အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဝတ်​ပြု 25:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ငါ​သည် ဆဋ္ဌမ​နှစ်​၌ သင်​တို့​အပေါ်​သို့ ငါ​၏​ကောင်းချီးမင်္ဂလာ​ကို သက်ရောက်​စေ​မည်​။ ထို​နှစ်​၌ သုံး​နှစ်​စာ​အသီးအနှံ ထွက်​လိမ့်မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​သည်​ဆ​ဋ္ဌ​မ​နှစ်​တွင် မြေ ကို​ကောင်း​ချီး​ပေး​သ​ဖြင့်​နှစ်​နှစ်​စာ အ​တွက်​အ​သီး​အ​နှံ​ထွက်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ဆ ဌ မ နှစ် တွင် ငါ စီ မံ နှင့် သော ကောင်း ကြီး မင်္ဂ လာ ဖြင့် သုံး နှစ် အ ဖို့ အ သီး အ နှံ ထွက်၍၊

အခန်းကိုကြည့်ပါ။

Judson Bible

အ​ဋ္ဌ​မတွင် သင်​တို့​ကို​ငါ​ကောင်း​ကြီး​ပေး၍၊ ထို​နှစ်​တွင် သုံး​နှစ်​အ​ဖို့ အ​သီး​အ​နှံ​ကို​ဖြစ်​စေ​မည်။

အခန်းကိုကြည့်ပါ။



ဝတ်​ပြု 25:21
13 ပူးပေါင်းရင်းမြစ်များ  

ဣဇက်​သည် ထို​ပြည်​၌ မျိုးစေ့ကြဲ​၍ ထို​နှစ်​တွင် အဆ​တစ်ရာ​သော​အသီးအနှံ​ကို​ရ​လေ​၏​။ ထာဝရဘုရား​သည် သူ့​ကို​ကောင်းချီးပေး​တော်မူ​သောကြောင့်


ဝပြော​သော​နှစ် ခုနစ်​နှစ်​အတွင်း တိုင်းပြည်​၌ သီးနှံ​အလျှံအပယ်​ထွက်​၏​။


ဇိအုန်​တောင်​များ​ပေါ်သို့​ကျ​သည့် ဟေရမုန်​တောင်​၏​နှင်းစက်​ကဲ့သို့​လည်း​ဖြစ်​၏​။ အကြောင်းမူကား ထိုသို့​နေထိုင်​ကြ​သော​အရပ်​၌ အစဉ်အမြဲ​အသက်ရှင်​ခြင်း​တည်းဟူသော ကောင်းချီးမင်္ဂလာ​ကို ထာဝရဘုရား​အပ်နှင်း​တော်မူ​၏​။


ငါ​ထာဝရဘုရား​သည် သင်​တို့​အား ဥပုသ်နေ့​ကို သတ်မှတ်​ပေး​တော်မူ​ပြီ​။ ထို့ကြောင့် ဆဋ္ဌမ​နေ့​၌ သင်​တို့​အား မုန့်​ကို နှစ်​ရက်​စာ​ပေး​တော်မူ​၏​။ လူ​တိုင်း​မိမိ​နေရာ​၌​နေ​ကြ​လော့​။ သတ္တမ​နေ့​၌ မည်သူမျှ မိမိ​နေရာ​မှ​မ​ထွက်သွား​ကြ​နှင့်​”​ဟု မိန့်​တော်မူ​၏​။


ဆဋ္ဌမ​နေ့​၌ နေ့စဉ်​ထက် နှစ်ဆ​ကောက်​၍ ယူဆောင်​လာ​ပြီး ပြင်ဆင်​ထား​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​၏​ကောင်းချီးမင်္ဂလာ​သည် လူ​ကို​ချမ်းသာကြွယ်ဝ​စေ​၏​။ ကိုယ်တော်​သည် ထို​ချမ်းသာကြွယ်ဝမှု​၌ မည်သည့်​ခက်ခဲပင်ပန်းမှု​ကို​မျှ ထပ်ပေါင်း​တော်​မ​မူ​။


သူ​တို့​နှင့်တကွ သူ​တို့​ကျက်စား​ရာ​ငါ့​တောင်​ပတ်ပတ်လည်​ကို ကောင်းချီးမင်္ဂလာ​ချပေး​မည်​။ ရာသီ​အလိုက် မိုး​ရွာသွန်း​စေ​မည်​။ ကောင်းချီးမိုး​ကို ရွာသွန်း​စေ​မည်​။


သတ္တမ​နှစ်​သည် မြေကြီး ငြိမ်ဝပ်​စွာ​နေ​ရ​သော​ဥပုသ်​နှစ်​၊ ထာဝရဘုရား​၏​ဥပုသ်​နှစ်​ဖြစ်​၏​။ သင်​၏​လယ်ယာ​၌ မျိုး​မ​ကြဲ​ရ​။ သင်​၏​စပျစ်ခြံ​ကို​လည်း ရှင်းလင်းပြုစု​ခြင်း​မ​ပြု​ရ​။


ဥပုသ်​နှစ်​၌ မြေ​သည် သင်​တို့​အဖို့ စားစရာ​ဖြစ်ထွန်း​စေ​လိမ့်မည်​။ သင်​နှင့် သင်​၏​ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​၊ သင်​၏​သူရင်းငှား​၊ သင့်​ထံ၌​တည်းခိုနေထိုင်​သော​ဧည့်သည်​၊


မျိုးကြဲ​သော​သူ​အား မျိုးစေ့​ကို​ပေး​၍ အစာ​အတွက် မုန့်​ကို​ပေး​တော်မူ​သော​အရှင်​သည် သင်​တို့​၏​မျိုးစေ့​ကို​လည်း ပြင်ဆင်​ပေး​၍ ပွားများ​စေ​ကာ သင်​တို့​၏​ဖြောင့်မတ်​ခြင်း​ဆိုင်ရာ အသီးအပွင့်​တို့​ကို တိုးပွား​စေ​တော်မူ​လိမ့်မည်။


သင်​သည် မြို့​၌ ကောင်းချီးခံစား​ရ​မည်​။ တော​၌​လည်း ကောင်းချီးခံစား​ရ​မည်​။


ထာဝရဘုရား​သည် သင်​၏​ကျီ​၌​လည်းကောင်း​၊ သင်​လုပ်ဆောင်​လေရာရာ​၌​လည်းကောင်း ကောင်းချီးမင်္ဂလာ သက်ရောက်​စေ​တော်မူ​မည်​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​၌ သင်​ကောင်းချီးခံစား​ရ​မည်​။