ပြည်သူပြည်သားအပေါင်းတို့သည်လည်း ဝမ်းမြောက်ပျော်ရွှင်ကြ၏။ အာသလိဘုရင်မကို ဘုရင့်နန်းတော်တွင် ဓားနှင့်ကွပ်မျက်လိုက်ပြီဖြစ်၍ တစ်မြို့လုံးငြိမ်းချမ်းလေ၏။
သုတ္တံကျမ်း။ 11:10 - မြန်မာ့စံမီသမ္မာကျမ်း ဖြောင့်မတ်သောသူတို့ကောင်းစားသောအခါ တစ်မြို့လုံး ရွှင်လန်းကြ၏။ ဆိုးယုတ်သောသူတို့ပျက်စီးသောအခါ၌လည်း ရွှင်လန်းစွာကြွေးကြော်ကြ၏။ Common Language Bible တရားသောသူသည် ကောင်းစားသောအခါ တမြို့လုံး ဝမ်းမြောက်ခြင်း ရှိ၏။ မတရားသောသူသည် ဆုံးရှုံးသောအခါမူကား၊ ကြွေးကြော်ခြင်းရှိ၏။ Garrad Bible သူ တော် ကောင်း တို့ ကောင်း စား ကြ သော ကာ လ၊ တစ် မြို့ လုံး အား ရ တတ်၏။ လူ ဆိုး တို့ ဆုံး ရှုံး သော ကာ လ၌ လည်း ကြွေး ကြော် ခြင်း ရှိ၏။ Judson Bible တရားသောသူသည် ကောင်းစားသောအခါ တစ်မြို့လုံးဝမ်းမြောက်ခြင်းရှိ၏။ မတရားသောသူသည် ဆုံးရှုံးသောအခါမူကား၊ ကြွေးကြော်ခြင်းရှိ၏။ |
ပြည်သူပြည်သားအပေါင်းတို့သည်လည်း ဝမ်းမြောက်ပျော်ရွှင်ကြ၏။ အာသလိဘုရင်မကို ဘုရင့်နန်းတော်တွင် ဓားနှင့်ကွပ်မျက်လိုက်ပြီဖြစ်၍ တစ်မြို့လုံးငြိမ်းချမ်းလေ၏။
ရှင်ဘုရင်သည် အဝင်ဝတိုင်နားတွင် ရပ်နေပြီး မှူးမတ်များ၊ တံပိုးခရာမှုတ်သူများလည်း ရှင်ဘုရင်အား ခြံရံလျက် ရှိနေသည်ကိုလည်းကောင်း၊ ပြည်သူပြည်သားအပေါင်းတို့က ဝမ်းမြောက်ပျော်ရွှင်စွာတံပိုးခရာတူရိယာမှုတ်လျက် သီချင်းများချီးမွမ်းသီဆိုနေကြသည်ကိုလည်းကောင်း အာသလိဘုရင်မ မြင်ရလျှင် သူ့အဝတ်ကိုဆုတ်ဖြဲလျက် “လျှို့ဝှက်ကြံစည်မှုပါတကား၊ လျှို့ဝှက်ကြံစည်မှုပါတကား”ဟု အော်ဟစ်လေ၏။
ပြည်သူပြည်သားအပေါင်းတို့သည်လည်း ဝမ်းမြောက်ပျော်ရွှင်ကြ၏။ အာသလိဘုရင်မကို ဓားနှင့်ကွပ်မျက်လိုက်ပြီဖြစ်၍ တစ်မြို့လုံးငြိမ်းချမ်းလေ၏။
လေသည် လက်ခုပ်လက်ဝါးတီးလျက်၊ ပြောင်လှောင်လျက် သူ့ကို သူ့နေရာမှတိုက်ထုတ်လိမ့်မည်။
ထိုအခါ မိရိအံက “ထာဝရဘုရားသည် ဘုန်းထင်ရှားလျက်အောင်ပွဲခံတော်မူသည်ဖြစ်၍ ကိုယ်တော့်ထံသို့ သီချင်းဆိုကြလော့။ မြင်းနှင့်မြင်းစီးသူတို့အား ပင်လယ်ထဲသို့ချပစ်တော်မူပြီ”ဟု သူတို့နှင့်အပြန်အလှန်သီဆိုလေ၏။
မြို့သည် ဖြောင့်မှန်သောသူတို့၏ ကောင်းချီးမင်္ဂလာအားဖြင့် ချီးမြှောက်ခြင်းခံရတတ်၏။ သို့သော် ဆိုးယုတ်သောသူတို့၏နှုတ်အားဖြင့် ဖြိုဖျက်ခြင်းခံရတတ်၏။
ဖြောင့်မတ်သောသူတို့ အောင်ပွဲခံကြသောအခါ ကြီးစွာသောဂုဏ်ကျက်သရေရှိ၏။ ဆိုးယုတ်သောသူတို့ ခေါင်းထောင်လာသောအခါ၌မူကား လူတို့သည် ပုန်းရှောင်တတ်ကြ၏။
ဆိုးယုတ်သောသူတို့ခေါင်းထောင်လာသောအခါ လူတို့သည် ပုန်းရှောင်တတ်ကြ၏။ သူတို့ပျက်စီးသွားသောအခါ၌မူကား ဖြောင့်မတ်သောသူတို့သည် တိုးပွားကြလိမ့်မည်။
ဖြောင့်မတ်သောသူတို့တိုးပွားသောအခါ လူတို့သည် ဝမ်းမြောက်ကြ၏။ ဆိုးယုတ်သောသူအုပ်စိုးသောအခါ၌မူကား လူတို့သည် ညည်းတွားကြ၏။
မိုးကောင်းကင်အောက်၊ မြေကြီးပေါ်ရှိရှိသမျှတို့သည် ဘေဘီလုံမြို့ကြောင့် အားရဝမ်းမြောက်စွာသီချင်းဆိုကြလိမ့်မည်။ အဖျက်သမားသည် မြောက်အရပ်မှလာ၍ ထိုမြို့ကို တိုက်ခိုက်လိမ့်မည်”ဟု မိန့်တော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏ရန်သူအလုံးစုံ ပျက်စီးကြပါစေ။ ကိုယ်တော့်ကိုချစ်သောသူတို့မူကား အရှိန်အဝါနှင့်ထွက်လာသောနေမင်းကဲ့သို့ဖြစ်ပါစေ”ဟူ၍ သီဆိုကြ၏။ ထို့နောက်တွင် တိုင်းပြည်သည် အနှစ်လေးဆယ်ပတ်လုံးငြိမ်းချမ်းလေ၏။