ထို့ကြောင့် ထာဝရဘုရားသည် ယောရှဖတ်မင်းကြီးလက်ထဲ၌ နိုင်ငံတော်ကိုတည်မြဲစေ၏။ ယုဒလူမျိုးအပေါင်းတို့သည် ယောရှဖတ်မင်းကြီးထံ လက်ဆောင်ပဏ္ဏာများ ဆက်သကြသဖြင့် သူသည် ဓနဥစ္စာကြွယ်ဝပြီး ဘုန်းအသရေ ကြီးထွားလေ၏။
သုတ္တံကျမ်း။ 16:12 - မြန်မာ့စံမီသမ္မာကျမ်း ရာဇပလ္လင်သည် ဖြောင့်မတ်ခြင်းအားဖြင့် တည်မြဲသည်ဖြစ်၍ ရှင်ဘုရင်တို့သည် ဆိုးယုတ်သောအမှုပြုရမည်ကို စက်ဆုပ်ရွံရှာကြ၏။ Common Language Bible ရှင်ဘုရင်ပြုသော ဒုစရိုက်သည် စက်ဆုပ်ရွံရှာ ဘွယ် ဖြစ်၏။ အကြောင်းမူကား၊ ရာဇပလ္လင်သည် ဖြောင့် မတ်ခြင်းအားဖြင့်သာ တည်တတ်၏။ Garrad Bible ရာ ဇ ပ လ္လင် သည်၊ ဖြောင့် မတ် ခြင်း အား ဖြင့် တည် မြဲ သော ကြောင့်၊ ဒု စ ရိုက် မှု ကို၊ ဘု ရင် မင်း တို့ ရွံ ရှာ တတ် ကြ၏။ Judson Bible ရှင်ဘုရင်ပြုသောဒုစရိုက်သည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။ အကြောင်းမူကား၊ ရာဇပလ္လင်သည် ဖြောင့်မတ်ခြင်းအားဖြင့်သာ တည်တတ်၏။ |
ထို့ကြောင့် ထာဝရဘုရားသည် ယောရှဖတ်မင်းကြီးလက်ထဲ၌ နိုင်ငံတော်ကိုတည်မြဲစေ၏။ ယုဒလူမျိုးအပေါင်းတို့သည် ယောရှဖတ်မင်းကြီးထံ လက်ဆောင်ပဏ္ဏာများ ဆက်သကြသဖြင့် သူသည် ဓနဥစ္စာကြွယ်ဝပြီး ဘုန်းအသရေ ကြီးထွားလေ၏။
တန်ခိုးကြီးသောရှင်ဘုရင်သည် တရားမျှတခြင်းကို နှစ်သက်တော်မူ၏။ ကိုယ်တော်သည် သမာသမတ်ရှိခြင်းကို တည်မြဲစေတော်မူ၏။ ယာကုပ်အမျိုးထဲတွင် တရားမျှတခြင်းနှင့်ဖြောင့်မတ်ခြင်းကို စီရင်တော်မူ၏။
ရှင်ဘုရင်တို့သည် ဖြောင့်မတ်သောနှုတ်ခမ်းကိုနှစ်သက်၍ ဖြောင့်မှန်စွာပြောဆိုသောသူကို ချစ်ကြ၏။
အကြံဉာဏ်ယူခြင်းအားဖြင့် အကြံအစည်များ တည်တတ်၏။ လမ်းညွှန်မှုများကိုခံယူ၍ စစ်ပွဲကိုဆင်နွှဲလော့။
ရှင်ဘုရင်၏ရှေ့မှောက်မှ ဆိုးယုတ်သောသူကိုဖယ်ထုတ်လျှင် သူ၏ရာဇပလ္လင်သည် ဖြောင့်မတ်ခြင်း၌ တည်မြဲလိမ့်မည်။
တစ်စုံတစ်ဦးသည် ပညတ်တရားကိုနာယူနာခံခြင်းမရှိလျှင် သူ၏ဆုတောင်းချက်သည်ပင် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
ဆင်းရဲသောသူတို့ကို မှန်ကန်စွာတရားစီရင်သောရှင်ဘုရင်၏ ရာဇပလ္လင်သည် ထာဝစဉ်တည်မြဲလိမ့်မည်။
ရှင်ဘုရင်သည် တရားမျှတမှုအားဖြင့် တိုင်းပြည်ကိုတည်မြဲစေတတ်၏။ အခွန်မတရားကောက်ခံသောသူမူကား တိုင်းပြည်ကိုပြိုပျက်စေတတ်၏။
သို့သော် သခင်၏အလိုကိုမသိဘဲ ရိုက်နှက်ခြင်းဒဏ်နှင့်ထိုက်သောအမှုကို ပြုမိသောသူသည် အနည်းငယ်သာ ရိုက်နှက်ခြင်းခံရမည်။ များစွာရရှိထားသောသူအားလုံးထံမှ များစွာတောင်းဆိုလိမ့်မည်။ များစွာအပ်နှံထားသောသူထံမှ ပို၍များစွာတောင်းကြလိမ့်မည်။
အကြောင်းမူကား ထိုသို့သောအားဖြင့် မတရားသောအမှုကိုပြုသောသူအပေါင်းတို့အား သင်၏ဘုရားသခင်ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။
ထို့နောက် ငါကြည့်လိုက်ရာ ကောင်းကင်သည်ပွင့်လျက်နေ၍ မြင်းဖြူတစ်ကောင်ရှိ၏။ ၎င်းပေါ်တွင်ထိုင်သောသူကား သစ္စာရှိသောသူ၊ ဖြောင့်မှန်သောသူဟု ခေါ်ဝေါ်ခြင်းခံရ၏။ သူသည် ဖြောင့်မတ်စွာတရားစီရင်၍ စစ်တိုက်လေ၏။