ရှောလမုန်၏သုတ္တံစကားများ။ ပညာရှိသောသားသည် ဖခင်ကိုဝမ်းမြောက်စေ၏။ မိုက်မဲသောသားမူကား သူ၏မိခင်အတွက် ပူဆွေးစရာဖြစ်၏။
သုတ္တံကျမ်း။ 19:26 - မြန်မာ့စံမီသမ္မာကျမ်း ဖခင်အပေါ်ကြမ်းကြုတ်စွာပြုမူပြီး မိခင်ကိုနှင်ထုတ်သောသားသည် အရှက်ကွဲစေသောသား၊ မျက်နှာပျက်စေသောသားဖြစ်၏။ Common Language Bible အဘဥစ္စာကိုဖြုန်း၍ အမိကိုနှင်ထုတ်သော သားသည် အရှက်ခွဲသောသား၊ ကဲ့ရဲ့ခြင်းကိုခံစေသောသားဖြစ်၏။ Garrad Bible အ ဘ ကို နှိပ် စက်၍ အ မိ ကို လွင့် ပါး စေ သော သား သည်၊ ကျိုး ယုတ် ရှက် ကွဲ ခြင်း ကို ရ စေ တတ်၏။ Judson Bible အဘဥစ္စာကိုဖြုန်း၍ အမိကို နှင်ထုတ်သောသားသည် အရှက်ခွဲသောသား၊ ကဲ့ရဲ့ခြင်းကို ခံစေသောသားဖြစ်၏။ |
ရှောလမုန်၏သုတ္တံစကားများ။ ပညာရှိသောသားသည် ဖခင်ကိုဝမ်းမြောက်စေ၏။ မိုက်မဲသောသားမူကား သူ၏မိခင်အတွက် ပူဆွေးစရာဖြစ်၏။
နွေရာသီ၌ ရှာဖွေစုဆောင်းသောသူသည် ပညာသတိရှိသောသားဖြစ်၏။ ရိတ်သိမ်းချိန်၌ အိပ်မောကျနေသောသူမူကား အရှက်ကွဲစေသောသားဖြစ်၏။
ပညာသတိရှိသောအစေအပါးသည် အရှက်ကွဲစေသောသားကိုအုပ်စိုး၍ ညီအစ်ကိုတို့နှင့်အတူ အမွေဝေစုကိုရရှိလိမ့်မည်။
မိုက်မဲသောသားသည် သူ၏ဖခင်အတွက် ပူဆွေးစရာဖြစ်၍ သူ့ကိုမွေးဖွားသောသူအတွက် ခါးသီးစရာဖြစ်၏။
ငါ့သား၊ သင်သည် ဆုံးမပဲ့ပြင်ခြင်းကိုနားမထောင်တော့လျှင် အသိပညာစကားတို့မှ လမ်းလွဲသွားလိမ့်မည်။
ဩတ္တပ္ပစိတ်အစဉ်အမြဲရှိသောသူသည် မင်္ဂလာရှိ၏။ မိမိ၏စိတ်နှလုံးကိုမာကျောစေသောသူမူကား ဒုက္ခတွင်းထဲသို့ကျရောက်လိမ့်မည်။
မိမိ၏ဖခင်၊ သို့မဟုတ် မိခင်၏ဥစ္စာကိုလုယူပြီးမှ ငါအပြစ်ကျူးလွန်သည်မဟုတ်ဟု ပြောဆိုသောသူသည် အဖျက်သမား၏အပေါင်းအဖော်ဖြစ်၏။
ပညတ်တရားကိုလိုက်နာကျင့်သုံးသောသူသည် အသိဉာဏ်ရှိသောသားဖြစ်၏။ အစားကြူးသောသူများနှင့်ပေါင်းဖော်သောသူကား မိမိဖခင်ကိုအရှက်ရစေတတ်၏။
ဖခင်ကိုပြက်ရယ်ပြု၍ မိခင်အားနာခံခြင်းကို မထီမဲ့မြင်ပြုတတ်သောမျက်စိကို လျှိုမြောင်၌ရှိသောကျီးကန်းတို့သည် ဖောက်ထုတ်၍ လင်းတ၏သားပေါက်တို့သည် စားကြလိမ့်မည်။
သို့ရာတွင် အဖေ၏ဥစ္စာပစ္စည်းများကို ပြည့်တန်ဆာများနှင့်ဖြုန်းတီးခဲ့သည့် အဖေ၏ဤသားပြန်လာသောအခါ၌မူ သူ့အတွက် ဆူဖြိုးသောနွားသငယ်ကို သတ်ပေးသည်တကား’ဟု ဆို၏။