ပြည်တော်တွင် ငတ်မွတ်ခြင်းဘေး၊ ကပ်ရောဂါဘေး ကျရောက်သောအခါ၊ လောင်မီးပိုး၊ မှိုရောဂါ၊ ကျိုင်းကောင်၊ နှံကောင်တို့ကျသောအခါ၊ ပြည်တော်၏မြို့တံခါးတို့တွင် ရန်သူတို့ဝိုင်းလာသောအခါ၊ ဘေးဒဏ်တစ်စုံတစ်ရာ၊ အနာရောဂါတစ်စုံတစ်ရာ ဖြစ်သောအခါ
ဝတ်ပြု 26:16 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် သင်တို့အား ဤသို့ပြုမည်။ မျက်စိကွယ်စေ၍ စိတ်အားလျော့စေသော အဆုတ်ရောဂါ၊ အဖျားရောဂါတည်းဟူသော ထိတ်လန့်ဖွယ်သောအရာကို သင်တို့အပေါ် သက်ရောက်စေမည်။ သင်တို့၏ရန်သူတို့သည် သင်တို့၏အသီးအနှံတို့ကို စားပစ်မည်ဖြစ်သောကြောင့် သင်တို့ကြဲသောမျိုးစေ့သည် အချည်းနှီးဖြစ်လိမ့်မည်။ Common Language Bible ငါသည်သင်တို့အားဒဏ်ခတ်မည်။ ကုသ၍မရ နိုင်သောရောဂါဝေဒနာကိုလည်းကောင်း၊ မျက်စိ ကွယ်ခြင်း၊ အားအင်ကုန်ခန်းခြင်းကိုဖြစ်စေ သောရောဂါဝေဒနာကိုလည်းကောင်း သင်တို့ အားခံစားစေမည်။ သင်တို့သည်အသီးအနှံ များကိုစိုက်ပျိုးသော်လည်း အကျိုးကျေးဇူး ခံစားရမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ရန်သူများသည် သင်တို့ကိုတိုက် ခိုက်အောင်မြင်၍သင်တို့စိုက်ပျိုးသော အသီးအနှံများကိုစားကြမည်ဖြစ် သောကြောင့်တည်း။- Garrad Bible ငါ ပြု မည် ကား၊ မျက် စိ အား ကုန် ခြင်း၊ ကိုယ် ပိန် ကြုံ ခြင်း ဖြစ် စေ သည့် အ ဆုတ် နာ၊ ဖျား နာ တည်း ဟူ သော ဥ ပဒ် ကို စီ ရင် သ ဖြင့် မျိုး ကြဲ သော် လည်း ရန် သူ တို့ စား ကြ အံ့ သော ကြောင့် အ ချည်း နှီး ဖြစ် လိမ့် မည်။ Judson Bible သင်တို့၌ငါပြုလတ္တံ့သော အမှုဟူမူကား၊ သင်တို့၌မျက်စိပျက်လျက်၊ စိတ်ပူပန်လျက်ရှိစေခြင်းငှာ၊ ထိတ်လန့်သောသဘော၊ တူလာ၊ ဖျားနာတို့ကို သင်တို့အပေါ်မှာငါခန့်ထားမည်။ သင်တို့သည် မျိုးစေ့ကိုကြဲသော်လည်း အကျိုးမရှိ။ ရန်သူတို့သည် အသီးအနှံကိုစားကြလိမ့်မည်။ |
ပြည်တော်တွင် ငတ်မွတ်ခြင်းဘေး၊ ကပ်ရောဂါဘေး ကျရောက်သောအခါ၊ လောင်မီးပိုး၊ မှိုရောဂါ၊ ကျိုင်းကောင်၊ နှံကောင်တို့ကျသောအခါ၊ ပြည်တော်၏မြို့တံခါးတို့တွင် ရန်သူတို့ဝိုင်းလာသောအခါ၊ ဘေးဒဏ်တစ်စုံတစ်ရာ၊ အနာရောဂါတစ်စုံတစ်ရာ ဖြစ်သောအခါ
ထိတ်လန့်ဖွယ်ရာတို့သည် သူ့ကိုပတ်လည်ဝိုင်း၍ ခြောက်လှန့်ပြီး သူသွားလေရာရာသို့ ထက်ကြပ်မကွာလိုက်လိမ့်မည်။
ကျောတွင်စိုက်ဝင်နေသောမြားကိုဆွဲနုတ်သောအခါ သည်းခြေ၌စူးနေသော မြားဦးသည်လည်း ထွက်လာ၍ သူသည် ကြောက်ရွံ့ထိတ်လန့်လျက်နေရလိမ့်မည်။
ငါကြဲသောမျိုးစေ့ကို အခြားသူစားပါစေ။ ငါ့ကောက်ပဲသီးနှံများသည်လည်း နုတ်ပစ်ခြင်းခံရပါစေ။
ထိုသို့သောသူအပေါ်မှာ ဆိုးယုတ်သောသူကို ခန့်ထားတော်မူပါ။ ပြစ်တင်စွပ်စွဲသူသည် သူ၏လက်ယာဘက်တွင် ရပ်နေပါစေ။
သူတို့သည် ချက်ချင်းပင် ကြီးစွာသောပျက်စီးခြင်းသို့ရောက်၍ ထိတ်လန့်ဖွယ်ရာများဖြင့် အကုန်အစင် ဖယ်ရှားခြင်းခံကြရပါသည်တကား။
ထို့ကြောင့် ကိုယ်တော်သည် သူတို့၏နေ့ရက်များကို အချည်းနှီးသောအဖြစ်၌လည်းကောင်း၊ သူတို့၏နှစ်ကာလများကို ထိတ်လန့်ခြင်း၌လည်းကောင်း ကုန်လွန်စေတော်မူ၏။
ထာဝရဘုရားက “သင်၏ဘုရားသခင် ထာဝရဘုရား၏စကားကို သေချာစွာနားထောင်၍ မျက်မှောက်တော်၌ ဖြောင့်မှန်စွာပြုမူလျှင်လည်းကောင်း၊ ပညတ်တော်တို့ကိုစူးစိုက်နားထောင်၍ ပြဋ္ဌာန်းတော်မူချက်ရှိသမျှတို့ကို စောင့်ထိန်းလျှင်လည်းကောင်း ငါသည် အီဂျစ်လူမျိုးတို့အပေါ်သို့ကျရောက်စေခဲ့သောအနာရောဂါတစ်စုံတစ်ခုမျှ သင့်အပေါ်သို့ ကျရောက်စေမည်မဟုတ်။ အကြောင်းမှာ ငါထာဝရဘုရားသည် သင်၏အနာရောဂါကို ပျောက်ကင်းစေသောအရှင်ဖြစ်၏”ဟု မိန့်တော်မူ၏။
ထာဝရဘုရား၏ကျိန်ခြင်းသည် ဆိုးယုတ်သောသူ၏အိမ်ပေါ်သို့သက်ရောက်၏။ သို့သော် ကိုယ်တော်သည် ဖြောင့်မတ်သောသူတို့၏အိမ်ကို ကောင်းချီးပေးတော်မူ၏။
အကျဉ်းသားတို့တွင် ဝပ်တွားခြင်း၊ သတ်ဖြတ်ခံရသောသူတို့တွင် လဲကျခြင်းမှတစ်ပါး အခြားမရှိ။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
ထာဝရဘုရားက “သင်၏ကောက်ပဲသီးနှံကို သင်၏ရန်သူတို့အား စားခွင့်ပေးတော့မည်မဟုတ်။ သင်ကြိုးစားအားထုတ်၍ရရှိသော စပျစ်ဝိုင်အသစ်ကိုလည်း တိုင်းတစ်ပါးသားများ သောက်ရတော့မည်မဟုတ်။
“ဆီးရီးယားပြည်သည် ဧဖရိမ်ပြည်နှင့် မဟာမိတ်ဖွဲ့သည်”ဟု ဒါဝိဒ်အမျိုးအနွယ်ကြားသိသောအခါ တောထဲမှသစ်ပင်တို့သည် လေတိုက်၍လှုပ်ခါသကဲ့သို့ အာခတ်မင်းကြီးနှင့် ပြည်သူပြည်သားတို့၏စိတ်နှလုံးသည် လှုပ်ခါသွားလေ၏။
သူတို့သည် ဂျုံစေ့ကိုကြဲသော်လည်း ဆူးပင်များကိုသာ ရိတ်သိမ်းရ၏။ ပင်ပန်းစွာကြိုးစားကြသော်လည်း အကျိုးမခံစားရကြ။ ထာဝရဘုရား၏ပြင်းထန်သောအမျက်တော်ကြောင့် သူတို့သည် အရှက်ကွဲခြင်းသီးနှံကို ရိတ်သိမ်းရလိမ့်မည်။
တစ်ဖန် ထာဝရဘုရားက “သတ်ဖြတ်မည့်ဓား၊ ကိုက်ဆွဲသွားမည့်ခွေး၊ ဝါးမျိုဖျက်ဆီးမည့် ကောင်းကင်ငှက်နှင့်မြေတိရစ္ဆာန် စသည့်ဘေးလေးမျိုးကို သူတို့ထံ ငါစေလွှတ်မည်။
မုဆိုးမတို့သည် သမုဒ္ဒရာသဲလုံးထက်မက များပြားလိမ့်မည်။ မွန်းတည့်ချိန်၌ပင် သားလူပျိုရှိသောအမိတို့ထံ အဖျက်သမားကို ငါစေလွှတ်မည်။ သူတို့အပေါ် ထိတ်လန့်ခြင်း၊ နာကျင်ခြင်းကို ရုတ်တရက် ကျရောက်စေမည်”ဟု မိန့်တော်မူ၏။
အကြောင်းမှာ ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် သင့်ကို သင်ကိုယ်တိုင်အတွက်သော်လည်းကောင်း၊ သင်၏အပေါင်းအဖော်အားလုံးအတွက်သော်လည်းကောင်း ကြောက်လန့်စရာဖြစ်စေမည်။ သင်၏အပေါင်းအဖော်များသည် ရန်သူ၏ဓားဖြင့်လဲကျသေဆုံးကြသည်ကို သင်မြင်တွေ့ရမည်။ ယုဒအမျိုးအားလုံးကို ဘေဘီလုံဘုရင်၏လက်သို့ ငါအပ်မည်။ ထိုဘုရင်သည် သူတို့ကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားပြီး ဓားဖြင့်ကွပ်မျက်မည်။
ထိုလူမျိုးသည် သင်၏အသီးအနှံ၊ အစားအစာတို့ကို ဝါးမျိုလိမ့်မည်။ သင်၏သားသမီးတို့ကိုလည်း ဝါးမျိုလိမ့်မည်။ သင်၏သိုးအုပ်၊ နွားအုပ်တို့ကိုလည်း ဝါးမျိုလိမ့်မည်။ သင်၏စပျစ်ပင်၊ သင်္ဘောသဖန်းပင်တို့ကိုလည်း ဝါးမျိုလိမ့်မည်။ သင်ကိုးစားသောသင်၏ခံတပ်မြို့များကိုပါမချန် ဓားလက်နက်ဖြင့်ဖျက်ဆီးလိမ့်မည်”ဟု မိန့်တော်မူ၏။
ခေါင်းပေါင်းပေါင်း၍ ဖိနပ်ကိုလည်း စီးကြလိမ့်မည်။ ငိုကြွေးမြည်တမ်းမနေဘဲ ကိုယ့်အပြစ်ကြောင့် ရင်ကွဲနာကျလျက် အချင်းချင်းညည်းတွားပြကြလိမ့်မည်။
အချင်းလူသား၊ အစ္စရေးအမျိုးအနွယ်တို့အား ‘သင်တို့က ငါတို့လွန်ကျူးသောအပြစ်ဒုစရိုက်များကြောင့် ဝန်ပိလျက်၊ ခွန်အားယုတ်လျော့လျက်နေသည်ဖြစ်၍ မည်သို့အသက်ရှင်နိုင်မည်နည်းဟူ၍ ဆိုတတ်ကြသည်’ဟု ဆင့်ဆိုလော့။
သင်တို့သည် ဆင်းရဲသားကို ဖိနှိပ်၍ သူ့ထံမှ ဂျုံစပါးအခွန်အတုတ်ကို တောင်းခံကြ၏။ ထို့ကြောင့် ကျောက်ဆစ်အိမ်များကို ဆောက်သော်လည်း ထိုအိမ်များတွင် သင်တို့နေရမည်မဟုတ်။ စပျစ်ခြံများကောင်းကောင်းမွန်မွန်စိုက်ပျိုးသော်လည်း ထိုခြံမှထွက်သောစပျစ်ဝိုင်ကို သောက်ရမည်မဟုတ်။
မျိုးစေ့ကြဲသော်လည်း ရိတ်သိမ်းရမည်မဟုတ်။ သံလွင်သီးကိုနင်းနယ်သော်လည်း သံလွင်ဆီလိမ်းရမည်မဟုတ်။ စပျစ်သီးကိုနင်းနယ်သော်လည်း စပျစ်ဝိုင်သောက်ရမည်မဟုတ်။
သင်တို့သည် မျိုးစေ့များစွာကြဲသော်လည်း သီးနှံအနည်းငယ်သာရိတ်ရ၏။ အစာစားရသော်လည်း ဝလင်စွာမစားရ။ သောက်ရသော်လည်း ဝစွာမသောက်ရ။ အဝတ်ဝတ်ရသော်လည်း နွေးထွေးမှုမရှိ။ လုပ်အားခရသော်လည်း အိတ်ပေါက်ထဲသို့သာ ထည့်ရ၏’ဟု မိန့်တော်မူ၏။
ဂျေရုဆလင်မြို့ကို တိုက်ခိုက်သောလူမျိုးအပေါင်းတို့အား ထာဝရဘုရားဒဏ်ခတ်မည့်ကပ်ရောဂါကား သူတို့သည် ခြေစုံရပ်လျက်နေစဉ်ပင် အသားအရေပုပ်ပျက်သွားလိမ့်မည်။ သူတို့၏မျက်စိသည်လည်း မျက်လုံးအိမ်ထဲ၌ပင် ပုပ်ပျက်သွားလိမ့်မည်။ သူတို့၏လျှာသည်လည်း ခံတွင်းထဲ၌ပင် ပုပ်ပျက်သွားလိမ့်မည်။
“သင့်သားစဉ်မြေးဆက်တို့ကိုလည်း ငါဆုံးမမည်။ သင်တို့၏မျက်နှာကို မစင်နှင့် ပက်မည်။ ယဇ်ပူဇော်ပွဲမှတိရစ္ဆာန်တို့၏မစင်နှင့် ပက်မည်။ သင်တို့သည် ထိုမစင်နှင့်အတူ လွှင့်ပစ်ခြင်းကို ခံရမည်။
သင်ပျက်စီးခြင်းသို့ မရောက်မချင်း သူတို့သည် သင်၏တိရစ္ဆာန်သားပေါက်များ၊ မြေအသီးအနှံများကို ဝါးမျိုလိမ့်မည်။ သင်ပျက်စီးသွားသည်အထိ ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ နွားသားပေါက်၊ သိုးဆိတ်သားပေါက် တို့ကို သင့်အတွက် ချန်ထားမည်မဟုတ်။
အိမ်ပြင်၌ ဆွေမျိုးရင်းချာတို့သည် ဓားဖြင့်ဆုံးလိမ့်မည်။ အိမ်တွင်း၌ ဆံပင်ဖြူသူမှစ၍ နို့စို့ကလေးငယ်၊ လူပျို၊ အပျိုတို့သည် ကြောက်ရွံ့ထိတ်လန့်ကြလိမ့်မည်။
အသက်ရှင်တော်မူသောဘုရားသခင်၏လက်တော်သို့ကျရောက်ခြင်းသည် ကြောက်မက်ဖွယ်ကောင်း၏။
ထို့နောက် ထာဝရဘုရား၏ကောင်းကင်တမန်သည် ရောက်လာ၍ ဩဖရမြို့နေ အဗျေဇာအမျိုးသား ယောရှပိုင်သောသပိတ်ပင်အောက်၌ ထိုင်လေ၏။ ထိုအချိန်၌ ယောရှ၏သားဂိဒေါင်သည် မိဒျန်လူမျိုးတို့ မသိအောင် စပျစ်သီးနယ်ရာကျင်း၌ ဂျုံများကို ရိုက်ခြွေနေ၏။
သို့သော် သင့်အမျိုးအနွယ်ထဲမှ လူတစ်ဦးကို ငါ့ယဇ်ပလ္လင်မှ မဖယ်ရှားဘဲ ချန်ထားမည်။ သူသည် သင့်မျက်စိကို ကွယ်စေပြီး သင့်စိတ်နှလုံးကို ကြေကွဲစေမည်။ သင့်အမျိုးအနွယ်မှဆင်းသက်သောသူအားလုံး အရွယ်ကောင်းချိန်တွင် သေရကြလိမ့်မည်။