အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏ရှင်ဘုရင်၊ ကိုယ်တော်ကို အကျွန်ုပ်ချီးမြှောက်ပါမည်။ ကိုယ်တော်၏နာမတော်ကို ကာလအစဉ်အဆက်ကောင်းချီးထောမနာပြုပါမည်။
သုတ္တံကျမ်း။ 1:23 - မြန်မာ့စံမီသမ္မာကျမ်း ငါဆိုဆုံးမသောစကားကို လိုက်နာကြလော့။ ကြည့်ရှုလော့။ ငါသည် ငါ၏ဝိညာဉ်ကို သင်တို့အပေါ်သို့သွန်းလောင်းမည်။ ငါ၏စကားများကို သင်တို့အား သိစေမည်။ Common Language Bible ငါဆုံးမသော စကားကို နားထောင်၍ ပြောင်း လဲကြလော့။ ငါ့ဝိညာဉ်ကို သင်တို့အပေါ်သို့ ငါသွန်း လောင်း၍၊ ငါ့စကား၏အနက်အဓိပ္ပါယ်ကို နားလည် စေမည်။ Garrad Bible ငါ့ ဆုံး မ ပဲ့ ပြင် ခြင်း ကြောင့် ပြောင်း လဲ ကြ လော့။ ငါ့ ဝိ ညာဉ် ကို သင် တို့ အ ပေါ် သို့ သွန်း လောင်း သ ဖြင့်၊ ငါ့ စ ကား များ ကို နား လည် စေ မည်။ Judson Bible ငါဆုံးမသော စကားကို နားထောင်၍ ပြောင်းလဲကြလော့။ ငါ့ဝိညာဉ်ကို သင်တို့အပေါ်သို့ ငါသွန်းလောင်း၍၊ ငါ့စကား၏ အနက်အဓိပ္ပာယ်ကို နားလည်စေမည်။ |
အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏ရှင်ဘုရင်၊ ကိုယ်တော်ကို အကျွန်ုပ်ချီးမြှောက်ပါမည်။ ကိုယ်တော်၏နာမတော်ကို ကာလအစဉ်အဆက်ကောင်းချီးထောမနာပြုပါမည်။
သင်တို့သည် ငါပေးသောအကြံဉာဏ်အားလုံးကို လျစ်လျူရှုကြပြီး ငါ၏ဆိုဆုံးမခြင်းကိုလည်း အလိုမရှိကြ။
ငါ၏အကြံဉာဏ်ကိုအလိုမရှိကြ။ ငါ၏ဆိုဆုံးမစကားအားလုံးကိုလည်း မထီလေးစားပြုခဲ့ကြ၏။
ဆုံးမပဲ့ပြင်ခြင်းကို စောင့်ထိန်းသောသူသည် အသက်ရှင်ခြင်းလမ်း၌ရှိ၏။ ဆိုဆုံးမစကားကိုငြင်းပယ်သောသူမူကား လမ်းလွဲတတ်၏။
ဆုံးမပဲ့ပြင်ခြင်းကိုနှစ်သက်သောသူသည် အသိပညာကိုနှစ်သက်သောသူဖြစ်၏။ ဆိုဆုံးမခြင်းကိုမုန်းသောသူမူကား အသိတရားမဲ့သောသူဖြစ်၏။
ဆိုဆုံးမခြင်းကိုအကြိမ်ကြိမ်ခံရသော်လည်း ခေါင်းမာလျက်နေသောသူသည် ချမ်းသာရာမရဘဲ ချက်ချင်းပျက်စီးရလိမ့်မည်။
အကြောင်းမူကား ပညတ်ချက်သည် မီးခွက်ဖြစ်၍ သွန်သင်ချက်သည် အလင်းဖြစ်၏။ ဆုံးမပဲ့ပြင်ပေးသောဆိုဆုံးမစကားတို့သည်လည်း အသက်လမ်းဖြစ်၍
ငါတို့အပေါ် ဝိညာဉ်တော်ကို အထက်အရပ်မှသွန်းလောင်း၍ တောကန္တာရသည် သီးနှံဖြစ်ထွန်းသောမြေဖြစ်ပြီး သီးနှံဖြစ်ထွန်းသောမြေကို တောအုပ်ဟုထင်မှတ်ရသည့်အချိန်အထိ ထိုသို့ဖြစ်လိမ့်မည်။
အို မိုးကောင်းကင်၊ အထက်မှ တဖွဲဖွဲရွာချလော့။ မိုးတိမ်တို့သည် ဖြောင့်မတ်ခြင်းကို ရွာသွန်းပါစေ။ မြေကြီးသည် ပွင့်ဟ၍ ကယ်တင်ခြင်း သီးပွင့်ပါစေ။ ဖြောင့်မတ်ခြင်းလည်း ပေါက်ပါစေ။ ဤအမှုကို ငါထာဝရဘုရားဖန်ဆင်း၏။
အို လမ်းလွဲသောသားသမီးတို့၊ ပြန်လာကြလော့”ဟု မိန့်တော်မူ၏။ ထာဝရဘုရားက “ငါသည် သင်တို့၏ခင်ပွန်းဖြစ်၏။ သင်တို့ကို မြို့တစ်မြို့လျှင်တစ်ယောက်၊ မျိုးနွယ်စုတစ်စုလျှင်နှစ်ယောက် ရွေးယူ၍ ဇိအုန်မြို့သို့ပို့ဆောင်မည်။
ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ ဆိုးယုတ်သောသူတို့ သေရမည်ကို ငါအလိုမရှိ။ သူတို့သည် ဆိုးယုတ်သောလမ်းမှ ပြန်လှည့်၍ အသက်ချမ်းသာရာရသည်ကိုသာ ငါအလိုရှိ၏။ ပြန်လှည့်ကြ။ ဆိုးယုတ်သောလမ်းမှ ပြန်လှည့်ကြ။ အို အစ္စရေးအမျိုးတို့၊ အဘယ်ကြောင့် သင်တို့သေရမည်နည်း’ဟု မိန့်တော်မူကြောင်း သူတို့အား ဆင့်ဆိုလော့။
အို အစ္စရေး၊ သင်၏ဘုရားသခင်ထာဝရဘုရားထံ ပြန်လှည့်လော့။ သင်သည် သင်၏အပြစ်ကြောင့် ခလုတ်တိုက်လဲကျလေပြီ။
သို့မှ ငါသည် အစ္စရေးလူမျိုးတို့တွင် စံမြန်းတော်မူကြောင်းကိုလည်းကောင်း၊ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကိုလည်းကောင်း၊ ငါမှတစ်ပါးအခြားသောဘုရားမရှိကြောင်းကိုလည်းကောင်း သင်တို့သိရကြလိမ့်မည်။ ငါ၏လူမျိုးတော်သည်လည်း ဘယ်သောအခါမျှ အရှက်ကွဲရတော့မည်မဟုတ်။
ထို့နောက်မှ လူအပေါင်းတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို သွန်းလောင်းမည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။ သက်ကြီးဝါကြီးတို့သည် အိပ်မက်ကို မြင်ရလိမ့်မည်။ လူပျိုတို့သည်လည်း စိတ်အာရုံကို မြင်ရကြလိမ့်မည်။
ကြည့်ရှုလော့။ ဖမ်းခေါ်သွားခြင်းခံရသောယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့ကို ငါပြန်လာစေသော ထိုကာလ၊ ထိုအချိန်တွင်
ငါသည် ဒါဝိဒ်အမျိုးအနွယ်မှစ၍ ဂျေရုဆလင်မြို့သူမြို့သားတို့အား သနားကြင်နာတတ်သောစိတ်သဘော၊ ဆုတောင်းပတ္ထနာပြုတတ်သောစိတ်သဘောကို သွန်းလောင်းပေးမည်။ သူတို့သည် မိမိတို့ထိုးဖောက်ခဲ့သောငါ့ကို မြင်ရသောအခါ တစ်ဦးတည်းသောသားအတွက် မြည်တမ်းသကဲ့သို့ မြည်တမ်းရလိမ့်မည်၊ သားဦးအတွက် ခါးသီးစွာခံစားရသကဲ့သို့ ခါးသီးစွာခံစားရလိမ့်မည်။
သင်တို့သည် မကောင်းသောသူများဖြစ်ကြလျက်ပင် သင်တို့၏သားသမီးများအား ကောင်းသောလက်ဆောင်များပေးရမည်ကိုသိကြလျှင် ကောင်းကင်ဘုံရှင်အဖသည် မိမိထံတောင်းလျှောက်သောသူများအား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ပင် ပေးတော်မူလိမ့်မည်မဟုတ်လော”ဟု မိန့်တော်မူ၏။
ဤသည်ကား ကိုယ်တော်ကိုယုံကြည်သောသူတို့ခံယူရရှိမည့် ဝိညာဉ်တော်ကိုရည်ညွှန်း၍ မိန့်တော်မူခြင်းဖြစ်၏။ အကြောင်းမူကား ယေရှုသည် ဘုန်းတော်ထင်ရှားခြင်းမရှိသေးသဖြင့် ဝိညာဉ်တော်ကိုပေးတော်မမူသေး။
ဦးစွာ ဒမတ်စကပ်မြို့၌ရှိသောသူတို့ကိုလည်းကောင်း၊ ထို့နောက် ဂျေရုဆလင်မြို့နှင့် ယုဒနယ်တစ်နယ်လုံး၌ရှိသောသူတို့ကိုလည်းကောင်း၊ လူမျိုးခြားတို့ကိုလည်းကောင်း နောင်တရ၍ ဘုရားသခင်ထံပြောင်းလဲကာ နောင်တနှင့်ထိုက်တန်သောအမှုများကို ပြုကြရန် ဟောပြောခဲ့ပါသည်။
ထို့ကြောင့် သင်တို့၏အပြစ်များ ပယ်ဖျက်ခြင်းခံရစေရန် နောင်တရလျက် ပြောင်းလဲကြလော့။