ဆိုးယုတ်သောသူတို့၏အကြံဉာဏ်အတိုင်း မလိုက်မလျှောက်၊ အပြစ်သားတို့၏လမ်းတွင်မရပ်မနေ၊ ပြက်ရယ်ပြုတတ်သောသူတို့စုဝေးရာအရပ်၌မထိုင်၊
သုတ္တံကျမ်း။ 1:15 - မြန်မာ့စံမီသမ္မာကျမ်း ငါ့သား၊ သူတို့နှင့်အတူ ထိုလမ်းကိုမလိုက်နှင့်။ သူတို့သွားရာလမ်းသို့မလိုက်မိစေရန် သင်၏ခြေကိုထိန်းချုပ်လော့။ Common Language Bible ငါ့သား၊ သူတို့နှင့်အတူ မလိုက်နှင့်။ သူတို့သွားသောလမ်းကို ရှောင်လော့။ Garrad Bible ငါ့ သား ထို သူ တို့ နှင့် အ တူ မ လိုက် မ သွား နှင့်။ သူ တို့ လမ်း မှ လည်း ခြေ ဦး လှည့် လော့။ Judson Bible ငါ့သား၊ သူတို့နှင့်အတူ မလိုက်နှင့်။ သူတို့သွားသောလမ်းကို ရှောင်လော့။ |
ဆိုးယုတ်သောသူတို့၏အကြံဉာဏ်အတိုင်း မလိုက်မလျှောက်၊ အပြစ်သားတို့၏လမ်းတွင်မရပ်မနေ၊ ပြက်ရယ်ပြုတတ်သောသူတို့စုဝေးရာအရပ်၌မထိုင်၊
ကိုယ်တော်၏နှုတ်ကပတ်တော်ကို စောင့်ထိန်းနိုင်ရန် အကျွန်ုပ်၏ခြေကို မကောင်းသောလမ်းရှိသမျှတို့မှ ကင်းဝေးစေပါ၏။
ငါတို့နှင့် ဆိုးတူကောင်းဖက်ပူးပေါင်းလော့။ ငါတို့အားလုံး ပိုက်ဆံအိတ်တစ်အိတ်တည်းထဲမှ ဝေမျှသုံးစွဲကြစို့”ဟု ဆိုလျှင်လည်း
ပညာရှိသောသူတို့နှင့်အတူ လျှောက်လှမ်းသောသူသည် ပညာရှိလာလိမ့်မည်။ မိုက်မဲသောသူတို့နှင့်အတူပေါင်းဖော်သောသူမူကား ဒုက္ခရောက်လိမ့်မည်။
မကောင်းမှုပြုသောသူတို့ကိုမငြူစူနှင့်။ သူတို့နှင့်ပေါင်းဖော်ရန်လည်း အလိုမရှိနှင့်။
ရက်စက်ကြမ်းကြုတ်သောသူကိုမငြူစူနှင့်။ သူပြုမူကျင့်ကြံသောအမှုအရာတစ်စုံတစ်ခုကိုမျှ မရွေးချယ်နှင့်။
လက်ယာဘက်၊ လက်ဝဲဘက်သို့ မလှည့်နှင့်။ သင်၏ခြေကို မကောင်းမှုမှ ဖယ်ခွာစေလော့။
သင်၏လမ်းကို ထိုသို့သောမိန်းမနှင့် ဝေးကွာစေလော့။ သူ၏အိမ်တံခါးအနီးသို့လည်း မချဉ်းကပ်နှင့်။
အသိဉာဏ်နည်းပါးခြင်းကိုစွန့်ပယ်၍ အသက်ရှင်လော့။ အသိဉာဏ်လမ်းကိုလိုက်လော့”ဟု ဆို၏။
ဖြောင့်မတ်စွာအသက်ရှင်လျှောက်လှမ်း၍ ဟုတ်မှန်သောစကားကိုပြောသူ၊ ဖိနှိပ်ညှဉ်းပန်းခြင်းဖြင့်ရသောအကျိုးစီးပွားကိုငြင်းပယ်၍ တံစိုးလက်ဆောင်ကို လက်မခံဘဲ ငြင်းဆိုသူ၊ သတ်ဖြတ်မှုအကြောင်းကို မကြားမိအောင် နားပိတ်ထားသူ၊ မကောင်းသောအရာများကို မကြည့်မိအောင် မျက်စိပိတ်ထားသူ၊
ထာဝရဘုရားက ဤလူမျိုးအား “သူတို့သည် ဟိုဟိုသည်သည်သွားလာရသည်ကို နှစ်သက်အားရကြ၏။ ကိုယ့်ခြေကိုယ်မထိန်းချုပ်ကြ။ ထို့ကြောင့် ထာဝရဘုရားသည် သူတို့ကို နှစ်သက်တော်မမူ။ သူတို့၏ဒုစရိုက်များကို မှတ်တော်မူမည်။ သူတို့အပြစ်များကြောင့် သူတို့ကိုဒဏ်ခတ်တော်မူမည်”ဟု မိန့်တော်မူ၏။
“ထို့ကြောင့် ထိုသူတို့အထဲမှ ထွက်၍ သီးခြားနေကြလော့”ဟု ထာဝရဘုရားမိန့်တော်မူ၏။ “ညစ်ညူးသောအရာကို မတို့မထိနှင့်။ ထိုသို့ပြုလျှင် ငါသည် သင်တို့ကိုလက်ခံ၍