ထို့ပြင် ဂျေရုဆလင်မြို့သားများအပါအဝင် မှူးမတ်များ၊ စစ်သူရဲများ၊ လက်မှုပညာသည်များ၊ ပန်းပဲသမားများအားလုံး စုစုပေါင်းလူတစ်သောင်းကို ဖမ်းခေါ်သွား၏။ ဆင်းရဲသောပြည်သူပြည်သားများမှအပ မည်သူမျှမကျန်တော့ပေ။
သုတ္တံကျမ်း။ 13:8 - မြန်မာ့စံမီသမ္မာကျမ်း လူ၏ဓနဥစ္စာသည် သူ့အသက်ကိုပြန်ရွေးသော အဖိုးအခဖြစ်၏။ ဆင်းရဲသောသူမူကား မည်သည့်ခြိမ်းခြောက်သံကိုမျှ မကြားရပေ။ Common Language Bible စည်းစိမ်သည် ရတတ်သောသူ၏အသက်ကို ရွေးဘို့ဖြစ်၏။ ဆင်းရဲသောသူမူကား၊ အပြစ်တင်သော စကားကို မကြားဘဲနေ၏။ Garrad Bible လူ့ စည်း စိမ် သည်၊ ကိုယ့် အ သက် ကို ရွေး နှုတ် ရန် အ ဖိုး ဖြစ်၏။ သူ ဆင်း ရဲ မူ ကား၊ ခြိမ်း ချောက် ခြင်း စ ကား ကို မ ကြား မ အပ် စပ်။ Judson Bible စည်းစိမ်သည် ရတတ်သောသူ၏ အသက်ကို ရွေးဖို့ဖြစ်၏။ ဆင်းရဲသောသူမူကား၊ အပြစ်တင်သောစကားကို မကြားဘဲနေ၏။ |
ထို့ပြင် ဂျေရုဆလင်မြို့သားများအပါအဝင် မှူးမတ်များ၊ စစ်သူရဲများ၊ လက်မှုပညာသည်များ၊ ပန်းပဲသမားများအားလုံး စုစုပေါင်းလူတစ်သောင်းကို ဖမ်းခေါ်သွား၏။ ဆင်းရဲသောပြည်သူပြည်သားများမှအပ မည်သူမျှမကျန်တော့ပေ။
သို့သော် ကိုယ်ရံတော်မှူးသည် ဆင်းရဲသောပြည်သားအချို့ကို ချန်ထား၍ စပျစ်ခြံများ၊ လယ်များတွင် အလုပ်လုပ်စေ၏။
ထိုအခါ စာတန်က ထာဝရဘုရားအား “အရေပြားအဖို့ အရေပြားဆိုသကဲ့သို့ပင် လူသည် မိမိအသက်အဖို့ အရာအားလုံးကိုပင် ပေးဆပ်နိုင်မည်သာဖြစ်ပါ၏။
အကယ်၍ သူ့အားလျော်ကြေးတောင်းမည်ဆိုလျှင် တောင်းသမျှကို သူသည် မိမိအသက်ကိုရွေးနုတ်သောအဖိုးအခအဖြစ် ပေးရမည်။
ဘာမျှမရှိဘဲလျက် ချမ်းသာဟန်ဆောင်သောသူရှိ၏။ စည်းစိမ်ဥစ္စာများစွာရှိလျက်နှင့် ဆင်းရဲဟန်ဆောင်သောသူရှိ၏။
ဖြောင့်မတ်သောသူတို့၏အလင်းသည် ထွန်းလင်းတောက်ပလိမ့်မည်။ ဆိုးယုတ်သောသူတို့၏မီးခွက်မူကား ငြိမ်းလိမ့်မည်။
ပညာရှိသောသူတို့၏သရဖူသည် သူတို့၏ဓနဥစ္စာဖြစ်၏။ မိုက်မဲသောသူတို့၏မိုက်မဲခြင်းမူကား မိုက်မဲမှုဖြစ်၏။
မည်သည့်လျော်ကြေးကိုမျှ လက်ခံလိမ့်မည်မဟုတ်။ များစွာသောတံစိုးလက်ဆောင်ကိုလည်း အလိုရှိလိမ့်မည်မဟုတ်။
သို့သော် ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ဘာမျှမရှိသောဆင်းရဲသားတို့ကို ယုဒပြည်၌ထားခဲ့၍ သူတို့အား စပျစ်ခြံနှင့်လယ်ယာမြေတို့ကို ပေးလေ၏။
ထိုအခါ ထိုသူတို့ထဲမှလူဆယ်ယောက်တို့က “အကျွန်ုပ်တို့ကို မသတ်ပါနှင့်။ အကျွန်ုပ်တို့မှာ တော၌ဝှက်ထားသော ဂျုံ၊ မုယော၊ ဆီ၊ ပျားရည်တို့ ရှိပါသည်”ဟု ဣရှမေလအားဆိုသောကြောင့် သူတို့ကို သူတို့အဖော်တို့နှင့်အတူ မသတ်ဘဲ ထားခဲ့လေ၏။
အဖိနှိပ်ခံရသူများ၊ ဆင်းရဲသားများကို သင့်ထံတွင် ငါချန်ထားမည်။ သူတို့သည် ထာဝရဘုရား၏နာမတော်၌ ခိုလှုံကြလိမ့်မည်။
လူသည် ကမ္ဘာလောကတစ်ခုလုံးကိုရရှိသော်လည်း မိမိအသက်ဝိညာဉ်ဆုံးရှုံးလျှင် မည်သည့်အကျိုးရှိမည်နည်း။ တစ်နည်းအားဖြင့် လူသည် မည်သည့်အရာကိုပေး၍ မိမိအသက်ဝိညာဉ်ကို ပြန်ရွေးနိုင်မည်နည်း။
အကြောင်းမူကား အသက်သည် အစာထက် အရေးကြီး၏။ ကိုယ်ခန္ဓာသည်လည်း အဝတ်ထက် အရေးကြီး၏။