ရှိမိသည် ချက်ချင်းထ၍ မြင်းကိုကုန်းနှီးတင်ပြီး သူ့အစေအပါးတို့ကိုရှာရန် အာခိတ်မင်းကြီးရှိရာ ဂါသမြို့သို့သွားလေ၏။ ရှိမိသည် သွား၍ မိမိအစေအပါးတို့ကို ဂါသမြို့မှ ပြန်ခေါ်လာခဲ့၏။
သုတ္တံကျမ်း။ 15:27 - မြန်မာ့စံမီသမ္မာကျမ်း မတရားသောအကျိုးစီးပွားကိုတပ်မက်သောသူသည် မိမိအိမ်သူအိမ်သားတို့ကို ဒုက္ခပေးတတ်၏။ တံစိုးလက်ဆောင်ကိုမုန်းသောသူမူကား အသက်ရှင်ရလိမ့်မည်။ Common Language Bible မတရားသော စီးပွါးကို ရှာသောသူသည် မိမိ အိမ်သားတို့ကို နှောင့်ရှက်တတ်၏။ တံစိုးကိုရွံသောသူမူ ကား အသက်ချမ်းသာရလိမ့်မည်။ Garrad Bible လော ဘ ကြီး သော သူ သည်၊ ကိုယ့် အိမ် သူ အိမ် သား တို့ ကို နှောင့် ယှက် တတ်၏။ တံ စိုး ကို ရွံ ရှာ သော သူ မူ ကား၊ အ သက် ချမ်း သာ ရ လိမ့် မည်။ Judson Bible မတရားသော စီးပွားကိုရှာသောသူသည် မိမိအိမ်သားတို့ကို နှောင့်ယှက်တတ်၏။ တံစိုးကိုရွံသောသူမူကား အသက်ချမ်းသာရလိမ့်မည်။ |
ရှိမိသည် ချက်ချင်းထ၍ မြင်းကိုကုန်းနှီးတင်ပြီး သူ့အစေအပါးတို့ကိုရှာရန် အာခိတ်မင်းကြီးရှိရာ ဂါသမြို့သို့သွားလေ၏။ ရှိမိသည် သွား၍ မိမိအစေအပါးတို့ကို ဂါသမြို့မှ ပြန်ခေါ်လာခဲ့၏။
သို့ဖြစ်၍ နေမန်၌စွဲသောအနာကြီးရောဂါသည် သင်နှင့် သင့်သားစဉ်မြေးဆက်တို့၌ အမြဲစွဲကပ်နေလိမ့်မည်”ဟု ဆို၏။ ဂေဟာဇိလည်း အနာကြီးရောဂါစွဲကပ်ပြီး နှင်းပွင့်ကဲ့သို့ဖြစ်၍ ဧလိရှဲထံမှ ထွက်သွားလေ၏။
မိမိငွေကို အတိုးဖြင့်ချေးငှားခြင်းမပြု၊ အပြစ်ကင်းသောသူကိုထိခိုက်စေသည့် တံစိုးလက်ဆောင်ကိုလက်မခံသောသူပင်တည်း။ ဤသို့ပြုသောသူသည် မည်သည့်အခါမျှတုန်လှုပ်မည်မဟုတ်။
လူအပေါင်းတို့ထဲမှ အရည်အချင်းရှိသောသူ၊ ဘုရားသခင်ကိုကြောက်ရွံ့သောသူ၊ သစ္စာရှိသောသူ၊ မတရားသောအကျိုးစီးပွားကိုမုန်းသောသူတို့ကို ရွေးချယ်၍ သူတို့ကို လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်အဖြစ် ခန့်ထားရမည်။
တံစိုးလက်ဆောင်ကို လက်မခံရ။ အကြောင်းမူကား တံစိုးလက်ဆောင်သည် ပညာရှိ၏မျက်စိကို ကန်းစေ၍ ဖြောင့်မတ်သောသူ၏စကားကို မှားယွင်းချွတ်ချော်စေတတ်၏။
မတရားသောအကျိုးစီးပွားကို တပ်မက်သောသူတိုင်း၏လမ်းတို့သည် ထိုကဲ့သို့ဖြစ်ကြ၏။ ထိုသို့သောအကျိုးစီးပွားသည် ၎င်းကိုပိုင်ဆိုင်သောသူတို့၏အသက်ကို နုတ်ယူတတ်၏။
ဖြောင့်မတ်ခြင်း၌တည်မြဲသောသူသည် အသက်ရှင်ခြင်းသို့ရောက်လိမ့်မည်။ မကောင်းမှုနောက်သို့လိုက်သောသူမူကား သေခြင်းသို့ရောက်လိမ့်မည်။
မိမိအိမ်သူအိမ်သားတို့ကိုဒုက္ခပေးသောသူသည် လေကိုအမွေဆက်ခံရလိမ့်မည်။ ဆိုးမိုက်သောသူသည်လည်း စိတ်နှလုံး၌ ပညာရှိသောသူ၏အစေအပါးဖြစ်ရလိမ့်မည်။
မကောင်းမှုပြုသောသူ၏အကြံအစည်များကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ သို့သော် နှစ်လိုဖွယ်စကားတို့သည် စင်ကြယ်၏။
ချမ်းသာကြွယ်ဝစေရန် ပင်ပန်းကြီးစွာမပြုနှင့်။ သင်၏အသိဉာဏ်အားဖြင့် ထိုသို့ပြုခြင်းကိုရပ်တန့်လော့။
ထိုးထွင်းဉာဏ်ကင်းမဲ့သောအုပ်ချုပ်သူမင်းသည် အလွန်ဖိနှိပ်ညှဉ်းပန်းတတ်၏။ မတရားသောအကျိုးစီးပွားကိုရွံမုန်းသောသူသည် အသက်ရှည်လိမ့်မည်။
လောဘကြီးသောသူသည် အငြင်းပွားမှုဖြစ်ရန်လှုံ့ဆော်တတ်၏။ ထာဝရဘုရားကိုယုံကြည်ကိုးစားသောသူမူကား ပြည့်စုံကြွယ်ဝလိမ့်မည်။
ရှင်ဘုရင်သည် တရားမျှတမှုအားဖြင့် တိုင်းပြည်ကိုတည်မြဲစေတတ်၏။ အခွန်မတရားကောက်ခံသောသူမူကား တိုင်းပြည်ကိုပြိုပျက်စေတတ်၏။
ခါငှက်သည် မိမိမဥသောဥကိုဝပ်သကဲ့သို့ မတရားသောသူသည် ဓနဥစ္စာသိုမှီးတတ်၏။ သို့သော်လည်း သူသည် သက်တမ်းတစ်ဝက်၌ပင် မိမိဓနဥစ္စာကို စွန့်ထားခဲ့ရ၍ အဆုံး၌ မိုက်မဲသောသူဖြစ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
သင်သည် တရားမျှတခြင်းမှမသွေဖည်ရ၊ မျက်နှာမလိုက်ရ၊ တံစိုးလက်ဆောင်ကို လက်မခံရ။ အကြောင်းမူကား တံစိုးလက်ဆောင်သည် ပညာရှိ၏မျက်စိကို ကန်းစေ၍ ဖြောင့်မတ်သောစကားကို မှားယွင်းချွတ်ချော်စေတတ်၏။
စက်ဆုပ်ရွံရှာဖွယ်သောအရာကို သင့်အိမ်ထဲသို့ မယူလာရ။ ထိုအရာသည် ကျိန်ခြင်းခံရသောအရာဖြစ်၍ ယူလာလျှင် သင်သည် ထိုအရာကဲ့သို့ ကျိန်ခြင်းခံရလိမ့်မည်။ ထိုအရာကို လုံးလုံးရွံမုန်းရမည်။
အကြောင်းမူကား ငွေကိုတပ်မက်ခြင်းသည် မကောင်းမှုအလုံးစုံတို့၏အရင်းအမြစ်ဖြစ်၏။ လူအချို့တို့သည် ငွေကိုအလွန်တပ်မက်သဖြင့် ယုံကြည်ခြင်းလမ်းမှ လွဲချော်သွား၍ များစွာသောပူပန်ခြင်းဝေဒနာဖြင့် မိမိတို့ကိုယ်ကို ထိုးဖောက်နာကျင်စေကြပြီ။
ချမ်းသာလိုသောသူတို့သည် ဖြားယောင်းသွေးဆောင်ရာထဲသို့လည်းကောင်း၊ ထောင်ချောက်ထဲသို့လည်းကောင်း၊ လူတို့ကို ပျက်စီးခြင်းနှင့်ဆုံးရှုံးခြင်းတွင် နစ်မွန်းစေတတ်သော မိုက်မဲ၍အန္တရာယ်ရှိသည့် တပ်မက်ခြင်းအမျိုးမျိုးထဲသို့လည်းကောင်း ကျရောက်တတ်ကြ၏။
ကျိန်ခြင်းခံရသောအရာတို့ကို သတိထားရှောင်ရမည်။ ထိုကျိန်ခြင်းခံရသောအရာတို့ကို သင်တို့ယူမိလျှင် သင်တို့ကိုယ်သင်တို့ အကျိန်ခံစေရာရောက်လိမ့်မည်။ အစ္စရေးတပ်စခန်းကိုလည်း အကျိန်ခံစေရာရောက်လိမ့်မည်။ ဒုက္ခပေးရာရောက်လိမ့်မည်။
ယခု သင်တို့ရှေ့မှာ ငါရှိ၏။ မည်သူ့နွားကို ငါယူဖူးသနည်း၊ မည်သူ့မြည်းကို ငါယူဖူးသနည်း။ မည်သူ့ကို ငါလှည့်စားဖူးသနည်း။ မည်သူ့ကို ငါညှဉ်းဆဲဖူးသနည်း။ မသိကျိုးကျွန်ပြုရန်အတွက် မည်သူ့ထံမှ ငါလာဘ်ယူဖူးသနည်း။ ထာဝရဘုရားရှေ့၊ ဘိသိက်ခံဘုရင်၏ရှေ့တွင် သင်တို့သက်သေပြလော့။ ရှိခဲ့လျှင် ငါပြန်ပေးဆပ်မည်”ဟု ဆို၏။