အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဝတ်​ပြု 24:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သူတစ်ပါး​၏​တိရစ္ဆာန်​ကို​သတ်​သော​သူ​သည် အလျော်​ပြန်ပေး​ရ​မည်​။ လူ​ကို​သတ်​သော​သူ​မူကား ပြန်​၍​အသတ်​ခံရ​မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

တိ​ရစ္ဆာန်​ကို​သတ်​သော​သူ​သည်​အ​စား လျော်​ပေး​ရ​မည်။ သို့​ရာ​တွင်​လူ​ကို​သတ် သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ငါ သည် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဖြစ် သည့် အ လျောက် ဝင် နေ သူ၌ လည်း ကောင်း၊ တိုင်း ရင်း သား၌ လည်း ကောင်း၊ စီ ရင် ထုံး တစ် မျိုး တည်း သာ ရှိ လျက် တိ ရ စ္ဆာန် ကို သတ် သူ သည် လျော် ပေး ရ မည်။ သူ တစ် ပါး ကို သတ် သူ မူ ကား သေ ဒဏ် ခံ မည် ဟူ သော မိန့် ချက် ကို၊

အခန်းကိုကြည့်ပါ။

Judson Bible

တိ​ရ​စ္ဆာန်​အ​သက်​ကို သတ်​သော​သူ​သည်၊ တစ်​ကောင်​အ​တွက်၊ တစ်​ကောင်​ကို ပြန်​ပေး​ရ​မည်။ လူ​အ​သက်​ကို သတ်​သော​သူ​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်။

အခန်းကိုကြည့်ပါ။



ဝတ်​ပြု 24:21
4 ပူးပေါင်းရင်းမြစ်များ  

အကယ်စင်စစ် သင်​တို့​၏​အသက်​သွေးကြွေး​ကို ငါ​ပြန်တောင်း​မည်​။ တောရိုင်းတိရစ္ဆာန်​ဖြစ်​လျှင်လည်း ၎င်း​တို့​၏​အသက်​ကို​ငါ​ပြန်တောင်း​မည်​။ လူ​အချင်းချင်း​ဖြစ်​လျှင်လည်း ထို​လူ​၏​အသက်​ကို ငါ​ပြန်တောင်း​မည်​။


တစ်စုံတစ်ဦး​သည် ဖုံးထား​သော​တွင်း​ကို​ဖွင့်​ထား​လျှင်​ဖြစ်စေ​၊ တွင်း​ကို​တူး​၍ မ​ဖုံး​ဘဲ​ထား​လျှင်​ဖြစ်စေ ထို​တွင်း​ထဲသို့ နွား​၊ သို့မဟုတ် မြည်း​တစ်ကောင်ကောင်​ကျ​လျှင်


သူ​သည် အပြစ်ပြု​၍ အပြစ်​သက်ရောက်​သောကြောင့် လုယူ​ထား​သော​ပစ္စည်း​ကို​ဖြစ်စေ​၊ အနိုင်အထက်ပြု​ခြင်း​ဖြင့်​ရယူ​ထား​သော​ပစ္စည်း​ကို​ဖြစ်စေ​၊ ယုံကြည်​၍​အပ်နှံ​ထား​သော​ပစ္စည်း​ကို​ဖြစ်စေ​၊ တွေ့​ထား​သည့်​ပစ္စည်း​ကို​ဖြစ်စေ ပြန်ပေး​ရ​မည်​။