Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သုတ္တံကျမ်း။ 20:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 မိမိ​၏​မိခင်​နှင့်​ဖခင်​တို့​ကို ကျိန်ဆဲ​သော​သူ​၏​မီးခွက်​သည် မှောင်မည်း​သော​အမှောင်​ထဲတွင် ငြိမ်း​သွား​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 အကြင်သူသည် မိဘကို ကျိန်ဆဲ၏။ ထိုသူ၏ မီးခွက်သည် ထူထပ်သော မှောင်မိုက်၌ သေလိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 အ ကြင် သူ သည်၊ အ ဘ ကို သော်လည်း‌ ကောင်း၊ အ မိ ကို သော်လည်း‌ ကောင်း၊ ဆဲ ဆို အံ့။ ထို သူ၏ မီး ခွက် သည် မှောင် မိုက် အ တိ၌ ငြိမ်း လ တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 အ​ကြင်​သူ​သည် မိ​ဘ​ကို​ကျိန်​ဆဲ၏။ ထို​သူ၏​မီး​ခွက်​သည် ထူ​ထပ်​သော မှောင်​မိုက်၌ သေ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




သုတ္တံကျမ်း။ 20:20
16 ပူးပေါင်းရင်းမြစ်များ  

သူ​သည် အလင်း​မှ​အမှောင်​ထဲသို့ မောင်းထုတ်​ခြင်း​ခံရ​မည်​။ ကမ္ဘာလောက​မှ နှင်ထုတ်​ခြင်း​ခံရ​မည်​။


သင်​၏​မိဘ​ကို​ရိုသေ​လော့​။ ထိုသို့​ပြု​လျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေးသနား​တော်မူ​သော​ပြည်​၌ သင်​သည် အသက်​ရှည်​လိမ့်မည်​။


ကိုယ့်​မိဘ​ကို ကျိန်ဆဲ​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​။


ဖြောင့်မတ်​သော​သူ​တို့​၏​အလင်း​သည် ထွန်းလင်းတောက်ပ​လိမ့်မည်​။ ဆိုးယုတ်​သော​သူ​တို့​၏​မီးခွက်​မူကား ငြိမ်း​လိမ့်မည်​။


အစ​၌ အလျင်စလို​ရယူ​သော​အမွေ​သည် အဆုံး​၌ ကောင်းချီးမင်္ဂလာ မ​ဖြစ်​ပေ​။


အကြောင်းမူကား ဆိုးညစ်​သော​သူ​တို့​အတွက် အနာဂတ်​မ​ရှိ​။ ဆိုးယုတ်​သော​သူ​တို့​၏​မီးခွက်​သည် ငြိမ်း​သွား​လိမ့်မည်​။


မိမိ​၏​ဖခင်​ကို​ကျိန်ဆဲ​၍ မိမိ​၏​မိခင်​ကို ကောင်းချီး​မ​ပေး​သော​သူ​များ​ရှိ​၏​။


ဖခင်​ကို​ပြက်ရယ်ပြု​၍ မိခင်​အား​နာခံ​ခြင်း​ကို မထီမဲ့မြင်ပြု​တတ်​သော​မျက်စိ​ကို လျှိုမြောင်​၌​ရှိ​သော​ကျီးကန်း​တို့​သည် ဖောက်ထုတ်​၍ လင်းတ​၏​သားပေါက်​တို့​သည် စား​ကြ​လိမ့်မည်​။


တစ်စုံတစ်ယောက်​သည် ကိုယ့်​မိဘ​ကို ကျိန်ဆဲ​လျှင် သူ​သည် မုချ​အသတ်​ခံရ​မည်​။ သူ​သည် မိဘ​ကို ကျိန်ဆဲ​သောကြောင့် သူ​၏​သွေး​သည် သူ့​အပေါ်​၌ ကျရောက်​မည်​။


အကြောင်းမူကား ဘုရားသခင်​က ‘မိခင်​နှင့်​ဖခင်​တို့​ကို​ရိုသေ​လော့။ မိခင်​၊ သို့မဟုတ် ဖခင်​ကို ပုတ်ခတ်​ပြောဆို​သော​သူ​သည် သေဒဏ်​ကျခံ​စေ’ဟု မိန့်​တော်မူ​ခဲ့​၏။


ထိုအခါ ဘုရင်​က ‘ထို​သူ​၏​ခြေ​နှင့်​လက်​တို့​ကို​ချည်နှောင်​၍ သူ့​ကို အပြင်​ဘက်​အမှောင်​ထဲသို့ နှင်ထုတ်​ကြ​လော့။ ထို​နေရာ​၌ ငိုကြွေး​ခြင်း​နှင့်​အံကြိတ်​ခြင်း​ရှိ​လိမ့်မည်’​ဟု အစေခံ​တို့​အား မိန့်​တော်မူ​၏။


ထိုအခါ မိုက်မဲ​သော​သူ​တို့​က ‘ငါ​တို့​မီးခွက်​များ​မီး​ငြိမ်း​တော့မည်​ဖြစ်၍ သင်​တို့​၏​ဆီ​အချို့​ကို ငါ​တို့​အား​ပေး​ကြ​ပါ’​ဟု ပညာ​သတိ​ရှိ​သော​သူ​တို့​ကို​ပြော​ကြ​၏။


‘​မိမိ​၏​မိဘ​ကို မထီလေးစား​ပြု​သော​သူ​သည် ကျိန်ဆဲ​ခြင်း​ခံရ​မည်​’​ဟု ဆို​လျှင် လူ​အပေါင်း​တို့​က ‘​အာမင်​’​ဟု ဆို​ရ​မည်​။


မိမိ​တို့​အရှက်​ကို အမြှုပ်​ကဲ့သို့​ပေါ်​စေ​သည့် ပြင်းထန်​သော​ပင်လယ်​လှိုင်းတံပိုး​များ၊ လှည့်လည်​သွားလာ​သော ကြယ်​များ​ဖြစ်​ကြ​၏။ သူ​တို့​အတွက် မှောင်မည်း​သော​အမှောင်​ကို ထာဝရ​ထိန်းသိမ်း​ထား​လျက်​ရှိ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ