အကြောင်းမှာ သူသည် နုနယ်သောအပင်ကဲ့သို့၊ ခြောက်သွေ့သောမြေမှ အမြစ်ကဲ့သို့ ကိုယ်တော်၏ရှေ့တော်၌ ရှင်သန်၏။ သူသည် ရှုချင်စဖွယ် ပုံပန်းသဏ္ဌာန်မရှိ။ ခန့်ညားထည်ဝါမှုလည်းမရှိ။ နှစ်သက်ဖွယ် ရုပ်ရည်လည်းမရှိ။
ဝတ်ပြု 3:12 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ဆိတ်ကိုပူဇော်လိုလျှင် ထာဝရဘုရားရှေ့တော်၌ ပူဇော်ရမည်။ Common Language Bible ဆိတ်ကိုပူဇော်သူသည်။- Garrad Bible ဆိတ် ကို လှူ ဒါန်း လျှင် ထာ ဝ ရ ဘု ရား ရှေ့ တင် သွင်း ရာ ဦး ခေါင်း ပေါ် တွင် လက် တင် ၍ Judson Bible ဆိတ်ကိုပူဇော်လိုလျှင်၊ ထာဝရဘုရားရှေ့တော်၌ ဆက်ပြီးမှ၊ |
အကြောင်းမှာ သူသည် နုနယ်သောအပင်ကဲ့သို့၊ ခြောက်သွေ့သောမြေမှ အမြစ်ကဲ့သို့ ကိုယ်တော်၏ရှေ့တော်၌ ရှင်သန်၏။ သူသည် ရှုချင်စဖွယ် ပုံပန်းသဏ္ဌာန်မရှိ။ ခန့်ညားထည်ဝါမှုလည်းမရှိ။ နှစ်သက်ဖွယ် ရုပ်ရည်လည်းမရှိ။
ငါတို့ရှိသမျှသည် လမ်းလွဲသောသိုးကဲ့သို့ ကိုယ့်လမ်းသို့ အသီးသီးလိုက်သွားကြသည်ဖြစ်၍ ထာဝရဘုရားသည် ငါတို့၏အပြစ်ရှိသမျှကို သူ့အပေါ်ကျရောက်စေတော်မူ၏။
သူသည် သိုးဆိတ်များထဲမှ သိုးကိုဖြစ်စေ၊ ဆိတ်ကိုဖြစ်စေ မီးရှို့ရာယဇ်အဖြစ် ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသောအထီးကို ပူဇော်ရမည်။
“သင်သည် အစ္စရေးအမျိုးသားတို့အား ‘သင်တို့တွင် တစ်စုံတစ်ယောက်သည် ထာဝရဘုရားထံ ပူဇော်သက္ကာကို တိရစ္ဆာန်ထဲမှပူဇော်လိုလျှင် နွားကိုဖြစ်စေ၊ သိုးဆိတ်ကိုဖြစ်စေ ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။
သူသည် မီးရှို့ရာယဇ်ကောင်ကို အရေဆုတ်ပြီး ထိုယဇ်ကောင်ကို အပိုင်းပိုင်းခုတ်ဖြတ်ရမည်။
ထို့နောက် မောရှေသည် အပြစ်ဖြေရာယဇ်ဖြစ်သော ဆိတ်သငယ်အကြောင်း စုံစမ်းမေးမြန်းသောအခါ ၎င်းကိုမီးရှို့ပြီးနှင့်ပြီကို သိမြင်လေ၏။ ထို့ကြောင့် သူသည် အာရုန်၏အသက်ရှင်ကျန်ရစ်ခဲ့သောသား ဧလာဇာ၊ ဣသမာတို့အား အမျက်ထွက်၍
သူသည် နွားကို မိတ်သဟာယယဇ်အဖြစ် ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသော အထီးကိုဖြစ်စေ၊ အမကိုဖြစ်စေ ထာဝရဘုရားရှေ့တော်၌ ပူဇော်ရမည်။
ထို့နောက် သူသည် လူတို့၏ပူဇော်သက္ကာကိုယူဆောင်လာ၏။ လူတို့အတွက် အပြစ်ဖြေရာယဇ်ဖြစ်သော ဆိတ်သငယ်ကိုယူ၍ သတ်ပြီးလျှင် ယခင်ကကဲ့သို့ အပြစ်ဖြေရာယဇ်ကို ပူဇော်၏။
အစ္စရေးအမျိုးသားတို့ကိုလည်း ‘အပြစ်ဖြေရာယဇ်အတွက် ဆိတ်သငယ်အထီးတစ်ကောင်၊ မီးရှို့ရာယဇ်အတွက် အပြစ်အနာအဆာကင်းသောတစ်နှစ်သားအရွယ် နွားသငယ်တစ်ကောင်နှင့်သိုးသငယ်တစ်ကောင်၊
သိုးထီးတစ်ကောင်အတွက် ဘောဇဉ်ပူဇော်သက္ကာအဖြစ် ဆီတစ်ဟိန်၏သုံးပုံတစ်ပုံနှင့်ရောထားသော အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံကိုလည်းကောင်း၊
ဘုရားသခင်သည် မိမိ၏သားတော်ကို အပြစ်နှင့်ပြည့်ဝသည့် သွေးသားဇာတိနှင့်တူညီသောသဏ္ဌာန်၌ အပြစ်အတွက်စေလွှတ်တော်မူ၍ သွေးသားဇာတိ၌ရှိသောအပြစ်ကို ဒဏ်ခတ်တော်မူပြီး သွေးသားဇာတိကြောင့် အားနည်း၍ ပညတ်တရားမဆောင်ရွက်နိုင်သောအမှုကို ဆောင်ရွက်ပေးတော်မူ၏။
ဘုရားသခင်သည် အပြစ်ကင်းစင်သောအရှင်ကို ငါတို့အတွက် အပြစ်ဖြစ်သွားစေတော်မူ၏။ ဤသည်ကား ငါတို့သည် ထိုအရှင်အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်လာမည့်အကြောင်းတည်း။