ထိုဆီမျိုးဖော်စပ်သောသူ၊ မဆိုင်သောသူအား ထိုဆီကိုလိမ်းပေးသောသူမည်သူမဆို မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
ဝတ်ပြု 20:18 - မြန်မာ့စံမီသမ္မာကျမ်း ယောက်ျားသည် ဓမ္မတာလာနေသောမိန်းမနှင့်အိပ်၍ ဆက်ဆံခြင်းကိုပြုလျှင် ထိုသူသည် မိန်းမ၏သွေးသွန်ခြင်းကိုဖော်၍ မိန်းမသည်လည်း မိမိ၏သွေးသွန်ခြင်းကိုပေါ်စေသောကြောင့် သူတို့နှစ်ဦးစလုံးသည် မိမိတို့၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။ Common Language Bible တစ်စုံတစ်ယောက်သည်ရာသီသွေးပေါ်လျက်ရှိသောမိန်းမနှင့်ကာမစပ်ယှက်လျှင် သူတို့နှစ်ဦးသည်သန့်စင်မှုဆိုင်ရာပညတ်ကိုချိုးဖောက်သဖြင့်ဣသရေလအမျိုးမှနှင်ထုတ်ရမည်။- Garrad Bible လူ တစ် ဦး တစ် ယောက် သည် ရာ သီ ရောက် ရာ ကာ လ အ တွင်း မိန်း မ နှင့် ဆက် ဆံ လျှင် ထို ကာ လ အိပ် စက် ကြ သော ကြောင့် အ မျိုး ဘောင် မှ နှစ် ဦး လုံး ပယ် ရှား ခံ ကြ စေ။ Judson Bible ယောက်ျားသည် ဥတုရောက်လျက်ရှိသောမိန်းမနှင့် သင့်နေလျှင်၊ ထိုသူတို့သည် သဘောတူ၍ သွေးသွန်အနာကိုထင်ရှားစေသောကြောင့်၊ သူတို့အမျိုးမှ ပယ်ရှင်းခြင်းကိုခံရကြမည်။ |
ထိုဆီမျိုးဖော်စပ်သောသူ၊ မဆိုင်သောသူအား ထိုဆီကိုလိမ်းပေးသောသူမည်သူမဆို မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
တောင်များပေါ်တွင်ပူဇော်သောအစာကို မစား၊ အစ္စရေးအမျိုးအနွယ်၏ရုပ်တုတို့ကို မကိုးကွယ်၊ မိမိအိမ်နီးချင်း၏မယားကို မပြစ်မှား၊ ဓမ္မတာလာသောမိန်းမထံ မချဉ်းကပ်၊
သင့်ထဲတွင် ဖခင်၏မယားနှင့် ဆက်ဆံသောသူရှိ၏။ သင့်ထဲတွင် ဓမ္မတာလာချိန်မစင်ကြယ်သောမိန်းမကို အဓမ္မပြုကျင့်သောသူရှိ၏။
“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ မိန်းမသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလျှင် သူသည် ဓမ္မတာလာသောအခါ မစင်ကြယ်သကဲ့သို့ ခုနစ်ရက်ပတ်လုံး မစင်ကြယ်။
ယောက်ျားသည် သူနှင့်အိပ်၍ ထိုယောက်ျားသည် ဓမ္မတာသွေးစွန်းသွားလျှင် ခုနစ်ရက်ပတ်လုံးမစင်မကြယ်ဖြစ်၏။ ထိုယောက်ျားအိပ်သည့် အိပ်ရာတိုင်း မစင်မကြယ်ဖြစ်၏။