ဤသည်ကား သိနာတောင်ပေါ်၌ ထာဝရဘုရားသည် မိမိနှင့်အစ္စရေးအမျိုးသားတို့အကြား မောရှေအားဖြင့်ထားရှိသည့် ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များ၊ ပညတ်တရားများဖြစ်၏။
ဝတ်ပြု 27:34 - မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား သိနာတောင်ပေါ်၌ ထာဝရဘုရားသည် အစ္စရေးအမျိုးသားတို့အား မောရှေမှတစ်ဆင့် မိန့်မှာတော်မူခဲ့သည့် ပညတ်တော်များဖြစ်၏။ Common Language Bible ဤကားထာဝရဘုရားက သိနာတောင် ပေါ်တွင်မောရှေမှတစ်ဆင့် ဣသရေလ အမျိုးသားတို့အားပေးအပ်သောပညတ် များဖြစ်သတည်း။ ရှင်မောရှေစီရင်ရေးထားသောဝတ်ပြုရာ ကျမ်းပြီး၏။ Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ အ ဖို့ သိ နာ တောင် ပေါ် တွင် မော ရှေ အား ထာ ဝ ရ ဘု ရား ထုတ် ဆင့် တော် မူ သော ပ ညတ် ချက် များ ကား ထို သို့ ဖြစ် သ တည်း။ Judson Bible ဤရွေ့ကား ထာဝရဘုရားသည်၊ သိနာတောင်ပေါ်မှာ ဣသရေလအမျိုးသားတို့အဖို့ မောရှေ၌ထားတော်မူသော ပညတ်တော်များ ဖြစ်သတည်း။ ရှင်မောရှေစီရင်ရေးထားသော ဝတ်ပြုရာကျမ်းပြီး၏။ |
ဤသည်ကား သိနာတောင်ပေါ်၌ ထာဝရဘုရားသည် မိမိနှင့်အစ္စရေးအမျိုးသားတို့အကြား မောရှေအားဖြင့်ထားရှိသည့် ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များ၊ ပညတ်တရားများဖြစ်၏။
ထာဝရဘုရားသည် သိနာတောကန္တာရ၌ အစ္စရေးအမျိုးသားတို့က ထာဝရဘုရားအား ပူဇော်သက္ကာကို ပူဇော်ရမည်ဟု မိန့်မှာတော်မူသောနေ့၌ပင် ထိုတရားတို့ကို မောရှေအား သိနာတောင်ပေါ်၌ မိန့်တော်မူခဲ့၏။
အစ္စရေးအမျိုးသားတို့သည် အီဂျစ်ပြည်မှထွက်လာပြီးနောက် ဒုတိယနှစ်၊ ဒုတိယလ၊ ပထမနေ့၌ သိနာတောကန္တာရ၊ တွေ့ဆုံစည်းဝေးရာတဲတော်တွင် ထာဝရဘုရားက မောရှေအား
ဤသည်ကား ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့အဖြစ် သိနာတောင်ပေါ်တွင်စီရင်ခဲ့သော မီးဖြင့်ပူဇော်သည့် ပုံမှန်မီးရှို့ရာယဇ်ဖြစ်၏။
သိနာတောင်ပေါ်၌ မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသောအချိန်ကာလတွင် အာရုန်နှင့်မောရှေတို့၏ဆွေစဉ်မျိုးဆက်များမှာ ဤသို့ဖြစ်၏။
ဤသည်ကား ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး၊ မောဘလွင်ပြင်၌ မောရှေမှတစ်ဆင့် အစ္စရေးအမျိုးသားတို့အား ထာဝရဘုရားမိန့်မှာသည့် ပညတ်ချက်နှင့်စီရင်ထုံးဖွဲ့ချက်များဖြစ်၏။
အကြောင်းမူကား ပညတ်တရားကို မောရှေအားဖြင့်ပေးတော်မူ၏။ ကျေးဇူးတော်နှင့်သမ္မာတရားမူကား ယေရှုခရစ်တော်အားဖြင့်ဖြစ်လာ၏။
အနှစ်လေးဆယ်မြောက်သောနှစ်၊ တစ်ဆယ့်တစ်လ၊ ပထမနေ့၌ မောရှေသည် မိမိအား ထာဝရဘုရားမိန့်မှာတော်မူသမျှ ပညတ်တရားတို့ကို အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလေ၏။
ဟောရပ်တောင်၌ အစ္စရေးအမျိုးသားတို့နှင့် ထာဝရဘုရားဖွဲ့တော်မူခဲ့သောပဋိညာဉ်အပြင် မောဘပြည်၌ အစ္စရေးအမျိုးသားတို့နှင့်ပဋိညာဉ်ဖွဲ့ရန် မောရှေအား မိန့်မှာတော်မူခဲ့သည့် ပဋိညာဉ်ပါအချက်များကား ဤသို့ဖြစ်၏။
ဤသည်ကား အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှထွက်လာပြီးနောက် သူတို့အား မောရှေဆင့်ဆိုသော သက်သေခံချက်၊ ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်တို့ဖြစ်၏။
သင်တို့ဝင်ရောက်သိမ်းပိုက်နေထိုင်မည့်ပြည်၌ သင်တို့လိုက်နာရမည့် ပြဋ္ဌာန်းချက်နှင့် စီရင်ထုံးဖွဲ့ချက်တို့ကို ငါ့အား ငါ၏ဘုရားသခင်ထာဝရဘုရားမိန့်မှာထားသည့်အတိုင်း သင်တို့အား ငါသွန်သင်ပေးပြီ။