Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 24:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 တစ်စုံတစ်ယောက်​ကို အနာတရ​ဖြစ်​စေ​သော​သူ​သည် အရိုးချိုး​သည့်​အတွက်​အရိုးချိုး​ခြင်း​၊ မျက်စိ​အတွက်​မျက်စိ​၊ သွား​အတွက်​သွား မိမိ​ပြု​သည့်​အတိုင်း ပြန်​ခံရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 သူ​တစ်​ပါး​၏​အ​ရိုး​ကို​ချိုး​သော​သူ​သည် ကိုယ်​တိုင်​လည်း​အ​ရိုး​ချိုး​ခြင်း​ခံ​ရ​မည်။ သူ တစ်​ပါး​၏​မျက်​လုံး​ကို​ထိုး​ဖောက်​သော​သူ သည်​ကိုယ်​တိုင်​မျက်​လုံး​ဖောက်​ခြင်း​ခံ​ရ​မည်။ သူ​တစ်​ပါး​၏​သွား​ကို​ချိုး​သော​သူ​သည် ကိုယ်​တိုင်​လည်း​သွား​ချိုး​ခြင်း​ခံ​ရ​မည်။ သူ တစ်​ပါး​အား​ထိ​ခိုက်​နာ​ကျင်​စေ​သည့်​ပ​မာ ဏ​အ​တိုင်း​ကိုယ်​တိုင်​ခံ​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 အ​ရိုး​ကို​ချိုး​သည်​အ​တွက် အ​ရိုး​ချိုး​ခြင်း​ကို​လည်း​ကောင်း၊ မျက်​စိ​ကို​ဖျက်​သည်​အ​တွက်၊ မျက်​စိ​ဖျက်​ခြင်း​ကို​လည်း​ကောင်း၊ သွား​ကို​ချိုး​သည်​အ​တွက်၊ သွား​ချိုး​ခြင်း​ကို​လည်း​ကောင်း၊ သူ့​ကို နာ​ကျင်​စွာ​ပြု​သည်​အ​တိုင်း၊ ကိုယ်​တိုင်​နာ​ကျင်​စွာ​ခံ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 24:20
5 ပူးပေါင်းရင်းမြစ်များ  

တစ်စုံတစ်ယောက်​သည် မိမိ​အိမ်နီးချင်း​ကို အနာတရ​ဖြစ်​စေ​လျှင် ထို​သူ​သည် မိမိ​ပြု​သည့်​အတိုင်း ပြန်​ခံရ​မည်​။


‘မျက်စိ​အစား မျက်စိ၊ သွား​အစား သွား’ ဟု ပြော​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။


သင်​သည် သူ့​ကို မ​သနား​ရ​။ အသက်​အတွက် အသက်​၊ မျက်စိ​အတွက် မျက်စိ​၊ သွား​အတွက် သွား​၊ လက်​အတွက် လက်​၊ ခြေ​အတွက် ခြေ သူ့​ကို ပြန်​ခံ​စေ​ရ​မည်​။


ထိုအခါ အဒေါနိဗေဇက်​မင်းကြီး​က “​ငါ​သည် ဘုရင်​အပါး​ခုနစ်ဆယ်​တို့​၏​ခြေမ​၊ လက်မ​ကို​ဖြတ်​၍ ငါ့​စားပွဲ​အောက်​၌​စားနုပ်စားပေါက်​တို့​ကို​ကောက်စား​စေ​ခဲ့​၏​။ ဘုရားသခင်​သည် ငါ​ပြု​ခဲ့​သည့်​အတိုင်း ငါ့​အား​ပြန်ပြု​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။ သူ​တို့​သည် အဒေါနိဗေဇက်​မင်းကြီး​ကို ဂျေရုဆလင်​မြို့​သို့​ခေါ်ဆောင်​သွား​ပြီး ထို​မြို့​၌ပင် သူ​သေ​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ