အို ထာဝရဘုရား၊ ကိုယ်တော်သည် ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့၏အလိုဆန္ဒကို ကြားသိလျက် သူတို့၏စိတ်နှလုံးကို တည်ကြည်စေတော်မူ၏။
သုတ္တံကျမ်း။ 11:23 - မြန်မာ့စံမီသမ္မာကျမ်း ဖြောင့်မတ်သောသူတို့၏အလိုဆန္ဒသည် ကောင်းကျိုးကိုသာဖြစ်စေတတ်၏။ ဆိုးယုတ်သောသူတို့၏မျှော်လင့်ချက်မူကား အမျက်ကိုဖြစ်စေတတ်၏။ Common Language Bible ဖြောင့်မတ်သောသူသည် မြတ်သောအရာကို သာတောင့်တတတ်၏။ မတရားသောသူမြော်လင့်သော အရာမူကား၊ ဒေါသအမျက်နှင့် ဆိုင်သတည်း။ Garrad Bible သူ တော် ကောင်း တို့ သည် ကောင်း ရာ ကို သာ အ လို ရှိ ကြ၏။ လူ ဆိုး တို့ မူ ကား၊ အ မျက် ဒဏ် ကို စောင့် စား ရ ကြ ၏။ Judson Bible ဖြောင့်မတ်သောသူသည် မြတ်သောအရာကိုသာ တောင့်တတတ်၏။ မတရားသောသူ မျှော်လင့်သောအရာမူကား၊ ဒေါသအမျက်နှင့် ဆိုင်သတည်း။ |
အို ထာဝရဘုရား၊ ကိုယ်တော်သည် ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့၏အလိုဆန္ဒကို ကြားသိလျက် သူတို့၏စိတ်နှလုံးကို တည်ကြည်စေတော်မူ၏။
အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာပါ၏။ အကျွန်ုပ်ကို ကိုယ်တော်၏ပညတ်တော်တို့မှ လမ်းလွဲစေတော်မမူပါနှင့်။
ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်းနိုင်ရန် အကျွန်ုပ်၏လမ်းခရီးတို့သည် တည်မြဲခြင်းရှိပါစေသော။
ထာဝရဘုရား၏ခန့်ညားတင့်တယ်ခြင်းကို ဖူးမြော်ရန်နှင့် ကိုယ်တော်၏ဗိမာန်တော်၌ စူးစမ်းဆင်ခြင်လျက်နေရန် ငါအသက်ရှင်သမျှကာလပတ်လုံး ထာဝရဘုရား၏အိမ်တော်၌နေရမည့်အကြောင်း တစ်ခုတည်းကို ထာဝရဘုရားထံ၌ ငါတောင်းလျှောက်ပြီ။ ထိုအခွင့်ကို ငါရှာမည်။
ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင် သင်၏စိတ်နှလုံးဆန္ဒများကို သင့်အားဖြည့်ဆည်းပေးတော်မူလိမ့်မည်။
ဖြောင့်မတ်သောသူတို့မျှော်မှန်းသောအရာသည် ဝမ်းမြောက်ခြင်းဖြစ်၏။ ဆိုးယုတ်သောသူတို့၏မျှော်လင့်ချက်မူကား ပျက်စီးသွားလိမ့်မည်။
စွန့်ကြဲသော်လည်း ဥစ္စာပို၍တိုးပွားသူရှိ၏။ ပေးသင့်သည့်အရာကိုပင် ဆုပ်ကိုင်ထားသော်လည်း ချို့တဲ့နွမ်းပါးခြင်းသို့ရောက်သူလည်းရှိ၏။
ဆိုးယုတ်သောသူသေသောအခါ သူ၏မျှော်လင့်ချက်သည် ပျက်စီးတတ်၏။ ဓနဥစ္စာတို့အပေါ်ထားသော သူ၏မျှော်မှန်းချက်သည်လည်း ပျက်စီးတတ်၏။
ဖြောင့်မတ်သောသူတို့၏အကြံအစည်တို့သည် တရားမျှတ၏။ ဆိုးယုတ်သောသူတို့၏လမ်းညွှန်မှုတို့သည် လိမ်လည်လှည့်ဖြားခြင်းဖြစ်၏။
လူသည် မိမိနှုတ်၏အသီးအပွင့်မှ ကောင်းသောအရာကိုစားရ၏။ သစ္စာမဲ့သောသူတို့၏စိတ်ဆန္ဒကား ရက်စက်ကြမ်းကြုတ်မှုဖြစ်၏။
အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ညအချိန်၌ ကိုယ်တော်ကို တောင့်တပါ၏။ အကျွန်ုပ်အထဲရှိ ဝိညာဉ်သည်လည်း ကိုယ်တော့်ကို ကြိုးစားရှာပါ၏။ ကမ္ဘာမြေကြီးကို ကိုယ်တော်တရားစီရင်တော်မူသောအခါ လောကသားတို့သည် ဖြောင့်မတ်ခြင်းတရားကို သင်ယူကြပါ၏။
အကျွန်ုပ်မူကား ကိုယ်တော်၏နောက်သို့လိုက်သောသိုးထိန်းအဖြစ်မှ ထွက်မပြေးပါ။ ဆိုးဝါးသောနေ့ကို အကျွန်ုပ်မတောင့်တကြောင်း ကိုယ်တော်သိတော်မူပါ၏။ အကျွန်ုပ်၏နှုတ်ထွက်စကားသည် ရှေ့တော်၌ရှိပါ၏။
ဖြောင့်မတ်ခြင်းကို ဆာလောင်မွတ်သိပ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ဝပြောခြင်းသို့ရောက်ကြလိမ့်မည်။
တရားစီရင်ခြင်းကိုလည်းကောင်း၊ ဆန့်ကျင်သောသူတို့ကိုဝါးမျိုမည့် အမျက်တော်မီးကိုလည်းကောင်း ကြောက်ရွံ့လျက် စောင့်နေကြရန်သာရှိတော့၏။