သူက ‘အဘယ်မှာနည်း’ဟု ဆိုလျက် စားစရာကိုလှည့်လည်ရှာဖွေ၏။ မှောင်မိုက်သောနေ့ရက်သည်လည်း သူ၏လက်တစ်ကမ်းတွင် ရှိနေကြောင်းကို သူသိ၏။
သုတ္တံကျမ်း။ 10:3 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် ဖြောင့်မတ်သောသူကို ဆာလောင်မွတ်သိပ်စေတော်မမူ။ ဆိုးယုတ်သောသူတို့၏အလိုရမ္မက်ကိုကား ပယ်ချတော်မူ၏။ Common Language Bible ဖြောင့်မတ်သော သူကိုငတ်၍ သေစေခြင်းငှါ၊ ထာဝရဘုရားသည် အခွင့်ပေးတော်မမူ။ မတရားသော သူတို့၏ အဓမ္မအမှုကိုကား ဖျက်ဆီးတော်မူ၏။ Garrad Bible သူ တော် ကောင်း၏ စိတ် ဝိ ညာဉ် ကို၊ ထာ ဝ ရ ဘု ရား မွတ် သိပ် စေ တော် မ မူ။ လူ ဆိုး တို့၏ အ လို ရှိ ရာ ကို ကား၊ ပယ် ပ တော် မူ ၏။ Judson Bible ဖြောင့်မတ်သောသူကို ငတ်၍သေစေခြင်းငှာ၊ ထာဝရဘုရားသည် အခွင့်ပေးတော်မမူ။ မတရားသောသူတို့၏ အဓမ္မအမှုကိုကား ဖျက်ဆီးတော်မူ၏။ |
သူက ‘အဘယ်မှာနည်း’ဟု ဆိုလျက် စားစရာကိုလှည့်လည်ရှာဖွေ၏။ မှောင်မိုက်သောနေ့ရက်သည်လည်း သူ၏လက်တစ်ကမ်းတွင် ရှိနေကြောင်းကို သူသိ၏။
သူ့အိမ်၌ရှိသောဥစ္စာတို့သည် သိမ်းသွားခြင်း ခံရလိမ့်မည်။ အမျက်တော်နေ့ရက်တွင် သုတ်သင်ပယ်ရှင်းခြင်း ခံရလိမ့်မည်။
ငတ်မွတ်ခေါင်းပါးသောအခါ သေဘေးမှလည်းကောင်း၊ စစ်တိုက်သောအခါ ဓားလက်နက်ဘေးမှလည်းကောင်း သင့်ကို ကယ်နုတ်တော်မူလိမ့်မည်။
သို့သော် ကိုယ်တော်သည် အခက်အခဲပြဿနာနှင့် ပူဆွေးခြင်းတို့ကိုမြင်၍ လက်တော်ဖြင့်ဖြေရှင်းရန် ကြည့်ရှုဆင်ခြင်တော်မူ၏။ ခိုကိုးရာမဲ့သောသူသည် ကိုယ်တော်ထံ၌ မိမိကိုယ်ကိုအပ်နှံပါ၏။ ကိုယ်တော်သည် မိဘမဲ့သူကို ကူညီမစသောအရှင်ဖြစ်တော်မူ၏။
ဆိုးယုတ်သောသူသည် ထိုအမှုအရာကိုမြင်သောအခါ အမျက်ထွက်၍ အံကြိတ်ကာ ချုံးချုံးကျသွားလိမ့်မည်။ ဆိုးယုတ်သောသူတို့၏အလိုဆန္ဒသည် ပျက်စီးသွားလိမ့်မည်။
ထိုသို့ကြည့်ရှုတော်မူခြင်းမှာ သူတို့၏စိတ်ဝိညာဉ်ကို သေခြင်းမှကယ်နုတ်ရန်နှင့် ငတ်မွတ်ခေါင်းပါးသည့်ကာလ၌ သူတို့ကိုဆက်၍အသက်ရှင်စေရန်ဖြစ်၏။
သူတို့သည် ဆိုးရွားသောကာလ၌ အရှက်ကွဲကြရလိမ့်မည်မဟုတ်။ အစာခေါင်းပါးသောနေ့၌လည်း ဝလင်ရကြလိမ့်မည်။
ငါသည် လူငယ်တစ်ဦးဖြစ်ခဲ့ပြီး ယခုအသက်ကြီးလေပြီ။ သို့သော် ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းခံရသည်ကိုလည်းကောင်း၊ သူ၏သားမြေးတို့သည် အစာတောင်းရမ်းနေကြရသည်ကိုလည်းကောင်း မတွေ့မမြင်ဖူးပေ။
ထာဝရဘုရားကိုယုံကြည်ကိုးစားလျက် ကောင်းသောအမှုကိုပြုလော့။ ပြည်တော်၌နေထိုင်၍ သစ္စာတရား၌ကျက်စားလော့။
ဖြောင့်မတ်သောသူသည် မိမိစိတ်ဆန္ဒ ပြည့်စုံကြွယ်ဝသည့်တိုင်အောင် စားရ၏။ ဆိုးယုတ်သောသူတို့၏ဝမ်းမူကား ဟာနေလိမ့်မည်။
ဆိုးယုတ်သောသူသည် မိမိပြုသောမကောင်းမှုထဲ၌ လဲကျလိမ့်မည်။ ဖြောင့်မတ်သောသူမူကား သူ၏သေခြင်းထဲ၌ပင် ခိုလှုံရာကိုတွေ့လိမ့်မည်။
လောဘကြီးသောသူသည် အငြင်းပွားမှုဖြစ်ရန်လှုံ့ဆော်တတ်၏။ ထာဝရဘုရားကိုယုံကြည်ကိုးစားသောသူမူကား ပြည့်စုံကြွယ်ဝလိမ့်မည်။
တစ်စုံတစ်ဦးသည် ပညတ်တရားကိုနာယူနာခံခြင်းမရှိလျှင် သူ၏ဆုတောင်းချက်သည်ပင် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
ထိုသူသည် မြင့်ရာအရပ်၌ နေရလိမ့်မည်။ ခိုင်ခံ့သောကျောက်တောင်၌ ခိုလှုံရ၍ သူ့အား အစားအစာပေးကြ၏။ သူ၌ သောက်ရေမပြတ်။
ထာဝရဘုရား၏အမျက်တော်ကျရောက်သောနေ့၌ သူတို့၏ရွှေငွေများသည် သူတို့ကို ကယ်တင်နိုင်မည်မဟုတ်။ သဝန်တိုခြင်းမီးသည် မြေတစ်ပြင်လုံးကို လောင်ကျွမ်းသွားလိမ့်မည်။ မြေကြီးသားအပေါင်းတို့ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ဘဝနိဂုံးချုပ်စေမည်။
သို့ဖြစ်၍ ဘုရားသခင်၏နိုင်ငံတော်ကိုရှာကြလော့။ ထိုအခါ ဤအရာများကို သင်တို့အား ထပ်လောင်း၍ပေးတော်မူလိမ့်မည်။