Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သုတ္တံကျမ်း။ 18:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ဆိုးယုတ်​သော​သူ​ရောက်လာ​သောအခါ မထီမဲ့မြင်ပြု​ခြင်း​လည်း ရောက်လာ​တတ်​၏​။ ကဲ့ရဲ့ပြစ်တင်​ခြင်း​သည်​လည်း အရှက်ကွဲ​ခြင်း​နှင့်အတူ​ရောက်လာ​တတ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 မတရားသောသူလာသောအခါ၊ မထီမဲ့မြင်ပြု ခြင်းကို ခံရ၏။ ဂုဏ်အသရေပျက်သောအခါ၊ ကဲ့ရဲ့ခြင်း ကိုလည်း ခံရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 လူ ဆိုး လာ ရာ တွင်၊ မ ထီ မဲ့ မြင် ပြု ခြင်း ကိုလည်း‌ ကောင်း၊ အ ရှက် ကွဲ ရာ တွင်၊ ကဲ့ ရဲ့ ခြင်း ကို လည်း‌ ကောင်း၊ ခံ ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 မ​တ​ရား​သော​သူ​လာ​သော​အ​ခါ၊ မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို​ခံ​ရ၏။ ဂုဏ်​အ​သ​ရေ​ပျက်​သော​အ​ခါ၊ ကဲ့​ရဲ့​ခြင်း​ကို​လည်း ခံ​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သုတ္တံကျမ်း။ 18:3
14 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ငါ​က “​အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ အကျွန်ုပ်​တို့​ကဲ့ရဲ့​ခံရ​သည်​ကို နားထောင်​တော်မူ​ပါ​။ သူ​တို့​ကဲ့ရဲ့​သည့်​စကား​ကို သူ​တို့​ခေါင်း​ပေါ် ပြန်ရောက်​စေ​တော်မူ​ပါ​။ သူ​တို့​ကို လုယက်ပစ္စည်း​ကဲ့သို့​ဖြစ်​စေ​၍ သုံ့ပန်းဘဝ​သို့ ရောက်​စေ​တော်မူ​ပါ​။


ကဲ့ရဲ့ပြစ်တင်​ခြင်း​သည် အကျွန်ုပ်​၏​စိတ်နှလုံး​ကို​ကျိုးပဲ့​စေ​၍ အကျွန်ုပ်​သည် အလွန်​စိတ်ပျက်​အားငယ်​လျက်​ရှိ​ပါ​၏​။ အကျွန်ုပ်​သည် စာနာထောက်ထား​မည့်​သူ​ကို စောင့်မျှော်​သော်လည်း မ​ရှိ​ခဲ့​ပါ​။ နှစ်သိမ့်ပေး​မည့်​သူ​များ​ကို​ရှာ​သော်လည်း မ​တွေ့​ခဲ့​ပါ​။


အကြောင်းမူကား ကိုယ်တော်​၏​အိမ်​တော်​အတွက် ထက်သန်​သော​စိတ်​သည် အကျွန်ုပ်​ကို​လွှမ်းမိုး​လျက်​ရှိ​ပါ​၏​။ ကိုယ်တော်​ကို​ကဲ့ရဲ့ပြစ်တင်​သော​သူ​တို့​၏ ကဲ့ရဲ့ပြစ်တင်​သော​စကား​သည် အကျွန်ုပ်​အပေါ်​သို့​ကျရောက်​ပါ​၏​။


မာနထောင်လွှား​ခြင်း​လာ​သောအခါ အရှက်ကွဲ​ခြင်း​လိုက်လာ​တတ်​၏​။ ဉာဏ်ပညာ​ကား စိတ်နှိမ့်ချ​သော​သူ​တို့​နှင့်အတူ လိုက်လာ​၏​။


ဖြောင့်မတ်​သော​သူ​သည် မုသား​စကား​ကို မုန်း​၏​။ ဆိုးယုတ်​သော​သူ​မူကား စက်ဆုပ်ရွံရှာဖွယ်​ဖြစ်​၍ မျက်နှာပျက်​ရ​တတ်​၏​။


မိုက်မဲ​သော​သူ​သည် ထိုးထွင်းဉာဏ်​ကို​အလို​မ​ရှိ​ဘဲ မိမိ​စိတ်သဘော​ကို​သာ ဖော်ပြ​တတ်​၏​။


လူ​၏​နှုတ်​မှ​ထွက်​သော​စကား​တို့​သည် နက်​သော​ရေ​ကဲ့သို့​ဖြစ်​၏​။ ဉာဏ်ပညာ​၏​စမ်းရေတွင်း​သည် စီးဆင်း​နေ​သော​စမ်းချောင်း​ကဲ့သို့​ဖြစ်​၏​။


ပြက်ရယ်​ပြု​တတ်​သော​သူ​ကို နှင်ထုတ်​လော့​။ သို့ပြုလျှင် အငြင်းပွားမှု​သည် ထွက်သွား​၍ ခိုက်ရန်​ဖြစ်​ခြင်း​နှင့်​အရှက်ကွဲ​ခြင်း​သည်​လည်း အဆုံးသတ်​သွား​လိမ့်မည်​။


ဆိုးယုတ်​သော​သူ​တို့​များပြား​လာ​သောအခါ အပြစ်​ကျူးလွန်​ခြင်း​သည်​လည်း များပြား​လာ​၏​။ သို့သော် သူ​တို့​၏​ပြိုလဲ​ခြင်း​ကို ဖြောင့်မတ်​သော​သူ​တို့​သည် တွေ့မြင်​ရ​ကြ​လိမ့်မည်​။


သင်​တို့​သည် ခရစ်တော်​၏​နာမ​ကြောင့် ကဲ့ရဲ့​ပြစ်တင်​ခြင်း​ခံရ​လျှင် မင်္ဂလာရှိ​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော​ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် သင်​တို့​အပေါ်​၌ ကိန်းဝပ်​တော်မူ​၏။


ယခု​မှာ သင်​တို့​သည် ထိုကဲ့သို့သော​လွန်ကဲ​သည့်​အပျော်ကြူး​ခြင်း​၌ သူ​တို့​နှင့်အတူ​မ​ပါဝင်​ကြ​သောကြောင့် သူ​တို့​သည် အံ့ဩ​လျက် စော်ကား​ပြောဆို​ကြ​၏။


ထိုအခါ ရှောလု​မင်းကြီး​သည် ယောနသန်​အား အမျက်​ပြင်းစွာ​ထွက်​လျက် “​ပုန်ကန်​ဖောက်ပြား​သော​မိန်းမ​၏​သား​၊ သင်​အရှက်​ရ​အောင်​၊ သင့်​မိခင် အဝတ်အချည်းစည်း​ဖြစ်​ပြီး အရှက်ကွဲ​အောင် သင်​သည် ယေရှဲ​၏​သား​ဘက်​၌ ရပ်တည်​နေ​သည်​ကို ငါ​မ​သိ​ဘဲ​နေ​မည်လော​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ