အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




သုတ္တံကျမ်း။ 12:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

မကောင်းမှု​ပြု​သော​သူ​သည် မိမိ​နှုတ်​ကျူးလွန်​သော​အပြစ်​အားဖြင့် ထောင်ချောက်​မိ​တတ်​၏​။ ဖြောင့်မတ်​သော​သူ​မူကား ဆင်းရဲဒုက္ခ​ထဲမှ လွတ်မြောက်​တတ်​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

စကားလွန်ကျူးရာတွင် ဆိုးသောကျော့ကွင်း ရှိ၏။ ဖြောင့်မတ်သောသူမူကား၊ အမှုထဲက ထမြောက် တတ်၏။

အခန်းကိုကြည့်ပါ။

Garrad Bible

လွန် ကျူး သော စ ကား ကို ဆို ရာ တွင်၊ ဆိုး သော ကျော့ ကွင်း ရှိ၏။ ဖြောင့် မတ် သော သူ မူ ကား၊ အ ကျဉ်း အ ကျပ် မှ ထွက် မြောက် လိမ့် မည်။

အခန်းကိုကြည့်ပါ။

Judson Bible

စ​ကား​လွန်​ကျူး​ရာ​တွင် ဆိုး​သော​ကျော့​ကွင်း​ရှိ၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ အ​မှု​ထဲ​က ထ​မြောက်​တတ်၏။

အခန်းကိုကြည့်ပါ။



သုတ္တံကျမ်း။ 12:13
21 ပူးပေါင်းရင်းမြစ်များ  

ဘေးအန္တရာယ်​အပေါင်း​မှ ငါ့​ကို​ရွေးနုတ်​တော်မူ​သော ကောင်းကင်တမန်​သည် ဤ​သူငယ်​တို့​ကို​ကောင်းချီးပေး​တော်မူ​ပါစေသော​။ သူ​တို့​ကို ငါ​၏​အမည်​ဖြင့်​လည်းကောင်း​၊ ငါ့​ဘိုးဘ​အာဗြဟံ​နှင့်​ဣဇက်​တို့​၏​အမည်​ဖြင့်​လည်းကောင်း မှည့်ခေါ်​ပါစေသော​။ သူ​တို့​သည် မြေကြီး​ပေါ်၌ အလွန်​ပွားများ​ကြ​ပါစေသော​”​ဟု ဆို​လေ​၏​။


ထိုအခါ ဒါဝိဒ်​မင်းကြီး​က ဗေရောသိ​လူမျိုး​၊ ရိမ္မုန်​၏​သား​ဖြစ်​သော ရေခပ်​နှင့်​ဗာနာ ညီအစ်ကို​တို့​အား “​ငါ့​အသက်​ကို ဘေးဒုက္ခ​အပေါင်း​မှ ရွေးနုတ်ကယ်တင်​တော်မူ​သော ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ


ထို့ပြင် ရှောလမုန်​မင်းကြီး​က ထာဝရဘုရား​ကို​တိုင်တည်​၍ “​အဒေါနိယ​သည် အသက်​ကို​ရင်း​၍ ဤသို့​တောင်းဆို​ခြင်း​မ​ဟုတ်​လျှင် ဘုရားသခင်​သည် အကျွန်ုပ်​၌ ထိုမျှမက ပြု​တော်မူ​ပါစေသော​။


ဖြောင့်မတ်​သော​သူ​သည် ဒုက္ခ​များစွာ​ခံရ​သော်လည်း ထို​ဒုက္ခ​အားလုံး​ထဲမှ သူ့​ကို ထာဝရဘုရား​ကယ်နုတ်​တော်မူ​၏​။


သူ​၏​အရိုး​ရှိသမျှ​တို့​ကို​စောင့်ရှောက်​တော်မူ​၍ ထို​အရိုး​တစ်ချောင်းမျှ​ချိုးဖဲ့​ခြင်း​မ​ခံရ​။


လိမ်လည်​ပြောဆို​သော​သူ​တို့​ကို​ဖျက်ဆီး​တော်မူ​၏​။ ထာဝရဘုရား​သည် လူ​အသက်​ကို​သတ်​သော​သူ​နှင့် လိမ်လည်လှည့်ဖြား​သော​သူ​တို့​ကို စက်ဆုပ်ရွံရှာ​တော်မူ​၏​။


သူ​တို့​နှုတ်​၏​အပြစ်​နှင့် သူ​တို့​နှုတ်ထွက်​စကား​ကြောင့်​လည်းကောင်း​၊ သူ​တို့​ရေရွတ်​သော ကျိန်ဆဲစကား​နှင့်​မုသားစကား​ကြောင့်​လည်းကောင်း သူ​တို့​သည် မိမိ​တို့​၏​မာနကြီး​ခြင်း​ထဲ၌ ကျော့မိ​ကြ​ပါစေ​။


သူ​တို့​ကို အမျက်ဒေါသ​ဖြင့် အပြီးသတ်​သုတ်သင်​တော်မူ​ပါ​။ သူ​တို့​မ​ရှိ​တော့​သည်​အထိ အပြီးသတ်​သုတ်သင်​တော်မူ​ပါ​။ ထိုအခါ ဘုရားသခင်​သည် ယာကုပ်​မှစ၍ ကမ္ဘာမြေ​အစွန်း​တိုင်အောင် အုပ်စိုး​တော်မူ​ကြောင်း သိ​ကြ​ပါ​လိမ့်မည်​။(​စေလာ)


ကိုယ်တော်​သည် သူ​တို့​လျှာ​ကြောင့် သူ​တို့​ကို​လဲကျ​စေ​တော်မူ​လိမ့်မည်​။ သူ​တို့​ကို​မြင်​သော​သူ​အပေါင်း​တို့​သည် ထွက်ပြေး​ကြ​လိမ့်မည်​။


စိတ်နှလုံး​၌​ပညာရှိ​သော​သူ​သည် ပညတ်ချက်​တို့​ကို လက်ခံ​တတ်​၏​။ နှုတ်ဖွာ​သည့် ဆိုးမိုက်​သော​သူ​ကား ပျက်စီး​ခြင်း​သို့ ရောက်​ရ​လိမ့်မည်​။


ဖြောင့်မတ်​သော​သူ​သည် ဆင်းရဲဒုက္ခ​ထဲမှ​လွတ်မြောက်​၍ ဆိုးယုတ်​သော​သူ​သည် သူ့​အစား​ဝင်​ရ​၏​။


ပညာရှိ​သော​သူ​တို့​၏​လျှာ​သည် အသိပညာ​ကို​ထုတ်ဖော်​တတ်​၏​။ မိုက်မဲ​သော​သူ​တို့​၏​နှုတ်​မူကား မိုက်မဲ​ခြင်း​ကို​သွန်ထုတ်​တတ်​၏​။


သေ​ခြင်း​နှင့်​အသက်ရှင်​ခြင်း​သည် လျှာ​၏​တန်ခိုး​အောက်​၌​ရှိ​သည်​ဖြစ်၍ လျှာ​ကို​ချစ်ခင်​သော​သူ​သည် ၎င်း​၏​အသီး​ကို​စား​ရ​လိမ့်မည်​။


မိမိ​နှုတ်​နှင့် လျှာ​ကို စောင့်ထိန်း​သော​သူ​သည် မိမိ​အသက်​ကို ဆင်းရဲဒုက္ခ​မှ စောင့်ထိန်း​သော​သူ​ဖြစ်​၏​။


ကိုယ့်​နှုတ်ထွက်​စကား​နှင့်​ကိုယ်​ကျော့မိ​၍ ကိုယ့်​နှုတ်ထွက်​စကား​နှင့်​ကိုယ် အဖမ်း​ခံရ​လေ​ပြီ​။


ဤ​အချက်​ကို​ဆုပ်ကိုင်​ထား​လျှင်​ကောင်း​၏​။ အခြား​တစ်​ချက်​ကို​လည်း လက်​မ​လွတ်​စေ​နှင့်​။ အကြောင်းမူကား ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​သည် ထို​အရာ​အားလုံး​ကို အောင်နိုင်​လိမ့်မည်​။


ရှင်ဘုရင်​သည် ဒံယေလ​အား စွပ်စွဲ​ခဲ့​သော​သူ​တို့​ကို ခေါ်ဆောင်​လာ​စေ​၍ ခြင်္သေ့​တွင်း​ထဲသို့ ပစ်ချ​ရန် အမိန့်ပေး​လေ​၏​။ ထို​သူ​တို့​ကို သားသမီး​၊ ဇနီး​များ​နှင့်တကွ ခြင်္သေ့​တွင်း​ထဲသို့​ပစ်ချ​လိုက်​ရာ တွင်း​အောက်ခြေ​မ​ရောက်​မီ​ပင် ခြင်္သေ့​တို့​သည် သူ​တို့​ကို ခုန်အုပ်​၍​အရိုး​ပါ​မ​ကျန် ချိုးဖဲ့ကိုက်စား​ကြ​လေ​၏​။


လူ​အပေါင်း​တို့​က​လည်း “သူ​၏​သွေး​သည် ငါ​တို့​နှင့်​ငါ​တို့​၏​သားသမီး​များ​အပေါ် ကျရောက်​ပါစေ”​ဟု ပြန်ပြော​ကြ​၏။


သို့ဖြစ်၍ ထာဝရ​ဘုရား​သည် ဘုရား​ဝတ်​၌​မွေ့လျော်​သော​သူ​တို့​ကို စုံစမ်း​နှောင့်ယှက်​ခြင်း​ထဲမှ ကယ်နုတ်​ရ​မည်​ကို​လည်းကောင်း၊ မ​ဖြောင့်မတ်​သော​သူ​တို့​ကို တရား​စီရင်​ရာ​နေ့ရက်​၌ အပြစ်ဒဏ်​ခံ​စေရန်​ထိန်းသိမ်း​ထား​ရ​မည်​ကို​လည်းကောင်း သိ​တော်မူ​၏။