သနားတတ်သောသူ၊ ချေးငှားပေးတတ်သောသူနှင့် မိမိ၏အမှုကိစ္စတို့ကို တရားမျှတစွာ စီမံခန့်ခွဲတတ်သောသူသည် ကောင်းကျိုးချမ်းသာကိုခံစားရ၏။
သုတ္တံကျမ်း။ 14:21 - မြန်မာ့စံမီသမ္မာကျမ်း မိမိ၏အိမ်နီးချင်းကို မထီမဲ့မြင်ပြုသောသူသည် အပြစ်ပြုသောသူဖြစ်၏။ ဆင်းရဲချို့တဲ့သောသူတို့ကို သနားသောသူမူကား မင်္ဂလာရှိ၏။ Common Language Bible မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုသော သူသည် အပြစ်ရှိ၏။ ဆင်းရဲသော သူကိုသနားသောသူမူကား၊ မင်္ဂလာရှိ၏။ Garrad Bible အ ပေါင်း အ ဖော် ကို မ ထီ မဲ့ မြင် ပြု သော သူ သည်၊ ပြစ် မှား ရာ ရောက်၏။ သူ ဆင်း ရဲ တို့ ကို သ နား သော သူ၌ မူ ကား၊ မင်္ဂ လာ ရှိ၏။ Judson Bible မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုသောသူသည် အပြစ်ရှိ၏။ ဆင်းရဲသောသူကို သနားသောသူမူကား၊ မင်္ဂလာရှိ၏။ |
သနားတတ်သောသူ၊ ချေးငှားပေးတတ်သောသူနှင့် မိမိ၏အမှုကိစ္စတို့ကို တရားမျှတစွာ စီမံခန့်ခွဲတတ်သောသူသည် ကောင်းကျိုးချမ်းသာကိုခံစားရ၏။
သူသည်စွန့်ကြဲ၍ နွမ်းပါးသောသူတို့အား ပေးကမ်း၏။ သူ၏ဖြောင့်မတ်ခြင်းသည် ထာဝရတည်၏။ သူ၏ဦးချိုသည် ဘုန်းအသရေရှိစွာ ချီးမြှောက်ခြင်းကိုခံရလိမ့်မည်။
အကြောင်းမူကား ကိုယ်တော်သည် အဖိနှိပ်ခံရသောသူကြုံတွေ့ရသည့်ဖိနှိပ်မှုကို မထီမဲ့မြင်ပြုတော်မမူ။ ရွံရှာခြင်းလည်းရှိတော်မမူ။ မျက်နှာတော်ကိုလည်း သူ့ထံမှလွှဲတော်မမူဘဲ အကူအညီအော်ဟစ်တောင်းခံသောအခါ သူ့ကိုနားညောင်းတော်မူ၏။
အသိစိတ်မရှိသောသူသည် မိမိ၏အိမ်နီးချင်းကို မထီမဲ့မြင်ပြုတတ်၏။ ထိုးထွင်းဉာဏ်ရှိသောသူမူကား တိတ်ဆိတ်စွာနေတတ်၏။
ဆင်းရဲသောသူကို နှိပ်စက်သောသူသည် သူ၏ဖန်ဆင်းရှင်ကို စော်ကားသောသူဖြစ်၏။ နွမ်းပါးသောသူကို သနားသောသူမူကား ကိုယ်တော်ကို ရိုသေလေးမြတ်သောသူဖြစ်၏။
ဆင်းရဲသောသူကိုပြက်ရယ်ပြုသောသူသည် သူ၏ဖန်ဆင်းရှင်ကို စော်ကားသောသူဖြစ်၏။ သူတစ်ပါးဘေးဒုက္ခရောက်သည်ကို ဝမ်းမြောက်သောသူသည် အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။
ဆိုးယုတ်သောသူရောက်လာသောအခါ မထီမဲ့မြင်ပြုခြင်းလည်း ရောက်လာတတ်၏။ ကဲ့ရဲ့ပြစ်တင်ခြင်းသည်လည်း အရှက်ကွဲခြင်းနှင့်အတူရောက်လာတတ်၏။
ဆင်းရဲသောသူကိုသနားသောသူသည် ထာဝရဘုရားအား ချေးငှားခြင်းဖြစ်၍ ကိုယ်တော်သည် သူ၏လုပ်ဆောင်မှုအတွက် သူ့အား ဆုလာဘ်ကိုပေးတော်မူလိမ့်မည်။
ဆိုးယုတ်သောသူ၏စိတ်ဝိညာဉ်သည် မကောင်းမှုကို တောင့်တတတ်၏။ သူ၏အိမ်နီးချင်းသည် သူ့မျက်ဝန်း၌ သနားတတ်သောသဘောကိုရှာမတွေ့။
စေတနာစိတ်ရှိသောသူသည် မိမိ၏အစားအစာကို ဆင်းရဲသောသူအား ပေးကမ်းသောကြောင့် ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်။
ဆင်းရဲသောသူတို့အား ပေးကမ်းသောသူသည် ချို့တဲ့နွမ်းပါးလိမ့်မည်မဟုတ်။ မျက်ကွယ်ပြုသောသူမူကား များစွာသောကျိန်ဆဲခြင်းကိုခံရလိမ့်မည်။
အတိုးချခြင်းနှင့် အမြတ်ကြီးစားခြင်းဖြင့် မိမိ၏စည်းစိမ်ဥစ္စာကိုတိုးပွားစေသောသူသည် ဆင်းရဲသောသူတို့ကိုသနားတတ်သောသူအတွက် စုဆောင်းနေခြင်းဖြစ်၏။
သို့ဖြစ်၍ အို အရှင်မင်းကြီး၊ အကျွန်ုပ်အကြံပေးသည်ကို လက်ခံပါ။ ဖြောင့်မတ်စွာပြု၍ အပြစ်ကိုရှောင်ကြဉ်ပါ။ ဆင်းရဲသားတို့ကို သနား၍ မတရားမှုများကို စွန့်ပစ်ပါ။ သို့ပြုလျှင် မင်းကြီး၏နန်းစည်းစိမ်သည် တာရှည်တည်ပါလိမ့်မည်”ဟု ပြန်လျှောက်လေ၏။
မိမိကိုယ်ကိုဖြောင့်မတ်သည်ဟုယုံမှတ်လျက် သူတစ်ပါးတို့ကို မထီမဲ့မြင်ပြုတတ်သောသူအချို့တို့အား ကိုယ်တော်သည် ဤပုံဥပမာကိုပေး၍မြွက်ဆိုတော်မူသည်မှာ
ထိုသို့ကြိုးစားလုပ်ဆောင်၍ အားနည်းသောသူတို့ကို ကူညီမစသင့်ကြောင်းနှင့်‘ပေးကမ်းခြင်းသည် ရယူခြင်းထက် သာ၍မင်္ဂလာရှိသည်’ဟု သခင်ယေရှုကိုယ်တော်တိုင် မိန့်တော်မူသည့်စကားကို သတိရသင့်ကြောင်း အရာရာ၌ သင်တို့အား ငါပြသ၏”ဟု ဆိုလေ၏။
သင်သည် ‘အကြွေးလျှော်ပစ်ခြင်းနှစ်ဖြစ်သော ခုနစ်နှစ်မြောက်သောနှစ်ရောက်လုနီးပြီ’ဟု တွေးလျက် နွမ်းပါးသော သင်၏ညီအစ်ကိုအား မကြည်ဖြူ၊ ဘာမျှမပေးဘဲနေခြင်းဖြင့် ဆိုးညစ်သောစိတ် မဝင်မိစေရန်သတိပြုလော့။ သို့မဟုတ်လျှင် သူသည် ထာဝရဘုရားထံဟစ်အော်သဖြင့် သင့်အပေါ်အပြစ်သက်ရောက်မည်။
ဤသည်ကား သင်တို့သည် ပျင်းရိခြင်းမရှိဘဲ ယုံကြည်ခြင်းနှင့်စိတ်ရှည်ခြင်းတို့အားဖြင့် ကတိတော်ကိုအမွေဆက်ခံသောသူတို့အား အတုယူသူများဖြစ်ကြမည့်အကြောင်းတည်း။