ဖြောင့်မတ်သောသူရရှိသောအဖိုးအခသည် အသက်ဖြစ်၏။ ဆိုးယုတ်သောသူရရှိသောအမြတ်အစွန်းသည် အပြစ်ဖြစ်၏။
သုတ္တံကျမ်း။ 12:28 - မြန်မာ့စံမီသမ္မာကျမ်း ဖြောင့်မတ်သောလမ်း၌အသက်ရှင်ခြင်းရှိ၍ ထိုလမ်းခရီးတစ်လျှောက်၌ သေခြင်းမရှိ။ Common Language Bible ဖြောင့်မတ်ခြင်းတရားလမ်း၌ သေဘေးမရှိ၊ အသက်ချမ်းသာလမ်း ဖြစ်၏။ Garrad Bible ဖြောင့် မတ် ခြင်း တ ရား လမ်း၌ အ သက် တည်၍၊ သေ ဘေး နှင့် လွတ် ကင်း ချမ်း သာ ရ ၏။ Judson Bible ဖြောင့်မတ်ခြင်းတရားလမ်း၌ သေဘေးမရှိ၊ အသက်ချမ်းသာလမ်းဖြစ်၏။ |
ဖြောင့်မတ်သောသူရရှိသောအဖိုးအခသည် အသက်ဖြစ်၏။ ဆိုးယုတ်သောသူရရှိသောအမြတ်အစွန်းသည် အပြစ်ဖြစ်၏။
မတရားသဖြင့်ရသောဥစ္စာဘဏ္ဍာသည် အကျိုးမရှိ။ ဖြောင့်မတ်ခြင်းမူကား သေခြင်းမှလွတ်မြောက်စေတတ်၏။
ဖြောင့်မတ်ခြင်း၌တည်မြဲသောသူသည် အသက်ရှင်ခြင်းသို့ရောက်လိမ့်မည်။ မကောင်းမှုနောက်သို့လိုက်သောသူမူကား သေခြင်းသို့ရောက်လိမ့်မည်။
အကြောင်းမူကား ငါ့ကိုတွေ့သောသူသည် အသက်ကိုတွေ့၍ ထာဝရဘုရားထံတော်မှ ကျေးဇူးတော်ကိုခံစားရ၏။
အကြောင်းမူကား ဉာဏ်ပညာအားဖြင့် သင်၏နေ့ရက်တို့သည် များပြား၍ သင့်အသက်တာ၏နှစ်ကာလတို့သည် ထပ်တိုးလာလိမ့်မည်။
သင်သည် ဤလူမျိုးတို့အား “ထာဝရဘုရားက ‘ကြည့်ရှုလော့။ အသက်ရှင်ခြင်းလမ်းနှင့် သေခြင်းလမ်းကို သင်တို့ရှေ့၌ ငါချထား၏။
ငါ၏ပြဋ္ဌာန်းချက်တို့ကိုလိုက်လျှောက်ပြီး စီရင်ထုံးဖွဲ့ချက်တို့ကို သစ္စာရှိစွာစောင့်ထိန်းလျက် ဖြောင့်မတ်သောသူဖြစ်လျှင် သူသည် အမှန်ပင်အသက်ချမ်းသာရာရမည်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
ဤသည်ကား အပြစ်သည် သေခြင်းအားဖြင့် စိုးမိုးခဲ့သည့်နည်းတူ ကျေးဇူးတော်သည်လည်း ဖြောင့်မတ်ခြင်းအားဖြင့် စိုးမိုးလျက် ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ထာဝရအသက်ကိုရရှိစေရန်ဖြစ်၏။
အသက်ရှင်၍ကောင်းစားခြင်းနှင့် သေဆုံး၍ပျက်စီးခြင်းကို ယနေ့ သင့်ရှေ့၌ ငါချထား၏။
ယနေ့ ငါသည် ကောင်းကင်နှင့်မြေကြီးကိုသက်သေထား၍ အသက်ရှင်ခြင်းနှင့်သေခြင်း၊ ကောင်းချီးမင်္ဂလာနှင့်ကျိန်ခြင်းအမင်္ဂလာကို သင့်ရှေ့၌ ငါချထား၏။ သို့ဖြစ်၍ သင်နှင့်သင်၏သားမြေးတို့အသက်ရှင်မည့်အကြောင်း အသက်ရှင်ခြင်းကိုရွေးချယ်လော့။
“ယနေ့ သင်တို့အား ငါသတိပေးသောစကားရှိသမျှတို့ကို နှလုံးသွင်းကြလော့။ ဤတရားစကားရှိသမျှတို့ကို လိုက်နာစောင့်ထိန်းမည့်အကြောင်း သင်တို့၏သားသမီးတို့ကို မှာကြားကြလော့။
ဘုရားသခင်သည် ဖြောင့်မတ်တော်မူကြောင်းကို သင်တို့သိလျှင် ဖြောင့်မတ်ခြင်းတရားကိုကျင့်သုံးသောသူတိုင်းသည် ဘုရားသခင်ထံမှပေါက်ဖွားလာသောသူဖြစ်ကြောင်းကိုလည်း သင်တို့သိကြ၏။
သားသမီးတို့၊ သင်တို့ကို မည်သူမျှ မလှည့်ဖြားစေနှင့်။ ကိုယ်တော်သည် ဖြောင့်မတ်တော်မူသည့်နည်းတူ ဖြောင့်မတ်ခြင်းတရားကိုကျင့်သုံးသောသူသည် ဖြောင့်မတ်၏။
ချစ်ရသောသူ၊ မကောင်းသောအမှုကိုအတုမယူဘဲ ကောင်းသောအမှုကိုအတုယူလော့။ ကောင်းသောအမှုကိုပြုသောသူသည် ဘုရားသခင်နှင့်စပ်ဆိုင်၏။ မကောင်းသောအမှုကိုပြုသောသူမူကား ဘုရားသခင်ကို မသိမမြင်ဖူးချေ။