ဝတ်ပြု 25:22 - မြန်မာ့စံမီသမ္မာကျမ်း22 သင်တို့သည် အဋ္ဌမနှစ်မျိုးကြဲချိန်၌ သီးနှံအဟောင်းကို စားကြရမည်။ အသီးအနှံထွက်သည့်နဝမနှစ်တိုင်အောင် အဟောင်းကိုစားကြရမည်။ အခန်းကိုကြည့်ပါ။Common Language Bible22 သင်တို့သည်အဋ္ဌမနှစ်တွင်လယ်များကိုစိုက် ပျိုးသောအခါ ဆဋ္ဌမနှစ်ကရိတ်သိမ်းခဲ့သော အသီးအနှံကိုစားနေရဦးမည်။ ထိုနှစ်၌ စိုက်ပျိုးသောအသီးအနှံများကိုမရိတ်သိမ်း မီတိုင်အောင် သင်တို့တွင်အစားအစာဖူလုံ လိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible22 အ ဌ မ နှစ် တွင် မျိုး ကြဲ လျက် န ဝ မ နှစ် မြေ ထွက် ပေါ် သည့် တိုင် အောင် သို ထား ပြီး စ ပါး ကို စား ရ ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible22 သင်တို့သည် အဋ္ဌမနှစ်တွင်လယ်လုပ်၍ နဝမနှစ်တွင် အသီးအနှံကိုသိမ်းရာ ကာလတိုင်အောင် ဟောင်းသောအသီးအနှံကို စားရကြမည်။ အခန်းကိုကြည့်ပါ။ |