သူသည် လူတို့ကိုကြည့်ရှု၍ ‘ငါသည် ဖြောင့်မှန်သောလမ်းမှလွဲ၍ အပြစ်ပြုမိပြီ။ သို့သော် ငါခံထိုက်သောအပြစ်ကို ခံစေတော်မမူ။
ဝတ်ပြု 5:5 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူအပေါ် ထိုသို့သောအပြစ်တစ်စုံတစ်ရာသက်ရောက်လျှင် သူကျူးလွန်မိသောအပြစ်ကို ဖော်ပြဝန်ခံရမည်။ Common Language Bible တစ်စုံတစ်ယောက်သောသူသည် အပြစ်ကူး လွန်လျှင် အပြစ်ကူးလွန်ကြောင်းဝန်ခံရ မည်။- Garrad Bible ပြစ် မှား မိ ၍ ဒဏ် ခံ ထိုက် သော အ ရာ ရာ ကို ဖော် ပြ ပြီး လျှင်၊ Judson Bible ထိုသို့သော အပြစ်တစ်စုံတစ်ခုရောက်လျှင်၊ ထိုအပြစ်ကို ဖော်ပြတောင်းပန်ရမည်။ |
သူသည် လူတို့ကိုကြည့်ရှု၍ ‘ငါသည် ဖြောင့်မှန်သောလမ်းမှလွဲ၍ အပြစ်ပြုမိပြီ။ သို့သော် ငါခံထိုက်သောအပြစ်ကို ခံစေတော်မမူ။
အကျွန်ုပ်သည် အကျွန်ုပ်၏အပြစ်ကို ကိုယ်တော်ထံဝန်ချပါ၏။ အကျွန်ုပ်၏ဒုစရိုက်ကိုလည်း ဖုံးအုပ်မထားပါ။ “အကျွန်ုပ်ကျူးလွန်သောအပြစ်များကို ထာဝရဘုရားထံဖော်ပြဝန်ခံမည်”ဟု အကျွန်ုပ်ပြောဆိုခဲ့ပါ၏။ ထိုအခါ ကိုယ်တော်သည် အကျွန်ုပ်၏အပြစ်ဒုစရိုက်ကို ခွင့်လွှတ်တော်မူ၏။(စေလာ)
မိမိကျူးလွန်သောအပြစ်များကို ဖုံးကွယ်ထားသောသူသည် ကြီးပွားမည်မဟုတ်။ ထိုအပြစ်များကိုဖော်ပြဝန်ခံ၍ စွန့်ပယ်သောသူမူကား ကရုဏာတော်ကိုခံစားရလိမ့်မည်။
သင်၏ဒုစရိုက်တို့ကို ဝန်ခံလော့။ သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားကိုပုန်ကန်၍ စိမ်းလန်းသောသစ်ပင်ရှိသမျှအောက်၌ တစ်ပါးအမျိုးသားတို့နှင့် မွေ့လျော်၏။ ငါ့စကားကိုလည်း သင်နားမထောင်’ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထိုသို့ ငါသည်အပြစ်ဝန်ချ၍ ငါ၏ဘုရားသခင်ထာဝရဘုရားထံ ဆုတောင်းသည်မှာ “အို ဘုရားရှင်၊ ကိုယ်တော်သည် ကြီးမြတ်၍ အံ့ဖွယ်သောဘုရားဖြစ်ပါ၏။ ကိုယ်တော့်ကိုချစ်၍ ပညတ်တော်တို့ကို စောင့်ထိန်းသောသူတို့အပေါ် ကိုယ်တော်၏ပဋိညာဉ်တော်နှင့် မေတ္တာကရုဏာတော် တည်ပါ၏။
အာရုန်သည် မိမိလက်နှစ်ဖက်ကို အသက်ရှင်သောဆိတ်သငယ်၏ခေါင်းပေါ်၌ တင်၍ အစ္စရေးအမျိုးသားတို့၏ဒုစရိုက်ရှိသမျှ၊ သူတို့ကျူးလွန်သောအပြစ်ရှိသမျှတို့ကို ဖော်ပြဝန်ခံရမည်။ ထိုအပြစ်တို့ကို ဆိတ်သငယ်၏ခေါင်းပေါ်၌တင်ထားပြီး ထိုဆိတ်သငယ်ကို တာဝန်ရှိသူမှတစ်ဆင့် တောကန္တာရထဲသို့ လွှတ်လိုက်ရမည်။
သို့သော် သူတို့၏အပြစ်၊ ဘိုးဘေးတို့၏အပြစ်ကို ဖော်ပြဝန်ခံမည်ဆိုလျှင်၊ သူတို့သည် ဖောက်ပြန်မှားယွင်း၍ ငါ့ကိုဆက်လက်ဆန့်ကျင်ကြသဖြင့်
ထိုသို့သောအပြစ်တစ်စုံတစ်ရာကို ကျူးလွန်မိခဲ့သောသူ၏အပြစ်အတွက် ယဇ်ပုရောဟိတ်သည် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။ ကျန်ရှိသောအရာသည် ဘောဇဉ်ပူဇော်သက္ကာကဲ့သို့ပင် ယဇ်ပုရောဟိတ်အတွက်ဖြစ်၏”ဟု မိန့်တော်မူ၏။
ထိုသူသည် မိမိပြုမိသောအပြစ်ကို ဖော်ပြဝန်ခံရမည်။ ထိုအပြစ်အတွက် မိမိပြစ်မှားသောသူကို အပြည့်အဝပြန်လျော်ရမည့်အပြင် ငါးပုံတစ်ပုံကိုထပ်ပေါင်း၍ ပေးရမည်။
အကြောင်းမူကား လူသည် စိတ်နှလုံးဖြင့်ယုံကြည်၍ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရပြီး နှုတ်ဖြင့်ဝန်ခံ၍ ကယ်တင်ခြင်းခံရ၏။
ထိုအခါ ယောရှုက အာခန်အား “ငါ့သား၊ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းလော့။ ကျေးဇူးတော်ကို ချီးမွမ်းလော့။ သင်ပြုသောအမှုကို ငါ့အား ယခုပြောပါလော့။ ဘာမျှ ဖုံးကွယ်မထားနှင့်”ဟု ဆို၏။