ဟေရှာယ 32:15 - မြန်မာ့စံမီသမ္မာကျမ်း15 ငါတို့အပေါ် ဝိညာဉ်တော်ကို အထက်အရပ်မှသွန်းလောင်း၍ တောကန္တာရသည် သီးနှံဖြစ်ထွန်းသောမြေဖြစ်ပြီး သီးနှံဖြစ်ထွန်းသောမြေကို တောအုပ်ဟုထင်မှတ်ရသည့်အချိန်အထိ ထိုသို့ဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible15 သို့ရာတွင်ဘုရားသခင်သည်မိမိ၏ဝိညာဉ် တော်ကို ငါတို့ထံသို့တစ်ဖန်ပြန်၍စေလွှတ် တော်မူလိမ့်မည်။ ထိုအခါမြေလွတ်မြေရိုင်း များသည်မြေကောင်းမြေသန့်များဖြစ်လာ ကြလျက် လယ်ယာများကောက်ပဲသီးနှံ အမြောက်အမြားထွက်လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible15 ဝိ ညာဉ် တော် ကို ဘ ဝဂ် က ငါ တို့ အ ပေါ် သို့ သွန်း လောင်း တော် မူ သ ဖြင့်၊ သဲ တော သည် ခြံ ဖြစ် လျက်၊ ယ ခု ခြံ မြိုင် ဟု မှတ် ဖွယ် ရှိ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible15 ဝိညာဉ်တော်သည် ကောင်းကင်မှ ငါတို့အပေါ်သို့သွန်းလောင်း၍၊ တောသည် အသီးအနှံများသော လယ်ဖြစ်၍၊ အသီးအနှံများသောလယ်သည် တောအုပ်ကဲ့သို့ မှတ်ရသောကာလ မရောက်မီတိုင်အောင်၊ ထိုသို့ ဖြစ်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက “ဤသည်ကား သူတို့နှင့်ပြုသော ငါ၏ပဋိညာဉ်ဖြစ်၏။ သင်၌တည်နေသောငါ၏ဝိညာဉ်တော်၊ သင့်နှုတ်၌ငါထားသော ငါ၏နှုတ်ကပတ်တော်သည် သင့်နှုတ်မှလည်းကောင်း၊ သင့်သားစဉ်မြေးဆက်၏နှုတ်မှလည်းကောင်း၊ သင့်သားစဉ်မြေးဆက်အဆက်ဆက်၏နှုတ်မှလည်းကောင်း ယခုမှစ၍ ကာလအစဉ်အဆက် တည်ရှိမည်”ဟု မိန့်တော်မူ၏။
ငါသည် ဒါဝိဒ်အမျိုးအနွယ်မှစ၍ ဂျေရုဆလင်မြို့သူမြို့သားတို့အား သနားကြင်နာတတ်သောစိတ်သဘော၊ ဆုတောင်းပတ္ထနာပြုတတ်သောစိတ်သဘောကို သွန်းလောင်းပေးမည်။ သူတို့သည် မိမိတို့ထိုးဖောက်ခဲ့သောငါ့ကို မြင်ရသောအခါ တစ်ဦးတည်းသောသားအတွက် မြည်တမ်းသကဲ့သို့ မြည်တမ်းရလိမ့်မည်၊ သားဦးအတွက် ခါးသီးစွာခံစားရသကဲ့သို့ ခါးသီးစွာခံစားရလိမ့်မည်။