ဝတ်ပြု 20:9 - Common Language Bible9 ထာဝရဘုရားသည် အောက်ပါပညတ်များကိုပြဋ္ဌာန်းပေးတော်မူ၏။ မိမိ၏မိဘတို့ကိုကျိန်ဆဲသောသူအားသေဒဏ်စီရင်ရမည်။ သူသည်မိဘကိုကျိန်ဆဲသောကြောင့်သေဒဏ်ကိုခံထိုက်၏။ အခန်းကိုကြည့်ပါ။Garrad Bible9 မိ ဘ ကို ဆဲ ဆို သူ တိုင်း မု ချ သေ ဒဏ် ခံ စေ။ မိ ဘ ကို ဆဲ ဆို သော ကြောင့် ချင့် အ သွေး သည် ချင့် အ ပေါ်၌ တည် ၏။ အခန်းကိုကြည့်ပါ။Judson Bible9 မိဘကိုကျိန်ဆဲသောသူတိုင်း အသေသတ်ခြင်းကို အမှန်ခံရမည်။ မိဘကို ကျိန်ဆဲသောကြောင့် သေထိုက်သောအပြစ်ရှိ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 တစ်စုံတစ်ယောက်သည် ကိုယ့်မိဘကို ကျိန်ဆဲလျှင် သူသည် မုချအသတ်ခံရမည်။ သူသည် မိဘကို ကျိန်ဆဲသောကြောင့် သူ၏သွေးသည် သူ့အပေါ်၌ ကျရောက်မည်။ အခန်းကိုကြည့်ပါ။ |
ငါ၏ခမည်းတော်မသိဘဲကူးလွန်ခဲ့သည့် လူသတ်မှုများအတွက် ထာဝရဘုရားသည် ယွာဘအားအပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။ ယွာဘသည်မိမိထက်သာလွန်ကောင်းမြတ် သည့်ဣသရေလတပ်မတော်ဗိုလ်ချုပ်အာဗနာ နှင့်ယုဒတပ်မတော်ဗိုလ်ချုပ်အာမသတည်း ဟူသောအပြစ်မဲ့သူနှစ်ဦးအားသတ်ဖြတ် ခဲ့ပေသည်။-