Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 45:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 အို မိုးကောင်းကင်​၊ အထက်​မှ တဖွဲဖွဲရွာချ​လော့​။ မိုးတိမ်​တို့​သည် ဖြောင့်မတ်​ခြင်း​ကို ရွာသွန်း​ပါစေ​။ မြေကြီး​သည် ပွင့်ဟ​၍ ကယ်တင်​ခြင်း သီးပွင့်​ပါစေ​။ ဖြောင့်မတ်​ခြင်း​လည်း ပေါက်​ပါစေ​။ ဤ​အမှု​ကို ငါ​ထာဝရဘုရား​ဖန်ဆင်း​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ငါ​သည်​အောင်​ပွဲ​ကို​မိုး​ရေ​သ​ဖွယ် ကောင်း​ကင်​မှ​ချ​ပေး​မည်။ ယင်း​ကို​ကမ္ဘာ​မြေ​ကြီး​သည်​ဖွင့်​ဟ​ခံ​ယူ​ကာ လွတ်​လပ်​မှု​နှင့်​တ​ရား​မျှ​တ​မှု​တည်း​ဟူ သော အ​သီး​အ​ပွင့်​များ​ကို​ဆောင်​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​အ​မှု​အ​ရာ များ​ကို ဖြစ်​ပျက်​စေ​တော်​မူ​ပေ​အံ့။''

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 အ ချင်း မိုး ကောင်း ကင် အ ထက် မှ ယို ကျ လော့။ မိုး တိမ် များ လည်း တ ရား တော် ကို ချ ရွာ စေ။ မြေ ပ ထ ဝီ သည် ပွင့် ဟ၍ ချမ်း သာ နှင့် ဖြောင့် မတ် ခြင်း များ ကို ဖြစ် ပွား ပေါ် ပေါက် ကြ စေ။ ငါ ထာ ဝ ရ ဘု ရား သည် ထို သို့ သော အ ရာ ကို ဖန် ဆင်း တော် မူ ပြီ ဟူ၍ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 မိုး​ကောင်း​ကင်​တို့၊ အ​ထက်​မှ​ယို​ကြ​လော့။ မိုး​တိမ်​တို့​သည် တ​ရား​မိုး​ရွာ​ကြ​စေ။ မြေ​ကြီး​သည် ပွင့်၍ ကယ်​တင်​ခြင်း​အ​သီး​ကို သီး​စေ။ ဖြောင့်​မတ်​ခြင်း​တ​ရား​သည် တစ်​ပြိုင်​နက်​ပေါက်​စေ။ ထို​သို့ ငါ​ထာ​ဝ​ရ​ဘု​ရား ဖန်​ဆင်း၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 45:8
29 ပူးပေါင်းရင်းမြစ်များ  

ဤ​အမှု​ကို ရှေးယခင်​ကပင် ငါ​ချမှတ်​ခဲ့​ကြောင်း သင်​မ​ကြား​ဖူး​သလော​။ သင်​သည် ခိုင်ခံ့​သော​မြို့​တို့​ကို အပျက်အစီး​ကျောက်ပုံ​ဖြစ်​စေ​မည့်​အကြောင်း ရှေးကာလ​ကပင် ငါ​စီမံ​ထား​ခဲ့​သည့်​အတိုင်း ယခု ငါ​ဖြစ်​စေ​ပြီ​။


သိနာ​တောင်​၏​အရှင်​ဘုရားသခင်​၏​ရှေ့​တော်​၊ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​တည်းဟူသော ဘုရားသခင်​၏​ရှေ့​တော်​၌ မြေကြီး​သည် တုန်ခါ​၍ ကောင်းကင်​သည် မိုး​ရွာသွန်း​ခဲ့​ပါ​၏​။


တောင်​များ​သည်​ငြိမ်းချမ်း​ခြင်း​ကို​လည်းကောင်း​၊ တောင်ကုန်း​များ​သည် ဖြောင့်မတ်​ခြင်း​ကို​လည်းကောင်း လူမျိုး​တော်​ထံသို့ ယူဆောင်​လာ​ကြ​ပါစေသော​။


ထို​မင်း​သည် ရိတ်​ထား​သော​မြက်ခင်း​ပေါ်တွင် ရွာသွန်း​သည့် မိုး​ကဲ့သို့​လည်းကောင်း​၊ မြေကြီး​ကို​စိုစွတ်​စေ​သည့် မိုးစက်​မိုးပေါက်​ကဲ့သို့​လည်းကောင်း ဖြစ်​ပါစေသော​။


ယေရှဲ​၏​အငုတ်​မှ အတက်​ထွက်လာ​မည်​။ သူ​၏​အမြစ်​မှ​အကိုင်း​သည် အသီး​သီး​လိမ့်မည်​။


ငါ​တို့​အပေါ် ဝိညာဉ်​တော်​ကို အထက်အရပ်​မှ​သွန်းလောင်း​၍ တောကန္တာရ​သည် သီးနှံ​ဖြစ်ထွန်း​သော​မြေ​ဖြစ်​ပြီး သီးနှံ​ဖြစ်ထွန်း​သော​မြေ​ကို တောအုပ်​ဟု​ထင်မှတ်​ရ​သည့်​အချိန်​အထိ ထိုသို့​ဖြစ်​လိမ့်မည်​။


ထို​နေ့ရက်​၌ ထာဝရဘုရား​၏​အကိုင်း​သည် လှပ​၍​ဘုန်းအသရေ​ရှိ​မည်​။ မြေ​၏​အသီးအနှံ​သည်​လည်း အသက်​ဘေးလွတ်​သော​အစ္စရေး​လူမျိုး​တို့​အတွက် ဂုဏ်ယူဝင့်ကြွားစရာ​ဖြစ်​လိမ့်မည်​။


သင့်​ကို ရွေးနုတ်​တော်မူ​သော​အရှင်​၊ သင့်​ကို အမိ​ဝမ်း​ထဲကပင် ပုံဖော်ဖန်ဆင်း​တော်မူ​သော​အရှင်​ထာဝရဘုရား​က “​ငါ​ထာဝရဘုရား​သည် အရာ​ခပ်သိမ်း​ကို​ဖန်ဆင်း​၏​။ မိုးကောင်းကင်​ကို ငါ​တစ်ပါးတည်း​ဖြန့်ကြက်​၏​။ မြေကြီး​ကို ငါ​တစ်ပါးတည်း​ခင်းကျင်း​၏​။


အကြောင်းမူကား ငါ​သည် ရေငတ်​နေ​သော​ပြည်​အပေါ် ရေ​ကို​သွန်းလောင်း​မည်​။ ခြောက်သွေ့​သော​မြေ​ပေါ်တွင် စမ်းရေ​စီး​စေ​မည်​။ သင်​၏​သားစဉ်မြေးဆက်​အပေါ် ငါ့​ဝိညာဉ်​ကို သွန်းလောင်း​မည်​။ သင်​၏​သားမြေး​တို့​အပေါ် ငါ့​ကောင်းချီးမင်္ဂလာ​ကို သွန်းလောင်း​မည်​။


ငါ​၏​ဖြောင့်မတ်​ခြင်း​ကို အနီး​သို့​ငါ​ဆောင်​ခဲ့​ပြီ​။ အဝေး​၌​ရှိ​သည်​မ​ဟုတ်​။ ငါ​၏​ကယ်တင်​ခြင်း​သည် နှောင့်နှေး​မည်​မ​ဟုတ်​။ ကယ်တင်​ခြင်း​ကို ဇိအုန်​တောင်​၌ ငါ​ထား​မည်​။ ငါ​၏​ဂုဏ်ကျက်သရေ​ကို အစ္စရေး​လူမျိုး​အား ငါ​ပေး​မည်​။


သင်​သည် ငါ​၏​ပညတ်ချက်​တို့​ကို အာရုံစိုက်​နားထောင်​ခဲ့​လျှင် သင်​၏​ကောင်းကျိုးချမ်းသာ​သည် မြစ်ရေ​ကဲ့သို့​ဖြစ်​မည်​။ သင်​၏​ဖြောင့်မတ်​ခြင်း​သည် ပင်လယ်​လှိုင်း​ကဲ့သို့​ဖြစ်​မည်​။


အကြောင်းမှာ သူ​သည် နုနယ်​သော​အပင်​ကဲ့သို့​၊ ခြောက်သွေ့​သော​မြေ​မှ အမြစ်​ကဲ့သို့ ကိုယ်တော်​၏​ရှေ့​တော်​၌ ရှင်သန်​၏​။ သူ​သည် ရှုချင်စဖွယ် ပုံပန်းသဏ္ဌာန်​မ​ရှိ​။ ခန့်ညားထည်ဝါမှု​လည်း​မ​ရှိ​။ နှစ်သက်ဖွယ် ရုပ်ရည်​လည်း​မ​ရှိ​။


သင်​၏​လူ​အပေါင်း​တို့​သည် ဖြောင့်မတ်​ကြ​လိမ့်မည်​။ ပြည်​တော်​ကို အစဉ်အမြဲ​ပိုင်ဆိုင်​ကြ​ရ​လိမ့်မည်​။ ငါ​စိုက်​သော​အကိုင်း​၊ ငါ့​လက်​ဖြင့်​ပြု​သော​အရာ​ဖြစ်၍ ငါ​၏​ဘုန်း​ကို​ထင်ရှား​စေ​ကြ​လိမ့်မည်​။


မြေကြီး​သည် အစို့အညှောက်​ကို​ထွက်​စေ​သကဲ့သို့​၊ ဥယျာဉ်​သည် ကြဲ​ထား​သော​မျိုးစေ့​ကို​ပေါက်​စေ​သကဲ့သို့ ဘုရားရှင်​ထာဝရဘုရား​သည် လူမျိုး​အပေါင်း​တို့​ရှေ့​၌ ဖြောင့်မတ်​ခြင်း​၊ ချီးမွမ်း​ခြင်း​ကို ပေါက်​စေ​တော်မူ​မည်​။


ငိုကြွေးမြည်တမ်း​နေ​သော ဇိအုန်​မြို့သား​တို့​အဖို့ ပြာ​အစား​ခေါင်းပေါင်း​၊ ငိုကြွေးမြည်တမ်း​ခြင်း​အစား ရွှင်မြူး​ခြင်း​ဆီ​၊ ညှိုးငယ်​သော​စိတ်​အစား ချီးမွမ်း​ခြင်း​အဝတ်​ကို စီရင်​ပေး​ရန် ငါ့​ကို​စေလွှတ်​တော်မူ​ပြီ​။ ဘုန်း​တော်​ထင်ရှား​စေရန် ထာဝရဘုရား​စိုက်ပျိုး​တော်မူ​သော ဖြောင့်မတ်​ခြင်း​ဝက်သစ်ချပင်​ဟု သူ​တို့​ကို ခေါ်ဝေါ်​ကြ​လိမ့်မည်​။


ထာဝရဘုရား​က “​ငါ​ဖန်ဆင်း​မည့်​ကောင်းကင်​သစ်​နှင့်​မြေကြီး​သစ်​သည် ငါ့​ရှေ့မှောက်​၌ အစဉ်​တည်​သကဲ့သို့ သင်​တို့​၏​အမျိုးအနွယ်​၊ သင်​တို့​၏​အမည်နာမ​သည် အစဉ်​တည်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


အို ဖောက်ပြန်​သော​သမီးပျို​၊ မည်သည့်​အချိန်​အထိ လှည့်လည်​နေ​မည်နည်း​။ ထာဝရဘုရား​သည် မြေကြီး​ပေါ်တွင် အသစ်သောအရာ​ကို ဖန်ဆင်း​တော်မူ​ပြီ​။ မိန်းမ​သည် ယောက်ျား​ကို ဝိုင်းရံ​လိမ့်မည်​။


သူ​တို့​နှင့်တကွ သူ​တို့​ကျက်စား​ရာ​ငါ့​တောင်​ပတ်ပတ်လည်​ကို ကောင်းချီးမင်္ဂလာ​ချပေး​မည်​။ ရာသီ​အလိုက် မိုး​ရွာသွန်း​စေ​မည်​။ ကောင်းချီးမိုး​ကို ရွာသွန်း​စေ​မည်​။


ထာဝရဘုရား​ကို ရှာ​ဖို့ အချိန်တန်​ပြီ​။ ထာဝရဘုရား​သည် ကြွလာ​၍ သင်​တို့​အပေါ် ဖြောင့်မတ်​ခြင်း​မိုး​ကို မ​ရွာ​စေ​မီ​တိုင်အောင် သင်​တို့​သည် ဖြောင့်မတ်​ခြင်း​မျိုးစေ့​ကို​ကြဲ​၍ မေတ္တာကရုဏာ​အသီး​ကို ရိတ်သိမ်း​ကြ​လော့​။ ပလပ်မြေ​ကို ထွန်ယက်​ကြ​လော့​။


ထို​နေ့ရက်​ကာလ​တွင် တောင်​များ​ပေါ်မှ စပျစ်ဝိုင်​အသစ်​ယိုစီး​၍ တောင်ကုန်း​များ​မှ နို့ရည်​စီးကျ​လိမ့်မည်​။ ယုဒ​မြစ်ချောင်း​ရှိသမျှ​တို့​သည် ရေ​များ​စီးဆင်း​နေ​လိမ့်မည်​။ စမ်းရေ​သည်​လည်း ထာဝရဘုရား​အိမ်​တော်​မှ စီးထွက်​၍ ရှိတ္တိမ်​လွင်ပြင်​ကို ရေဝ​စေ​လိမ့်မည်​။


ထိုသို့​ယေရှု​သည် ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌ ချီးမြှောက်​ခြင်း​ကို​ခံရ​ပြီးနောက် ကတိ​ထား​တော်မူ​သည့်​သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ခမည်းတော်​ထံမှ​ခံယူ​ရရှိ​လျက် သင်​တို့​တွေ့မြင်​ကြားသိ​သည့်​အတိုင်း ထို​ဝိညာဉ်​တော်​ကို​သွန်းလောင်း​တော်မူ​၏။


အကြောင်းမူကား ငါ​တို့​သည် ကောင်း​သော​အမှု​များ​ကို​ပြု​ရန် ခရစ်တော်​ယေရှု​၌​ဖန်ဆင်း​ခြင်း​ခံရ​သော ဘုရားသခင်​၏​လက်ရာ​တော်​ဖြစ်​ကြ​၏။ ထို​ကောင်း​သော​အမှု​များ​၌ ငါ​တို့​အသက်ရှင်​လျှောက်လှမ်း​ကြ​ရန် ဘုရားသခင်​သည် ထို​အမှု​များ​ကို ကြိုတင်​ပြင်ဆင်​ထား​တော်မူ​၏။


သမ္မာတရား​နှင့်ဆိုင်သော ဖြောင့်မတ်​ခြင်း​နှင့်​သန့်ရှင်း​ခြင်း​တို့​ဖြင့် ဘုရားသခင်​၏​သဏ္ဌာန်​တော်​နှင့်အညီ ဖန်ဆင်း​ခြင်း​ခံရ​သော​လူ​သစ်​ကို​ဝတ်ဆင်​ရန် နည်းခံ​ခဲ့​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ