Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၄ ရာ 11:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ပြည်သူပြည်သား​အပေါင်း​တို့​သည်​လည်း ဝမ်းမြောက်ပျော်ရွှင်​ကြ​၏​။ အာသလိ​ဘုရင်မ​ကို ဘုရင့်​နန်းတော်​တွင် ဓား​နှင့်​ကွပ်မျက်​လိုက်​ပြီ​ဖြစ်​၍ တစ်မြို့လုံး​ငြိမ်းချမ်း​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 အာ​သ​လိ​အား​နန်း​တော်​တွင်​လုပ်​ကြံ​နှင့် ပြီး​ဖြစ်​ရာ ပြည်​သူ​အ​ပေါင်း​တို့​သည်​ဝမ်း မြောက်​၍​မြို့​တော်​သည်​လည်း​အေး​ချမ်း လျက်​နေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ပြည် သူ ပြည် သား အ ပေါင်း တို့ ဝမ်း မြောက် လျက် မြို့ တော် ငြိမ်း ချမ်း လေ ၏။ အာ သ လိ ကို ကား နန်း တော် အ တွင်း ဓား ဖြင့် ကွပ် မျက် နှင့် ကြ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 နန်း​တော်​နား​မှာ အာ​သ​လိ​ကို​သတ်​ပြီး​မှ၊ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ဝမ်း​မြောက်၍ တစ်​မြို့​လုံး၌​လည်း ငြိမ်​ဝပ်​ခြင်း​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၄ ရာ 11:20
5 ပူးပေါင်းရင်းမြစ်များ  

လူ​၏​အသက်​ကို​သတ်​သော​သူ​သည် လူ့​လက်​ဖြင့်​အသတ်​ခံရ​မည်​။ အကြောင်းမူကား ဘုရားသခင်​သည် မိမိ​၏​ပုံသဏ္ဌာန်​အတိုင်း လူ​ကို​ဖန်ဆင်း​တော်မူ​၏​။


ရှင်ဘုရင်​သည် အစဉ်အလာ​အတိုင်း တိုင်​နား​တွင် ရပ်​နေ​ပြီး မှူးမတ်​များ​၊ တံပိုးခရာမှုတ်သူ​များ​က ရှင်ဘုရင်​အား ခြံရံ​လျက် ရှိ​နေ​သည်​ကို​လည်းကောင်း​၊ ပြည်သူပြည်သား​အပေါင်း​တို့​က ဝမ်းမြောက်ပျော်ရွှင်​စွာ​တံပိုးခရာ​မှုတ်​နေ​ကြ​သည်​ကို​လည်းကောင်း အာသလိ​ဘုရင်မ မြင်​ရ​လျှင် သူ့​အဝတ်​ကို​ဆုတ်ဖြဲ​လျက် “​လျှို့ဝှက်ကြံစည်မှု​ပါ​တကား​၊ လျှို့ဝှက်ကြံစည်မှု​ပါ​တကား​”​ဟု အော်ဟစ်​လေ​၏​။


ပြည်သူပြည်သား​အပေါင်း​တို့​သည်​လည်း ဝမ်းမြောက်ပျော်ရွှင်​ကြ​၏​။ အာသလိ​ဘုရင်မ​ကို ဓား​နှင့်​ကွပ်မျက်​လိုက်​ပြီ​ဖြစ်​၍ တစ်မြို့လုံး​ငြိမ်းချမ်း​လေ​၏​။


ဖြောင့်မတ်​သော​သူ​တို့​ကောင်းစား​သောအခါ တစ်မြို့လုံး ရွှင်လန်း​ကြ​၏​။ ဆိုးယုတ်​သော​သူ​တို့​ပျက်စီး​သောအခါ​၌​လည်း ရွှင်လန်း​စွာ​ကြွေးကြော်​ကြ​၏​။


ဖြောင့်မတ်​သော​သူ​တို့​တိုးပွား​သောအခါ လူ​တို့​သည် ဝမ်းမြောက်​ကြ​၏​။ ဆိုးယုတ်​သော​သူ​အုပ်စိုး​သောအခါ​၌​မူကား လူ​တို့​သည် ညည်းတွား​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ