ထာဝရဘုရားသည် မိမိ၏ဖြောင့်မတ်ခြင်းအတွက် ကျေနပ်အားရတော်မူ၏။ ကိုယ်တော်သည် ပညတ်တရားကို ကြီးမြတ်စေတော်မူ၏။ အထွတ်အမြတ်ဖြစ်စေတော်မူ၏။
ဝတ်ပြု 5:9 - မြန်မာ့စံမီသမ္မာကျမ်း အပြစ်ဖြေရာယဇ်ကောင်၏သွေးအချို့ကို ယဇ်ပလ္လင်၏နံရံ၌ ဖျန်း၍ ကျန်သောသွေးကို ယဇ်ပလ္လင်၏အောက်ခြေ၌ ညှစ်ချရမည်။ ဤသည်ကား အပြစ်ဖြေရာယဇ်ဖြစ်၏။ Common Language Bible ထို့နောက်ငှက်သွေးအချို့ကိုပလ္လင်ဘေးဘက် သို့ပက်ဖျန်း၍ ကျန်သောသွေးကိုပလ္လင်ခြေ ရင်းသို့ညှစ်ချရမည်။ ဤသည်ကားအပြစ် ဖြေရာယဇ်ဖြစ်သတည်း။- Garrad Bible အ သွေး အ ချို့ အ ဝက် ကို ပ လ္လင် တော် ဘေး၌ ဖျန်း ခြင်း၊ အ ပြစ် ဖြေ ရာ သ က္ကာ ဖြစ် သည် နှင့် အ ညီ ကျန် သော အ သွေး ကို ပ လ္လင် တော် ခြေ ရင်း သို့ ညှစ် ချ ခြင်း ပြု ရ မည်။ Judson Bible ထိုအပြစ်ဖြေရာ ယဇ်ကောင်အသွေးကို ယဇ်ပလ္လင်နံရံ၌ဖျန်း၍၊ ကြွင်းသော အသွေးကို ယဇ်ပလ္လင်ခြေရင်းနားမှာ ညှစ်ရမည်။ အပြစ်ဖြေရာယဇ်ဖြစ်သတည်း။ |
ထာဝရဘုရားသည် မိမိ၏ဖြောင့်မတ်ခြင်းအတွက် ကျေနပ်အားရတော်မူ၏။ ကိုယ်တော်သည် ပညတ်တရားကို ကြီးမြတ်စေတော်မူ၏။ အထွတ်အမြတ်ဖြစ်စေတော်မူ၏။
ယဇ်ပုရောဟိတ်သည် ငှက်ကို ယဇ်ပလ္လင်သို့ယူဆောင်လာ၍ ခေါင်းကိုလိမ်ချိုးပြီးလျှင် ယဇ်ပလ္လင်ပေါ်၌ရှို့ရမည်။ ငှက်၏သွေးကို ယဇ်ပလ္လင်၏နံရံပေါ် ညှစ်ချရမည်။
သူသည် နွားထီးပျိုကို ထာဝရဘုရားရှေ့တော်၌ သတ်ရမည်။ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည် သွေးကိုယူဆောင်လာ၍ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝရှိ ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ ထိုသွေးကို ဖျန်းရမည်။
ထာဝရဘုရားရှေ့တော်၊ တွေ့ဆုံစည်းဝေးရာတဲတော်ထဲ၌ရှိသည့် ယဇ်ပလ္လင်ချိုများကိုလည်း ထိုသွေးဖြင့်သုတ်လိမ်းရမည်။ ကျန်သွေးအားလုံးကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ရှိသော မီးရှို့ရာယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းရမည်။
ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ကောင်၏သွေးအချို့ကို မိမိလက်ချောင်းဖြင့်ယူ၍ မီးရှို့ရာယဇ်ပလ္လင်၏ချိုများကို သုတ်လိမ်းပြီးလျှင် ကျန်သောသွေးကို မီးရှို့ရာယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းရမည်။
ယဇ်ပုရောဟိတ်သည် ဆိတ်သငယ်အမ၏သွေးအချို့ကို မိမိလက်ချောင်းဖြင့်ယူ၍ မီးရှို့ရာယဇ်ပလ္လင်၏ချိုများကို သုတ်လိမ်းရမည်။ ကျန်သွေးအားလုံးကို ယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းရမည်။
ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ကောင်၏သွေးအချို့ကို မိမိလက်ချောင်းဖြင့်ယူ၍ မီးရှို့ရာယဇ်ပလ္လင်၏ချိုများကို သုတ်လိမ်းရမည်။ ကျန်သွေးအားလုံးကို ယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းရမည်။
သွေးအချို့ကို ထာဝရဘုရားရှေ့တော်၊ တွေ့ဆုံစည်းဝေးရာတဲတော်ထဲ၌ရှိသည့် အမွှေးနံ့သာပေါင်းယဇ်ပလ္လင်၏ချိုများ၌ သုတ်လိမ်းရမည်။ နွားထီး၏ကျန်သွေးအားလုံးကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ရှိသော မီးရှို့ရာယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းရမည်။
အပြစ်ဒဏ်ဖြေရာယဇ်ကောင်ကို မီးရှို့ရာယဇ်ကောင်သတ်သောနေရာ၌ သတ်၍ သွေးကို ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ ဖျန်းရမည်။
ပဋိညာဉ်သစ်၏ကြားဝင်စေ့စပ်သူ ယေရှုထံသို့လည်းကောင်း၊ အာဗေလ၏သွေးထက် သာ၍မြတ်သောအရာကိုမြွက်ဆိုသည့် ပက်ဖျန်းသောသွေးတော်ထံသို့လည်းကောင်း ချဉ်းကပ်ကြ၏။
အကြောင်းမူကား ခပ်သိမ်းသောအရာတို့၏အကြောင်းခံနှင့် ခပ်သိမ်းသောအရာတို့၏အရင်းအမြစ်ဖြစ်တော်မူသောဘုရားသခင်သည် များစွာသောသားတို့ကို ဘုန်းအသရေတော်ထဲသို့ခေါ်ဆောင်လာရာ၌ သူတို့၏ကယ်တင်ခြင်းကိုအစပြုဖြစ်တည်စေသောအရှင်အား ဒုက္ခဝေဒနာအားဖြင့် စုံလင်စေတော်မူသည်မှာ သင့်လျော်ပေ၏။