Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သုတ္တံကျမ်း။ 2:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ငွေ​ကို​ရှာ​သကဲ့သို့ ဉာဏ်ပညာ​ကို​ရှာ​၍ ဝှက်ထား​သော​ဘဏ္ဍာ​ကို​ရှာဖွေ​သကဲ့သို့ ထို​ဉာဏ်ပညာ​ကို​ရှာဖွေ​လျှင်​လည်းကောင်း

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ငွေကိုရှာတတ်သကဲ့သို့ ပညာကိုရှာ၍၊ ဝှက်ထား သောဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့၊ ဥာဏ်ကို စူးစမ်း လျှင်၎င်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 သိုက် ကို စူး စမ်း ၍ ငွေ ကို ရှာ ဖွေ သ ကဲ့ သို့၊ ပ ညာ ကို ရှာ ဖွေ လျှင် လည်း‌ ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ငွေ​ကို​ရှာ​တတ်​သ​ကဲ့​သို့ ပ​ညာ​ကို​ရှာ၍၊ ဝှက်​ထား​သော​ဘ​ဏ္ဍာ​ကို စူး​စမ်း​တတ်​သ​ကဲ့​သို့၊ ဉာဏ်​ကို စူး​စမ်း​လျှင်​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




သုတ္တံကျမ်း။ 2:4
20 ပူးပေါင်းရင်းမြစ်များ  

ထို​နေ့​၌ပင် ဣဇက်​၏​အစေအပါး​တို့​သည် လာ​၍ “​အကျွန်ုပ်​တို့​သည် ရေ​ကို​ရှာတွေ့​ကြ​ပါ​ပြီ​”​ဟု ဆို​လျက် သူ​တို့​တူး​သော​ရေတွင်း​အကြောင်း​ကို ဣဇက်​အား​ပြောကြား​ကြ​၏​။


သေ​ခြင်း​ကို​တောင့်တ​သော​သူ​တို့​သည် သေ​ခွင့်​ကို မ​ရ​ကြ​။ သူ​တို့​သည် ဝှက်ထား​သော​ဘဏ္ဍာ​ထက် သေ​ခြင်း​ကို သာ၍​ရှာဖွေ​ကြ​၏​။


သို့ဖြစ်၍ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​တို့​ကို ရွှေ​ထက်မက ရွှေစင်​ထက် ပို၍​မြတ်နိုး​ပါ​၏​။


အကျွန်ုပ်​သည် စည်းစိမ်ဥစ္စာ​အလုံးစုံ​တို့​အပေါ်​၌ ရွှင်မြူး​ခြင်း​ရှိ​သကဲ့သို့ ကိုယ်တော်​၏​သက်သေခံချက်​လမ်း​၌ ရွှင်မြူး​ခြင်း​ရှိ​ပါ​၏​။


ကိုယ်တော်​၏​နှုတ်​တော်​ထွက်​တရား​သည် အကျွန်ုပ်​အတွက် ထောင်​ပေါင်း​များစွာ​သော​ရွှေ​ငွေ​တို့​ထက် ပို၍​ကောင်း​ပါ​၏​။


၎င်း​တို့​သည် ရွှေ​ထက်​မက များစွာ​သော​ရွှေစင်​ထက်​ပင် နှစ်လိုဖွယ်​ဖြစ်​ပြီး ပျားရည်​ထက်​မက ပျားလပို့​မှ​ပျားရည်​ထက်ပင် ချိုမြိန်​၏​။


ရွှေ​ကို​ရရှိ​ခြင်း​ထက် ဉာဏ်ပညာ​ကို​ရရှိ​ခြင်း​သည် အလွန်​ကောင်း​၏​။ ငွေ​ကို​ရရှိ​ခြင်း​ထက် အသိဉာဏ်​ရရှိ​ခြင်း​ကို ရွေးချယ်​ရန်​ကောင်း​၏​။


အသိဉာဏ်​ကို​ခေါ်​၍ ထိုးထွင်းဉာဏ်​ဘက်​သို့ သင်​၏​အသံ​ကို​လွှင့်​လျှင်​လည်းကောင်း​၊


သမ္မာတရား​ကို​ဝယ်ယူ​လော့​။ မ​ရောင်း​နှင့်​။ ဉာဏ်ပညာ​၊ ဆုံးမပဲ့ပြင်​ခြင်း​နှင့် အသိဉာဏ်​ကို​လည်း ထိုနည်းတူ​ပြု​လော့​။


ဉာဏ်ပညာ​သည် အထွတ်အမြတ်​ဖြစ်​၏​။ ဉာဏ်ပညာ​ကို​ဆည်းပူး​လော့​။ သင်​ပိုင်ဆိုင်​သော​အရာ​ရှိသမျှ​ဖြင့် အသိဉာဏ်​ကို​ဆည်းပူး​လော့​။


ငါ့​ကို​ချစ်​သော​သူ​တို့​ကို ငါ​ချစ်​၏​။ ငါ့​ကို​ကြိုးစား​၍​ရှာ​သော​သူ​တို့​သည် ငါ့​ကို​တွေ့​ကြ​လိမ့်မည်​။


တစ်ကိုယ်တည်း​ဖြစ်​လျက် အပေါင်းအဖော်​မ​ရှိ​၊ သား​လည်း​မ​ရှိ​၊ ညီအစ်ကို​လည်း​မ​ရှိ​သော​သူ​တစ်ဦး​ရှိ​၏​။ သို့သော် သူ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​၌ အဆုံး​မ​ရှိ​။ သူ​၏​မျက်စိ​သည်​လည်း ဓနဥစ္စာ​၌​ကျေနပ်တင်းတိမ်​သည်​ဟူ၍​မ​ရှိ​။ “​ငါ​သည် မည်သူ့​အတွက် ကြိုးပမ်းအားထုတ်​လျက် ငါ​၌​ကောင်းကျိုးချမ်းသာ​ချို့တဲ့​စေ​ရ​သနည်း​”​ဟူ၍​လည်း​မ​မေး​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​ပြီး ငြီးငွေ့ဖွယ်​ကောင်း​သော​အလုပ်​ဖြစ်​၏​။


ကောင်းကင်​နိုင်ငံ​တော်​သည် လယ်​၌​ဝှက်​ထား​သော ဥစ္စာ​ဘဏ္ဍာ​နှင့်​တူ​၏။ လူ​တစ်​ဦး​သည် ၎င်း​ကို​တွေ့​သောအခါ ပြန်လည်​ဝှက်​ထား​ပြီးလျှင် ဝမ်းမြောက်​စွာ​ဖြင့်​သွား​၍ သူ​၌​ရှိ​သော​အရာ​အားလုံး​ကို​ရောင်း​လျက် ထို​လယ်​ကို​ဝယ်​လေ​၏။


ငါ​၏​နာမ​ကြောင့် အိမ်​ကို​ဖြစ်စေ၊ ညီအစ်ကို​မောင်နှမ​များ​ကို​ဖြစ်စေ၊ အဖ​ကို​ဖြစ်စေ၊ အမိ​ကို​ဖြစ်စေ၊ သားသမီး​များ​ကို​ဖြစ်စေ၊ မြေယာ​များ​ကို​ဖြစ်စေ စွန့်​သော​သူ​တိုင်း​သည် အဆ​တစ်ရာ​သော​အကျိုး​ကို​ခံစားရ​လျက် ထာဝရ​အသက်​ကို​အမွေ​ဆက်ခံ​ရ​လိမ့်မည်။


ထိုအခါ သခင်​သည် မတရား​သော​ဘဏ္ဍာစိုး​၏ ပါးနပ်​သည့်​လုပ်ဆောင်​မှု​အတွက် သူ့​ကို​ချီးမွမ်း​လေ​၏။ အကြောင်းမူကား ဤ​လောက​၏​သားသမီး​များ​သည် မိမိ​တို့​ခေတ်ကာလ​လူ​တို့​နှင့်​ဆက်ဆံ​ရာ​တွင် အလင်း​၏​သားသမီး​များ​ထက် လိမ္မာ​ပါးနပ်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ