Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 36:38 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

38 ဆိတ်ညံ​ခဲ့​သော​မြို့​တို့​သည် သတ်မှတ်​ထား​သော​ပွဲတော်​ကာလ​တွင် ဂျေရုဆလင်​မြို့​၌ ယဇ်ပူဇော်​ရန်​သိုး​များ​နှင့် ပြည့်နှက်​နေ​သကဲ့သို့ လူအုပ်​များ​နှင့် ပြည့်​နေ​လိမ့်မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​ကြောင်း ဆင့်ဆို​လော့”​ဟု မိန့်ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

38 အ​ခါ​တစ်​ပါး​က​ယေ​ရု​ရှ​လင်​မြို့​သည်​ပွဲ နေ့​များ​၌​ယဇ်​ပူ​ဇော်​ရာ​သိုး​တို့​ဖြင့်​ပြည့် နှက်​နေ​သ​ကဲ့​သို့ ယ​ခု​ယို​ယွင်း​ပျက်​စီး​နေ သော​မြို့​တို့​သည်​လူ​များ​ဖြင့်​ပြည့်​နှက်​၍ နေ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

38 ယေ ရု ရှ လင် မြို့၌ ပြု မြဲ ပွဲ များ ဆိုင် ရာ၊ အ လှူ ဝ တ္ထု ဖြစ် သော သိုး စု နှင့် အ မျှ၊ ဆိတ် ညံ ရာ မြို့ ရွာ များ သည်၊ လူ စု များ နှင့် ပြည့် နှက် သ ဖြင့်၊ ထာ ဝ ရ ဘု ရား ငါ ဖြစ် သည် ကို သိ ရ ကြ လ တ္တံ့ ဟု မိန့် တော် မူ ကြောင်း များ ကို၊ ဆင့် ဆို လော့ ဟူ ၍ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

38 ပျက်​စီး​သော​မြို့​တို့​သည် သန့်​ရှင်း​သော သိုး​စု​တည်း​ဟူ​သော၊ ဓ​မ္မ​ပွဲ​ခံ​ချိန်​တွင် ယေ​ရု​ရှ​လင်​သိုး​စု​ကဲ့​သို့​သော လူ​စု​တို့​နှင့် ပြည့်​စုံ၍၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 36:38
23 ပူးပေါင်းရင်းမြစ်များ  

ရှောလမုန်​မင်းကြီး​သည် နွား​ကောင်ရေ​နှစ်သောင်းနှစ်ထောင်​၊ သိုးကောင်ရေ​တစ်သိန်းနှစ်သောင်း​တို့​ကို ထာဝရဘုရား​ထံ မိတ်သဟာယယဇ်​အဖြစ် ပူဇော်​၏​။ ဤသို့ဖြင့် ရှင်ဘုရင်​နှင့် အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် ထာဝရဘုရား​၏​အိမ်​တော်​ကို ဆက်ကပ်​ကြ​လေ​၏​။


ထို​အချိန်​တွင်​ပင် ရှောလမုန်​မင်းကြီး​သည် လီဘိုဟာမတ်​အရပ်​မှ အီဂျစ်​မြစ်​တိုင်အောင် အရပ်ရပ်​မှ​ရောက်လာ​သော အစ္စရေး​လူအုပ်​ကြီး​အမြောက်အမြား​နှင့်အတူ ခုနစ်​ရက်​တိုင်တိုင် ပွဲတော်​ကျင်းပ​လေ​၏​။


ထာဝရဘုရား​သည် ဘုရားသခင်​ဖြစ်​တော်မူ​ကြောင်း​ကို သိမှတ်​ကြ​လော့​။ ကိုယ်တော်​သည် ငါ​တို့​ကို ဖန်ဆင်း​တော်မူ​၏​။ ငါ​တို့​သည်​လည်း ကိုယ်တော်​၏​ပိုင်ဆိုင်​ရာ​၊ ကိုယ်တော်​၏​လူမျိုး​တော်​၊ ကိုယ်တော်​၏​စားကျက်​မှ သိုးစု​ဖြစ်​ကြ​၏​။


အို ဘုရားသခင်​၊ အကျွန်ုပ်​တို့​ကို အဘယ်ကြောင့် အစဉ်​ငြင်းပယ်​တော်မူ​သနည်း​။ ကိုယ်တော်​၏​အမျက်​တော်​သည် ကိုယ်တော်​၏​စားကျက်​မှ​သိုးစု​အပေါ် အဘယ်ကြောင့်​တငွေ့ငွေ့​လောင်​တော်မူ​သနည်း​။


ယောက်ျား​အပေါင်း​တို့​သည် ထာဝရဘုရား​သခင်​ရှေ့​တော်​၌ တစ်​နှစ်​လျှင်​သုံး​ကြိမ် မျက်နှာလာပြ​ရ​မည်​။


ယောက်ျား​အပေါင်း​တို့​သည် အစ္စရေး​လူမျိုး​၏​ဘုရား​ဖြစ်​သော ထာဝရဘုရား​သခင်​ရှေ့​တော်​၌ တစ်​နှစ်​လျှင်​သုံး​ကြိမ် မျက်နှာလာပြ​ရ​မည်​။


ထာဝရဘုရား​က “​ငါ​၏​စားကျက်​မှ​သိုး​တို့​ကို ဖျက်ဆီး​သော​သိုးထိန်း​၊ ကွဲလွင့်​စေ​သော​သိုးထိန်း​တို့​သည် အမင်္ဂလာ​ရှိ​၏​”​ဟု မိန့်​တော်မူ​၏​။


သူ​တို့​ထံမှ ချီးမွမ်း​ခြင်း​သီချင်း​နှင့် ပျော်မြူး​သော​အသံ​ထွက်ပေါ်​လာ​မည်​။ သူ​တို့​ကို ငါ​တိုးပွား​စေ​မည်​၊ လျော့နည်း​စေ​မည်​မ​ဟုတ်​။ သူ​တို့​ကို ငါ​ဂုဏ်ပြု​မည်​၊ အထင်သေး​ခြင်း ခံရ​စေ​မည်​မ​ဟုတ်​။


ဘုရားရှင်​ထာဝရဘုရား​က “သင်​တို့​သည် ငါ့​စားကျက်​၌​ကျက်စား​သော လူမျိုး​တော်​သိုးစု​ဖြစ်​၏​။ ငါ​သည်​လည်း သင်​တို့​၏​ဘုရားသခင်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


ဘုရားရှင်​ထာဝရဘုရား​က ‘အစ္စရေး​အမျိုး​တို့ တောင်းဆို​သည့်​အတိုင်း ငါ​ပြု​ပေး​မည်​။ သူ​တို့​ကို သိုး​တို့​ကဲ့သို့ တိုးပွား​စေ​မည်​။


ပြည်သူပြည်သား​တို့​သည် သတ်မှတ်​ထား​သော​ပွဲတော်​အချိန်​တွင် ထာဝရဘုရား​ရှေ့​တော်​သို့ လာရောက်​ပျပ်ဝပ်ရှိခိုး​ကြ​သောအခါ မြောက်ဘက်​မုခ်ဆောင်​မှ ဝင်​သော​သူ​သည် တောင်ဘက်​မုခ်ဆောင်​မှ ပြန်ထွက်​ရ​မည်​။ တောင်ဘက်​မုခ်ဆောင်​မှ ဝင်​သော​သူ​သည် မြောက်ဘက်​မုခ်ဆောင်​မှ ပြန်ထွက်​ရ​မည်​။ ဝင်လာ​သော​မုခ်ဆောင်​မှ ပြန်​မ​ထွက်​ရ​။ ဆန့်ကျင်​ဘက်​မုခ်ဆောင်​မှ ထွက်​ရ​မည်​။


ငါ​၌ ဤ​သိုး​ခြံ​ထဲမှ​မ​ဟုတ်​သော အခြား​သိုး​တို့​ရှိ​သေး​၏။ ထို​သိုး​တို့​ကို​လည်း ငါ​ခေါ်ဆောင်​ခဲ့​ရ​မည်။ သူ​တို့​သည်​လည်း ငါ့​အသံ​ကို​နားထောင်​ကြ​သဖြင့် သိုး​အုပ်​တစ်အုပ်တည်း၊ သိုးထိန်း​တစ်ပါးတည်း​ဖြစ်​လိမ့်မည်။


ထို့ကြောင့် တစ်ဖန် ယေရှု​က“သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ငါ​သည် သိုး​တို့​ဝင်​သော​တံခါးပေါက်​ဖြစ်​၏။


ငါ​သည် တံခါးပေါက်​ဖြစ်​၏။ မည်သူမဆို ငါ့​အားဖြင့်​ဝင်​လျှင် ကယ်တင်​ခြင်း​ခံရ​မည်။ ထို​သူ​သည် ဝင်​ထွက်​ကာ ကျက်စား​ရာ​ကို​တွေ့​ရ​လိမ့်မည်။


ဗိမာန်​တော်​၌ သိုး၊ နွား​နှင့် ချိုးငှက်​များ​ကို​ရောင်း​နေ​သော​သူ​တို့​မှစ၍ ငွေလဲ​ပွဲစား​များ​ထိုင်​နေ​သည်​ကို တွေ့​တော်မူ​ရာ


ယောက်ျား​အပေါင်း​တို့​သည် တဆေးမဲ့မုန့်​ပွဲတော်​၌​တစ်ကြိမ်​၊ ခုနစ်သီတင်း​မြောက်​ပွဲတော်​၌​တစ်ကြိမ်​၊ ယာယီတဲစု​ပွဲတော်​၌​တစ်ကြိမ် တစ်​နှစ်​လျှင်​သုံး​ကြိမ် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​၊ ထာဝရဘုရား​၏​ရှေ့​တော်​၌ မျက်နှာ​လာ​ပြ​ရ​မည်​။ ထာဝရဘုရား​၏​ရှေ့​တော်​သို့ မည်သူ​မျှ လက်ချည်းသက်သက်​မ​လာ​ရ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ