ဒါဝိဒ်ကလည်း “ ‘ထာဝရဘုရား ဘိသိက်ပေးတော်မူသောရှင်ဘုရင်ကို အကျွန်ုပ်သတ်လေပြီ’ဟု သင့်နှုတ်မှ ဝန်ခံသောကြောင့် လူသတ်သောအပြစ်ကို သင်ပြန်ခံရပြီ”ဟု ဆို၏။
ဝတ်ပြု 20:9 - မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ယောက်သည် ကိုယ့်မိဘကို ကျိန်ဆဲလျှင် သူသည် မုချအသတ်ခံရမည်။ သူသည် မိဘကို ကျိန်ဆဲသောကြောင့် သူ၏သွေးသည် သူ့အပေါ်၌ ကျရောက်မည်။ Common Language Bible ထာဝရဘုရားသည် အောက်ပါပညတ်များကိုပြဋ္ဌာန်းပေးတော်မူ၏။ မိမိ၏မိဘတို့ကိုကျိန်ဆဲသောသူအားသေဒဏ်စီရင်ရမည်။ သူသည်မိဘကိုကျိန်ဆဲသောကြောင့်သေဒဏ်ကိုခံထိုက်၏။ Garrad Bible မိ ဘ ကို ဆဲ ဆို သူ တိုင်း မု ချ သေ ဒဏ် ခံ စေ။ မိ ဘ ကို ဆဲ ဆို သော ကြောင့် ချင့် အ သွေး သည် ချင့် အ ပေါ်၌ တည် ၏။ Judson Bible မိဘကိုကျိန်ဆဲသောသူတိုင်း အသေသတ်ခြင်းကို အမှန်ခံရမည်။ မိဘကို ကျိန်ဆဲသောကြောင့် သေထိုက်သောအပြစ်ရှိ၏။ |
ဒါဝိဒ်ကလည်း “ ‘ထာဝရဘုရား ဘိသိက်ပေးတော်မူသောရှင်ဘုရင်ကို အကျွန်ုပ်သတ်လေပြီ’ဟု သင့်နှုတ်မှ ဝန်ခံသောကြောင့် လူသတ်သောအပြစ်ကို သင်ပြန်ခံရပြီ”ဟု ဆို၏။
သူသည် သူ့ထက်ပို၍ဖြောင့်မတ်မှန်ကန်သူနှစ်ဦးဖြစ်သော အစ္စရေးစစ်သူကြီး နေရ၏သားအာဗနာနှင့် ယုဒစစ်သူကြီး ယေသာ၏သားအာမသတို့ကို ငါ့ခမည်းတော်ဒါဝိဒ်မင်းကြီး မသိဘဲ ဓားနှင့်သတ်ခဲ့၏။ ဤသို့ လူအသက်သတ်သောအပြစ်ကို ထာဝရဘုရားသည် သူ့ခေါင်းပေါ်သို့ ရောက်စေတော်မူမည်။
မိမိ၏မိခင်နှင့်ဖခင်တို့ကို ကျိန်ဆဲသောသူ၏မီးခွက်သည် မှောင်မည်းသောအမှောင်ထဲတွင် ငြိမ်းသွားလိမ့်မည်။
ဖခင်ကိုပြက်ရယ်ပြု၍ မိခင်အားနာခံခြင်းကို မထီမဲ့မြင်ပြုတတ်သောမျက်စိကို လျှိုမြောင်၌ရှိသောကျီးကန်းတို့သည် ဖောက်ထုတ်၍ လင်းတ၏သားပေါက်တို့သည် စားကြလိမ့်မည်။
အတိုးဖြင့်ချေးငှား၍အမြတ်ယူခြင်း စသည့် အမှုတစ်စုံတစ်ခုကိုပြုလျှင် သူသည် အသက်ချမ်းသာရာရမည်မဟုတ်။ ထိုသို့သောစက်ဆုပ်ရွံရှာဖွယ်ဟူသမျှတို့ကိုပြုသောကြောင့် သူသည် မုချသေရမည်။ သူ၏သွေးသည် သူ့အပေါ်ကျရောက်မည်။
မိဘကို မထီလေးစားပြုသောသူများ သင့်တွင်ရှိ၏။ တိုင်းတစ်ပါးသားတို့ကို ဖိနှိပ်ချုပ်ချယ်သောသူများ သင့်တွင်ရှိ၏။ ဖတဆိုးများ၊ မုဆိုးမများကို နိုင်ထက်စီးနင်းပြုသောသူများသင့်တွင်ရှိ၏။
မိန်းမသည် တိရစ္ဆာန်တစ်ကောင်ကောင်ထံသို့ချဉ်းကပ်၍ မိတ်လိုက်ခြင်းကိုပြုလျှင် ထိုမိန်းမနှင့်တကွ တိရစ္ဆာန်ကိုပါ သတ်ရမည်။ သူတို့သည် မုချအသတ်ခံရမည်။ သူတို့၏သွေးသည် သူတို့အပေါ်၌ ကျရောက်မည်။
ယောက်ျားထဲတွင်ဖြစ်စေ၊ မိန်းမထဲတွင်ဖြစ်စေ နတ်ဝင်သည်၊ သို့မဟုတ် နတ်ထိန်းရှိလျှင် မုချအသတ်ခံရမည်။ ထိုသို့သောသူတို့ကို ခဲနှင့်ပေါက်သတ်ရမည်။ သူတို့၏သွေးသည် သူတို့အပေါ်၌ ကျရောက်မည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
အကြောင်းမူကား ဘုရားသခင်က ‘မိခင်နှင့်ဖခင်တို့ကိုရိုသေလော့။ မိခင်၊ သို့မဟုတ် ဖခင်ကို ပုတ်ခတ်ပြောဆိုသောသူသည် သေဒဏ်ကျခံစေ’ဟု မိန့်တော်မူခဲ့၏။
လူအပေါင်းတို့ကလည်း “သူ၏သွေးသည် ငါတို့နှင့်ငါတို့၏သားသမီးများအပေါ် ကျရောက်ပါစေ”ဟု ပြန်ပြောကြ၏။
အကြောင်းမူကား မောရှေက ‘သင်၏ဖခင်နှင့်မိခင်တို့ကို ရိုသေလော့။ ဖခင်၊ သို့မဟုတ် မိခင်ကို ပုတ်ခတ်ပြောဆိုသောသူသည် သေဒဏ်ကျခံစေ’ဟု ဆိုထား၏။
‘မိမိ၏မိဘကို မထီလေးစားပြုသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
သင့်အိမ်အပြင်ဘက် လမ်းပေါ်သို့ထွက်သွားသောသူ မည်သူမဆို သူ့သွေးသည် သူ့ခေါင်းပေါ်၌တည်စေ။ ငါတို့၌အပြစ်မရှိ။ သင့်အိမ်ထဲ၌ရှိသောသူ တစ်စုံတစ်ယောက်ကို ငါတို့လက်လွန်မိလျှင် သူ့သွေးသည် ငါတို့ခေါင်းပေါ်တည်စေ။
ယေရုဗ္ဗာလ၏သားအယောက်ခုနစ်ဆယ်ကို ရက်ရက်စက်စက်သတ်ဖြတ်ကြသောအမှုကြောင့် ပြန်ပေးဆပ်ရမည့်သွေးကြွေးသည် ညီအစ်ကိုတို့အား သတ်သောအဘိမလက်နှင့် ထိုညီအစ်ကိုတို့အား သတ်သောအမှု၌ ကူညီပေးသောရှေခင်မြို့သားတို့အပေါ်သို့ ကျရောက်ခြင်းဖြစ်၏။