရှာ၍ ဝှက်ထားသောဘဏ္ဍာကိုရှာဖွေသကဲ့သို့ ထိုဉာဏ်ပညာကိုရှာဖွေလျှင်လည်းကောင်း
သင်ပြုမူကျင့်ကြံသမျှသောအမှုအရာတို့၌ ကိုယ်တော်ကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်၏လမ်းခရီးတို့ကို ဖြောင့်တန်းစေတော်မူလိမ့်မည်။
သားသမီးတို့၊ ဖခင်၏ဆုံးမပဲ့ပြင်ခြင်းကိုနားထောင်ကြလော့။ အသိဉာဏ်ကိုရရှိရန် အာရုံစိုက်ကြလော့။
ငါ့ကိုချစ်သောသူတို့ကို ငါချစ်၏။ ငါ့ကိုကြိုးစား၍ရှာသောသူတို့သည် ငါ့ကိုတွေ့ကြလိမ့်မည်။
သင်တို့သည် မကောင်းသောသူများဖြစ်ကြလျက်ပင် သင်တို့၏သားသမီးများအား ကောင်းသောလက်ဆောင်များပေးရမည်ကိုသိကြလျှင် ကောင်းကင်ဘုံရှင်အဖသည် မိမိထံတောင်းလျှောက်သောသူများအား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ပင် ပေးတော်မူလိမ့်မည်မဟုတ်လော”ဟု မိန့်တော်မူ၏။
သင်တို့ထဲတွင် ဉာဏ်ပညာလိုအပ်သောသူရှိလျှင် ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ ခပ်သိမ်းသောသူတို့အား ရက်ရောစွာပေးတော်မူသောဘုရားသခင်ထံ တောင်းလျှောက်စေ။ တောင်းလျှင်ရလိမ့်မည်။