ရှင်ဘုရင်က “သူ့အား ဘာမျှပြန်မပြောကြနှင့်”ဟု အမိန့်ရှိထားသောကြောင့် လူတို့လည်း ဘာမျှပြန်မပြောဘဲ တိတ်ဆိတ်စွာနေကြ၏။
သုတ္တံကျမ်း။ 11:12 - မြန်မာ့စံမီသမ္မာကျမ်း အသိစိတ်မရှိသောသူသည် မိမိ၏အိမ်နီးချင်းကို မထီမဲ့မြင်ပြုတတ်၏။ ထိုးထွင်းဉာဏ်ရှိသောသူမူကား တိတ်ဆိတ်စွာနေတတ်၏။ Common Language Bible ပညာမဲ့သောသူသည် မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုတတ်၏။ ဥာဏ်ကောင်းသောသူမူကား၊ တိတ်ဆိတ်စွာ နေတတ်၏။ Garrad Bible ပ ညာ မဲ့ သော သူ သည်၊ အ ပေါင်း အ ဖော် ကို မ ထီ မဲ့ မြင် ပြု တတ်၏။ ဉာဏ် ရှိ သော သူ မူ ကား၊ ဆိတ် ဆိတ် နေ တတ်၏။ Judson Bible ပညာမဲ့သောသူသည် မိမိအိမ်နီးချင်းကို မထီမဲ့မြင် ပြုတတ်၏။ ဉာဏ်ကောင်းသောသူမူကား၊ တိတ်ဆိတ်စွာ နေတတ်၏။ |
ရှင်ဘုရင်က “သူ့အား ဘာမျှပြန်မပြောကြနှင့်”ဟု အမိန့်ရှိထားသောကြောင့် လူတို့လည်း ဘာမျှပြန်မပြောဘဲ တိတ်ဆိတ်စွာနေကြ၏။
စကားများစွာပြောဆိုသောအခါ အပြစ်ပါလာတတ်၏။ မိမိ၏နှုတ်ကိုချုပ်တည်းသောသူမူကား ပညာသတိရှိ၏။
မြို့သည် ဖြောင့်မှန်သောသူတို့၏ ကောင်းချီးမင်္ဂလာအားဖြင့် ချီးမြှောက်ခြင်းခံရတတ်၏။ သို့သော် ဆိုးယုတ်သောသူတို့၏နှုတ်အားဖြင့် ဖြိုဖျက်ခြင်းခံရတတ်၏။
အတင်းအဖျင်းလိုက်ပြောသောသူသည် လျှို့ဝှက်ချက်ကိုပေါက်ကြားစေတတ်၏။ ယုံကြည်စိတ်ချရသောစိတ်သဘောရှိသူမူကား အမှုကိစ္စကို ဖုံးကွယ်ထားတတ်၏။
မိမိ၏အိမ်နီးချင်းကို မထီမဲ့မြင်ပြုသောသူသည် အပြစ်ပြုသောသူဖြစ်၏။ ဆင်းရဲချို့တဲ့သောသူတို့ကို သနားသောသူမူကား မင်္ဂလာရှိ၏။
သူတစ်ပါး၏မယားနှင့် အိမ်ထောင်ရေးဖောက်ပြန်သောသူသည် အသိစိတ်မရှိ။ ထိုအမှုကိုပြုသောသူသည် ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးသောသူဖြစ်၏။
ငွေကိုတပ်မက်သောဖာရိရှဲတို့သည် ဤအရာအားလုံးကိုကြားလျှင် ကိုယ်တော်ကိုပြက်ရယ်ပြုကြ၏။
မိမိကိုယ်ကိုဖြောင့်မတ်သည်ဟုယုံမှတ်လျက် သူတစ်ပါးတို့ကို မထီမဲ့မြင်ပြုတတ်သောသူအချို့တို့အား ကိုယ်တော်သည် ဤပုံဥပမာကိုပေး၍မြွက်ဆိုတော်မူသည်မှာ
ပုတ်ခတ်ပြောဆိုခြင်းခံရသောအခါ ပြန်၍မတုံ့ပြန်၊ ဒုက္ခဝေဒနာခံစားရသောအခါ၌လည်း ခြိမ်းခြောက်ခြင်းကိုမပြုဘဲ ဖြောင့်မတ်စွာတရားစီရင်တော်မူသောအရှင်ထံသို့ မိမိကိုယ်ကိုအပ်နှံတော်မူ၏။
ထိုအခါ ဇေဗုလက ဂါလအား “သင်က ‘ငါတို့သည် အဘိမလက်ကိုအစေခံရမည့်အကြောင်း သူကား မည်သူနည်း’ဟု ပြောခဲ့သည်မှာ ယခု မည်သို့ ဖြစ်ပြီနည်း။ သင်သည် ထိုသူတို့ကို မထီမဲ့မြင်ပြုခဲ့သည်မဟုတ်လော။ ယခုသူ့ကို ထွက်တိုက်ပါလော့”ဟု ဆိုလေ၏။
သို့သော် ဆိုးညစ်သောသူတို့က “ဤသူသည် ငါတို့ကို မည်သို့ကယ်တင်နိုင်မည်နည်း”ဟု ဆိုလျက် သူ့အား မထီမဲ့မြင်ပြုပြီး လက်ဆောင်ပဏ္ဏာကို မဆက်သဘဲနေကြ၏။ သို့သော် သူသည် ဘာမျှမပြောဘဲ နှုတ်ဆိတ်နေ၏။