တရားဟော 30:19 - မြန်မာ့စံမီသမ္မာကျမ်း19 ယနေ့ ငါသည် ကောင်းကင်နှင့်မြေကြီးကိုသက်သေထား၍ အသက်ရှင်ခြင်းနှင့်သေခြင်း၊ ကောင်းချီးမင်္ဂလာနှင့်ကျိန်ခြင်းအမင်္ဂလာကို သင့်ရှေ့၌ ငါချထား၏။ သို့ဖြစ်၍ သင်နှင့်သင်၏သားမြေးတို့အသက်ရှင်မည့်အကြောင်း အသက်ရှင်ခြင်းကိုရွေးချယ်လော့။ အခန်းကိုကြည့်ပါ။Common Language Bible19 ငါသည်ယခုသင်တို့အားအသက်ရှင်ခြင်းသို့ မဟုတ်သေခြင်း၊ ဘုရားသခင်ထံတော်မှကောင်း ချီးမင်္ဂလာသို့မဟုတ်အမင်္ဂလာကိုရွေးခွင့် ပေး၏။ သင်တို့ရွေးယူသည်ကို ကောင်းကင်နှင့် မြေကြီးသက်သေဖြစ်ပါစေ။ အသက်ရှင် ခြင်းကိုရွေးယူကြလော့။- အခန်းကိုကြည့်ပါ။Garrad Bible19-20 ရှင် ခြင်း၊ သေ ခြင်း၊ မင်္ဂ လာ အ မင်္ဂ လာ နှစ် ပါး ကို သင် တို့ ရှေ့ ငါ ထား ခဲ့ ကြောင်း သက် သေ များ အ ဖြစ် မိုး ကောင်း ကင် နှင့် မြေ ပ ထ ဝီ ကို ယ နေ့ ပင် ငါ ခေါ်၏။ သို့ နှင့် အ ညီ၊ အ ဆက် အ နွယ် ပါ အ သက် ချမ်း သာ ရ ကြ အံ့ သော ငှါလည်း ကောင်း၊ ဘိုး ဘေး ဖြစ် သူ အာ ဗြ ဟံ၊ ဣ ဇာက်၊ ယာ ကုပ် တို့ အား ပေး မည် ဟူ၍ ထာ ဝ ရ ဘု ရား သ စ္စာ ဆို တော် မူ ခဲ့ သော ပြည် တွင် နေ ထိုင် ခွင့် ရ ကြ အံ့ သော ငှါလည်း ကောင်း၊ ကိုယ့် အ သက် ရှင် ရာ ရှင် ကြောင်း၊ တာ ရှည် ရာ တာ ရှည် ကြောင်း ဖြစ် သော ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ချစ် ကြည် မြတ် နိုး နာ ခံ ဆည်း ကပ် မှု နှင့် စပ် လျဉ်း ရာ အ သက် ရှင် ခြင်း ကို ရွေး ယူ ကြ လော့ ဟု မော ရှေ မှာ ထား လေ၏။ အခန်းကိုကြည့်ပါ။Judson Bible19 အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းချီးပေးခြင်း၊ ကျိန်ခြင်းတို့ကို သင့်ရှေ့၌ ငါထားသည်ဟု သင့်တစ်ဖက်၌ ကောင်းကင်မြေကြီးကို ငါတိုင်တည်၏။ အခန်းကိုကြည့်ပါ။ |
သင်သည် အသက်ရှင်၍တိုးပွားမည့်အကြောင်း၊ သင်ဝင်ရောက်သိမ်းပိုက်မည့်ပြည်၌ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုကောင်းချီးပေးတော်မူမည့်အကြောင်း သင်၏ဘုရားသခင်ထာဝရဘုရားကိုချစ်၍ လမ်းတော်သို့လိုက်လျက် ကိုယ်တော်၏ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို စောင့်ထိန်းရမည်ဟု ယနေ့ သင့်အား ငါမှာကြား၏။
ထိုနေ့ရက်၌ ငါသည် သူတို့ကိုအမျက်ထွက်၍ စွန့်ပစ်မည်။ သူတို့ထံမှ မျက်နှာလွှဲမည်။ သူတို့သည် ဝါးမျိုခြင်းခံရမည်။ ဘေးအန္တရာယ်နှင့်ဆင်းရဲဒုက္ခများစွာတို့နှင့် ကြုံတွေ့ရမည်။ သို့ဖြစ်၍ ထိုနေ့ရက်၌ သူတို့က ‘ငါတို့၏ဘုရားသခင်သည် ငါတို့နှင့်အတူမရှိသောကြောင့် ဤဘေးအန္တရာယ်များနှင့် ငါတို့ကြုံတွေ့ရသည်မဟုတ်လော’ဟု ဆိုကြလိမ့်မည်။