ငါသည် သင်မှစ၍ နောင်လာမည့် သင့်သားစဉ်မြေးဆက်၏ဘုရားသခင်ဖြစ်မည့်အကြောင်း ငါ၏ပဋိညာဉ်ကို ငါနှင့်သင်ကြား၌လည်းကောင်း၊ နောင်လာမည့် သင့်သားစဉ်မြေးဆက်ကြား၌လည်းကောင်း တည်စေ၍ သူတို့၏မျိုးဆက်အစဉ်အဆက်တို့၌ ထာဝရပဋိညာဉ်ဖြစ်စေမည်။
ဝတ်ပြု 26:12 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် သင်တို့အလယ်၌ သွားလာ၍ သင်တို့၏ဘုရားဖြစ်မည်။ သင်တို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်။ Common Language Bible ငါသည်သင်တို့နှင့်အတူရှိမည်။ ငါသည်သင် တို့၏ဘုရားသခင်ဖြစ်၍ သင်တို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်လိမ့်မည်။- Garrad Bible သင် တို့ ဘု ရား သ ခင် ဖြစ် မည်။ သင် တို့ လည်း ငါ့ လူ မျိုး ဖြစ် လိမ့် မည်။ Judson Bible သင်တို့တွင်လည်းလှည့်လည်၍ သင်တို့၏ဘုရားသခင်ဖြစ်မည်။ သင်တို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။ |
ငါသည် သင်မှစ၍ နောင်လာမည့် သင့်သားစဉ်မြေးဆက်၏ဘုရားသခင်ဖြစ်မည့်အကြောင်း ငါ၏ပဋိညာဉ်ကို ငါနှင့်သင်ကြား၌လည်းကောင်း၊ နောင်လာမည့် သင့်သားစဉ်မြေးဆက်ကြား၌လည်းကောင်း တည်စေ၍ သူတို့၏မျိုးဆက်အစဉ်အဆက်တို့၌ ထာဝရပဋိညာဉ်ဖြစ်စေမည်။
သင်တည်းခိုနေထိုင်သောပြည်ဖြစ်သည့် ခါနာန်ပြည်တစ်ပြည်လုံးကို သင်နှင့်နောင်လာမည့် သင်၏သားစဉ်မြေးဆက်အား အစဉ်အမြဲပိုင်ဆိုင်ရာအဖြစ် ငါပေးမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်”ဟု မိန့်တော်မူ၏။
နေအေးသောအချိန်တွင် ဥယျာဉ်၌ ထာဝရအရှင်ဘုရားသခင် ကြွတော်မူသောအသံကို လူလင်မယားသည် ကြားလျှင် ထာဝရအရှင်ဘုရားသခင် ရှေ့တော်မှလွတ်ရန် ဥယျာဉ်ရှိသစ်ပင်များကြားတွင် ပုန်းကွယ်လျက်နေကြ၏။
မသုရှလကိုရပြီးနောက် ဧနောက်သည် အနှစ်သုံးရာပတ်လုံး ဘုရားသခင်နှင့်အတူသွားလာလျက် အခြားသောသားသမီးများကိုရသေး၏။
ဧနောက်သည် ဘုရားသခင်နှင့်အတူသွားလာ၏။ ဘုရားသခင်သည် သူ့ကိုဆောင်ယူတော်မူသောကြောင့် သူသည်မရှိတော့ပေ။
နောဧ၏အတ္ထုပ္ပတ္တိကား ဤသို့ဖြစ်၏။ နောဧသည် ဖြောင့်မတ်သောသူ၊ သူ၏မျိုးဆက်ထဲ၌ အပြစ်တင်စရာမရှိသောသူဖြစ်၏။ နောဧသည် ဘုရားသခင်နှင့်အတူသွားလာ၏။
အစ္စရေးအမျိုးသားအပေါင်းတို့နှင့် လှည့်လည်သွားလာလေရာရာ၌ ငါ့လူမျိုးတော်အစ္စရေးတို့ကိုအုပ်ထိန်းရန် ငါခန့်အပ်ထားသောအစ္စရေးအမျိုးအနွယ်တစ်ဦးဦးအား အဘယ်ကြောင့် ငါ့အဖို့ သစ်ကတိုးသားအိမ် မဆောက်ပေးသနည်း’ဟု ငါတစ်ခွန်းမျှမိန့်ဆိုဖူးသလော။
“အို ငါ့လူမျိုးတော်၊ နားထောင်လော့။ ငါမိန့်ဆိုမည်။ အို အစ္စရေးလူမျိုး၊ ငါသည် သင့်တစ်ဖက်၌သက်သေခံမည်။ ငါသည် ဘုရားသခင်ဖြစ်၏။ သင်၏ဘုရားသခင်ဖြစ်၏။
ငါသည် သူတို့အလယ်၌ကိန်းဝပ်ဖို့ရန် သူတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သူတို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။ ငါသည် သူတို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
တစ်ဖန် ဘုရားသခင်က “ငါသည် သင့်ဖခင်၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။ မောရှေသည် ဘုရားသခင်ကိုမကြည့်ဝံ့သဖြင့် မိမိမျက်နှာကို ဖုံးကွယ်ထားလေ၏။
ငါသည် သင်တို့ကို ငါ၏လူမျိုးတော်အဖြစ်သိမ်းယူမည်။ ငါသည် သင်တို့၏ဘုရားဖြစ်မည်။ ငါသည် အီဂျစ်လူမျိုးတို့၏ထမ်းပိုးအောက်မှ သင်တို့ကိုဆွဲထုတ်တော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိမြင်ကြလိမ့်မည်။
ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါသည် ကြောက်ရွံ့ခြင်းမရှိဘဲ ယုံကြည်ကိုးစားမည်။ အကြောင်းမူကား ထာဝရဘုရားသည် ငါ၏ခွန်အား၊ ငါ၏တေးသီချင်း၊ ငါ့ကို ကယ်တင်သောအရှင်ဖြစ်တော်မူ၏”ဟု ဆိုလိမ့်မည်။
မကြောက်နှင့်၊ ငါသည် သင်နှင့်အတူရှိ၏။ မစိုးရိမ်နှင့်။ ငါသည် သင်၏ဘုရားသခင်ဖြစ်၏။ အကယ်စင်စစ် သင့်ကို ခိုင်ခံ့စေမည်။ သင့်ကို ကူညီမစမည်။ ငါ၏ဖြောင့်မတ်သောလက်ယာလက်ဖြင့် သင့်ကို ငါထောက်မမည်။
သင်တို့၏ဘိုးဘေးတို့အား အီဂျစ်ပြည်သံမီးပြင်းဖိုမှ ငါထုတ်ဆောင်လာခဲ့စဉ်က ငါ့စကားကိုနားထောင်၍ ငါဆင့်ဆိုသမျှတို့ကိုပြုကြလော့။ သို့ပြုလျှင် သင်တို့သည် ငါ၏လူမျိုးတော်ဖြစ်၍ ငါသည်လည်း သင်တို့၏ဘုရားဖြစ်မည်ဟု ငါပဋိညာဉ်ပြုထားခဲ့၏။
သင်တို့သည် ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည်လည်း သင်တို့၏ဘုရားဖြစ်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ထိုကာလပြီးနောက် အစ္စရေးလူမျိုးတို့နှင့် ငါဖွဲ့မည့်ပဋိညာဉ်သစ်ကား ဤသို့ဖြစ်၏။ သူတို့၏စိတ်နှလုံးထဲသို့ ငါ၏ပညတ်တရားကို သွင်းပေးမည်။ သူတို့၏နှလုံးသားပေါ်တွင် ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်”ဟု မိန့်တော်မူ၏။
သို့သော် သူတို့အား ‘ငါ့စကားကို နားထောင်ကြလော့။ ငါသည် သင်တို့၏ဘုရားဖြစ်မည်။ သင်တို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်။ ငါပညတ်သောနည်းလမ်းရှိသမျှတို့ကို သင်တို့လိုက်လျှောက်လျှင် သင်တို့ကောင်းစားကြရမည်’ ဟူသောစကားကိုကား ငါမိန့်မှာခဲ့၏။
သို့ဖြစ်၍ သူတို့သည် ငါ၏ပြဋ္ဌာန်းချက်တို့ကိုလိုက်လျှောက်၍ ငါ၏စီရင်ထုံးဖွဲ့ချက်ကို လိုက်နာစောင့်ထိန်းကြလိမ့်မည်။ သူတို့သည် ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည်လည်း သူတို့၏ဘုရားဖြစ်မည်။
ဆိတ်ညံခဲ့သောမြို့တို့သည် သတ်မှတ်ထားသောပွဲတော်ကာလတွင် ဂျေရုဆလင်မြို့၌ ယဇ်ပူဇော်ရန်သိုးများနှင့် ပြည့်နှက်နေသကဲ့သို့ လူအုပ်များနှင့် ပြည့်နေလိမ့်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူကြောင်း ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
သို့မှ ငါသည် အစ္စရေးလူမျိုးတို့တွင် စံမြန်းတော်မူကြောင်းကိုလည်းကောင်း၊ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကိုလည်းကောင်း၊ ငါမှတစ်ပါးအခြားသောဘုရားမရှိကြောင်းကိုလည်းကောင်း သင်တို့သိရကြလိမ့်မည်။ ငါ၏လူမျိုးတော်သည်လည်း ဘယ်သောအခါမျှ အရှက်ကွဲရတော့မည်မဟုတ်။
ငါသည် ထိုသုံးပုံတစ်ပုံကို မီးထဲသို့ထည့်၍ ငွေကိုသန့်စင်သကဲ့သို့ သန့်စင်မည်။ ရွှေကိုစစ်သကဲ့သို့ စစ်မည်။ သူတို့သည် ငါ့နာမကိုခေါ်သောအခါ ငါထူးမည်။ ‘သူတို့သည် ငါ့လူမျိုးတော်ဖြစ်ကြ၏’ဟု ငါဆိုမည်။ သူတို့ကလည်း ‘ထာဝရဘုရားသည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ၏’ဟူ၍ လျှောက်ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သူတို့နှင့်အတူ ငါကိန်းဝပ်ရာ သူတို့၏တပ်စခန်းကို မညစ်ညူးစေမည့်အကြောင်း ထိုသို့သောသူ ယောက်ျား၊ မိန်းမဟူသမျှကို တပ်စခန်းအပြင်သို့ ထွက်သွားစေရမည်”ဟု မိန့်တော်မူ၏။
ဘုရားသခင်၏ဗိမာန်တော်နှင့်ရုပ်တုတို့အကြား၌ မည်သို့သောသဘောတူညီမှုရှိသနည်း။ ဘုရားသခင်က “ငါသည် သူတို့အထဲတွင်ကိန်းဝပ်လျက် သူတို့အလယ်၌သွားလာကာ သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူခဲ့သည့်အတိုင်း ငါတို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၏။
သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုကယ်နုတ်ရန်၊ သင်၏ရန်သူတို့ကို သင့်လက်သို့အပ်ရန် သင်၏တပ်စခန်းထဲ၌ သွားလာတော်မူသည်ဖြစ်၍ သင်၏တပ်စခန်းသည် သန့်ရှင်းရမည်။ သို့မဟုတ်လျှင် ကိုယ်တော်သည် သင့်ထဲ၌ ညစ်ညူးသောအရာကိုတွေ့မြင်တော်မူသဖြင့် သင့်ထံမှ လွှဲရှောင်တော်မူလိမ့်မည်။
မိမိသခင်ထံမှထွက်ပြေး၍ သင့်ထံ လာရောက်ခိုလှုံသောကျွန်ကို သူ့သခင်ထံ ပြန်မအပ်ရ။
သို့သော် အမှန်အားဖြင့် သူတို့သည် အထက်ကောင်းကင်အရပ်၌ရှိသည့်ပြည်တည်းဟူသော သာ၍မြတ်သောပြည်ကို အလွန်တောင့်တနေကြ၏။ ထို့ကြောင့် ဘုရားသခင်သည် သူတို့၏ဘုရားဟုခေါ်ဝေါ်ခြင်းခံရသည်ကို ရှက်တော်မမူ။ အကြောင်းမူကား ကိုယ်တော်သည် သူတို့အတွက် မြို့တော်ကိုပြင်ဆင်ထားတော်မူ၏။
ဧဖက်မြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ မိမိလက်ယာလက်တွင် ကြယ်ခုနစ်လုံးကိုကိုင်ထားသောသူ၊ ရွှေဆီမီးခုံခုနစ်ခုအလယ်၌ သွားလာသောသူက ဤသို့မိန့်တော်မူ၏။
အောင်မြင်သောသူသည် ဤအရာတို့ကို အမွေဆက်ခံရလိမ့်မည်။ ငါသည် သူ၏ဘုရားသခင်ဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။