သုတ္တံကျမ်း။ 11:24 - မြန်မာ့စံမီသမ္မာကျမ်း24 စွန့်ကြဲသော်လည်း ဥစ္စာပို၍တိုးပွားသူရှိ၏။ ပေးသင့်သည့်အရာကိုပင် ဆုပ်ကိုင်ထားသော်လည်း ချို့တဲ့နွမ်းပါးခြင်းသို့ရောက်သူလည်းရှိ၏။ အခန်းကိုကြည့်ပါ။Common Language Bible24 စွန့်ကြဲသော်လည်း ဥစ္စာတိုးပွါး တတ်သော သူရှိ၏။ အထောက်မတန်စုသိမ်း၍ ဆင်းရဲခြင်းသို့ ရောက်တတ်သော သူလည်းရှိ၏။ အခန်းကိုကြည့်ပါ။Garrad Bible24 စွန့် ကြဲ၍ ဥ စ္စာ တိုး ပွား သူ ရှိ၏။ ပေး သင့် ရာ ကို ချုပ် ချယ်၍ ဆင်း ရဲ ခြင်း သို့ ရောက် သူ လည်း ရှိ ၏။ အခန်းကိုကြည့်ပါ။Judson Bible24 စွန့်ကြဲသော်လည်း ဥစ္စာတိုးပွားတတ်သောသူရှိ၏။ အထောက်မတန်စုသိမ်း၍ ဆင်းရဲခြင်းသို့ ရောက်တတ်သောသူလည်းရှိ၏။ အခန်းကိုကြည့်ပါ။ |
ဇာဒုတ်အိမ်ထောင်စုမှ ယဇ်ပုရောဟိတ်မင်းအာဇရိက “ထာဝရဘုရား၏အိမ်တော်သို့ အလှူပစ္စည်းများကို စတင်ယူဆောင်လာကတည်းက အကျွန်ုပ်တို့သည် ဝဝလင်လင်စားရပြီး များစွာပိုလျှံပါ၏။ ထာဝရဘုရားသည် မိမိလူမျိုးတော်ကို ကောင်းချီးပေးသောကြောင့် ဤသို့များစွာပိုလျှံနေခြင်း ဖြစ်ပါ၏”ဟု ပြန်လျှောက်၏။