ဝတ်ပြု 12:2 - မြန်မာ့စံမီသမ္မာကျမ်း2 “အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ မိန်းမသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလျှင် သူသည် ဓမ္မတာလာသောအခါ မစင်ကြယ်သကဲ့သို့ ခုနစ်ရက်ပတ်လုံး မစင်ကြယ်။ အခန်းကိုကြည့်ပါ။Judson Bible2 မိန်းမသည်ပဋိသန္ဓေယူ၍ သားယောက်ျားကိုဖွားမြင်ပြီးလျှင်၊ ဥတုရောက်၍ ခုနစ်ရက်မစင်ကြယ်သကဲ့သို့ ခုနစ်ရက်မစင်ကြယ်နေရမည်။ အခန်းကိုကြည့်ပါ။ |
ထို့နောက် ဘုရားသခင်သည် သူတို့ကိုကောင်းချီးပေးတော်မူ၏။ ဘုရားသခင်က “များစွာမွေးဖွား၍ တိုးပွားကြလော့။ မြေကြီးကိုပြည့်စေ၍ ၎င်းကိုနိုင်နင်းကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ မြေကြီးပေါ်မှာ လှုပ်ရှားသွားလာတတ်သော သက်ရှိသတ္တဝါအပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့”ဟု သူတို့အား မိန့်တော်မူ၏။